Latest News

Monday, April 30, 2018

ဂျပန်နှင့် ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပရန် အဆင်သင့်ဟု မြောက်ကိုရီးယား ပြောကြား

ဂျပန်နှင့် ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပရန် အဆင်သင့်ဟု မြောက်ကိုရီးယား ပြောကြား

ဆိုးလ်  ဧပြီ  ၂၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းသည်  ဂျပန်နှင့်  ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပသွားရန် အသင့်ပင် ဖြစ်ကြောင်း သောကြာနေ့က တောင်ကို  ရီးယားသမ္မတ မွန်ဂျယ်အင်းသို့ ပြော ကြားလိုက်ကြောင်း   တောင်ကိုရီးယား သမ္မတရုံးက ဖော်ပြခဲ့သည်။

သမ္မတမွန်သည်  သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးနှင့်   ပတ်သက်၍ အကျဉ်းချုပ်ပြောဆိုရန် တနင်္ဂနွေနေ့တွင် ဂျပန်ဝန်ကြီးချုပ်     ရှင်ဇိုအာဘေးနှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။

သမ္မတရုံးက     ဖော်ပြခဲ့သည်မှာ ဂျပန်ဝန်ကြီးချုပ်   ရှင်ဇိုအာဘေးသည် မြောက်ကိုရီးယားနှင့်  ဆွေးနွေးပွဲများ ကျင်းပရန်၊   သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ဆွေး နွေးအဖြေရှာရန်နှင့်  မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန်အရ ဆက်ဆံမှုကို ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး  ကြိုးပမ်းဆောင်ရွက်ရန်  အဆင်သင့်ပင် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ  မွန်ဂျယ်အင်းက   မြောက်ကိုရီးယား ခေါင်းဆောင်  ကင်ဂျုံအန်းသို့  ပြော ကြားခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပြောဆိုမှုကို ခေါင်းဆောင်  ကင်က  မြောက်ကိုရီးယားအနေဖြင့် လည်း   မည်သည့်အချိန်တွင်မဆို     ဂျပန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်သွား ရန်  အသင့်ပင်ဖြစ်ကြောင်း  တုံ့ပြန် ပြောဆိုခဲ့သည်ဟု  သမ္မတရုံးဖော်ပြ ချက်တွင် ပါရှိသည်။

မွန်သည်   အဆိုပါအကြောင်း အရာကို  အာဘေးသို့  ပြောပြခဲ့ပြီး  ၄င်းအနေဖြင့် ဂျပန်နှင့် မြောက်ကိုရီး ယားတို့အကြားတွင် ပေါင်းကူးတံတား တစ်ခုသဖွယ်   ဆောင်ရွက်ရမည်ကို  ဝမ်းမြောက်     ပျော်ရွှင်လိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ သောကြာ နေ့က ကျင်းပသည့် ထိပ်သီးအစည်း အဝေးတွင်  သမ္မတမွန်ဂျယ်အင်းသည်  ဆယ်စုနှစ်များအကြာက မြောက်ကိုရီး ယားအေးဂျင့်များ၏ ပြန်ပေးဆွဲခေါ် ဆောင်သွားခြင်းခံရသည့် ဂျပန်နိုင်ငံ သားများကိစ္စကို ထည့်သွင်းပြောဆိုခဲ့ ကြောင်း သိရသည်။

အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ(မြန်​မာ့အလင်း)

No comments:

Post a Comment