ရန်ကုန် ဧပြီ ၂၁
ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ သမိုင်းဘူတာရုံ ရထားလမ်းဘေး ပျံကျဈေးသည် များနှင့် ရထားစီးခရီးသည်များ အန္တရာယ်ကင်းဝေးစေရန်၊ ဆောက်လုပ် ထားသောဈေးသစ်သို့ ပြောင်းရွှေ့ ပေးနိုင်ရန် ဧပြီ ၂၃ ရက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့ မီးရထားတိုင်း(၇) ရန်ကုန်ခရီးသည်ပို့ဆောင်ရေးဌာနတို့ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသမိုင်းဘူတာ ရထားလမ်းဘေး ပေါ်မှ ပျံကျဈေးသည်များ ပြောင်းရွှေ့ နေရာချပေးနိုင်ရန် သမိုင်းဘူတာနှင့် အင်းစိန်ဘူတာဘက်ခြမ်းရှိ ခုံးကျော် တံတားကြား ပေ ၂ဝဝ အကွာတွင် တည်ရှိသည့် ရထားပိုင် မြေဧရိယာ ပေ ၄၅ဝ နှင့် ပေ ၇ဝ ကျော် အကျယ် အဝန်းနေရာအား သမိုင်းဘူတာ ဈေးသစ်တည်ဆောက်ရန် ၂ဝ၁၇ ခုနှစ်ကွ.၃-ွမသကစ ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ရွေးချယ်ဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
''ယခုဈေးတည်ဆောက်ထားသော နေရာက အမှိုက်ပုံနေရာဆိုတော့ အောက်ခံမြေသား ပျော့တယ်၊ ဈေးရောင်းချသူတွေနဲ့ ဈေးဝယ်သူတွေ စိတ်ချမ်းမြေ့စွာ သွားလာဝယ်ယူ နိုင်ရန် မီးရထားသံလမ်းတိုင် အမာခံ စိုက်ထူပြီး စံချိန်စံညွှန်းမီ ကြာရှည်ခံ နိုင်အောင် ကွန်ကရစ်ဆိုင်ခန်း၊ ကွန်ကရစ်လမ်းများလည်း ခင်းပေး ထားပါတယ်''ဟု ဆောက်လုပ်ရေး အဖွဲ့ထံမှ သိရသည်။
ဒီလို ဘူတာပလက်ဖောင်းပေါ်က ပျံကျဈေးသည်တွေ ရထားသံလမ်းနှင့် အလှမ်းဝေးတဲ့ ရထားပိုင်မြေပေါ်မှာသန့်ရှင်းသပ်ရပ်သော ကွန်ကရစ် ဆိုင်ခန်း၊ ကွန်ကရစ်လမ်း ခင်းပေး ထားသော သမိုင်းဘူတာဈေးမှာ ရောင်းသူ၊ ဝယ်သူများ ခိုက်ရန်ဖြစ်ခြင်း နှင့် မတော်တဆအန္တရာယ်ကိုလည်းကြိုတင်ကာကွယ်ရာ အကောင်းဘက် ဦးတည်ဆောင်ရွက် ပေးထားတာ ဖြစ်သည့်အတွက် ရထားစီးခရီးသွား၊ ပျံကျဈေးသည်၊ ဈေးဝယ်သူများ စိတ်ချမ်းမြေ့စွာ သွားလိုသောခရီး ဘေးကင်းပြီး ဝယ်ယူမည့်ပစ္စည်း လွယ်လင့်တကူဖြစ်သည်ကို တွေ့ရ ကြောင်း နေ့စဉ်ရထားစီးခရီးသည် ဦးကျော်မောင်က ပြောသည်။
ထွန်းဝင်း(The Mirro Daily)
No comments:
Post a Comment