Latest News

Saturday, April 21, 2018

ပုသိမ်တွင် ငါးခြောက် ကုန်ချိန် ယခင်နှစ်ထက်လျော့နည်း

ပုသိမ်တွင် ငါးခြောက် ကုန်ချိန်  ယခင်နှစ်ထက်လျော့နည်း


ပုသိမ် ဧပြီ၂၂ရက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးခြောက်ကုန်ချိန်အများဆုံးရောက်ရှိသည့် ပုသိမ် ဖျာပုံ ဟိုင်းကြီး ဖြစ်ရာ ပုသိမ်တွင် ငါးခြောက် ကုန်ပစ္စည်း အဝင် ကုန်ချိန်  ယခင်နှစ်ထက် လျော့နည်းနေကြောင်းပုသိမ် မြို့ရှိ ဦးသန်းစိန် ငါးခြောက်ပွဲရုံထံမှသတင်းရ ရှိသည်

ရာသီဥတု၏အခြေအနေအလိုက် ငါးခြောက် ကုန်ပစ္စည်း အနည်းအများ ပြောင်းလဲနေတာဖြစ်ပြီး တရားမဝင် ငါးဖမ်းသဘောင်္ာများအား ဖမ်းဆီးမူ့များ ထိရောက်လာသည့်အတွက်  ငါးဖမ်းသဘောင်္တစ်ချို့ရပ်ထားပြီး ငါးခြောက်ထွက်ကုန်များ လျော့နည်းလာခြင်းဖြစ်ကြောင်းပုသိမ် မြို့မဈေးရှိ ငါးခြောက် ရောင်းသူ ဈေးသည်တစ်ဦးထံမှ သိရသည်

"မိုးနောက်ကျရင်ငါးခြောက် ထွက်ချိန်နောက်ကျတယ်  ပုံမှန်ဆို ၉လပိုင်းက ငါးခြောက် ရာသီပဲပေါ့ ခုနှစ်ဆို ၁၂လပိုင်းကျော်ထိမိုးရွာနေတော့ ငါးခြောက်လုပ်ငန်းလုပ်လို့မရဘူး တစ်လနှစ်လကွာတာနဲ့ကုန်ချိန်ပါ သိသာတာပေါ့ အရောင်းအဝယ်လောကမှာ ကုန်ချိန်နည်းလာပြီဆိုဈေးနှူန်းလဲကွာသင့်သလောက်ကွာသွားတယ် "ဟု ပုသိမ် မြို့မဈေးရှိ ဦးသန်းစိန် ငါးခြောက်ပွဲရုံမှ ငါးခြောက်လုပ်ငန်းရှင် ဦးအောင်သန်းရွှေက တိုင်းဧရာကိုပြောသည်

အနောက်ဘက်ကမ်းခြေက ငါးခြောက်တွေက ပုသိမ်ကိုတိုက်ရိုက်လာလေ့ရှိပြီး တစ်ချို့တွေကရန်ကုန်ကို့ပို့လေ့ရှိကြောင်း နောက်လကစပြီးငါးခြောက်လုပ်ငန်းပြီးဆုံးချိန်ရောက်ပြီမို့ တစ်ချို့ ငါးခြောက်ပွဲစားများက ငါးခြောက်တွေသိုထားလေ့ရှိကြောင်း ယခုနှစ်ငါးခြောက် ကုန်ချိန်လျော့နည်းလို့တချို့ငါးခြောက်ဆိုင်တွေလုပ်ငန်းရပ်ဆိုင်းထားတာရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်

"ဈေးကမြင့်သွားတယ် အရင်က ထက် ထက်ဝက်နီးပါးလောက်ကွာသွားတယ်  ပြန်ရောင်းတော့ နှစ်ထောင်လောက် အမြတ်ယူရောင်းကတာပေါ့ ပုဇွန်ခြောက်ကထက်ဝက်လောက်မကွာပေမဲ့ အရင်၂၅၀၀၀ဆို ခု ၂၉၀၀၀လောက်ဝယ်ကတယ် ကုန်ချိန် လျော့သွားလို့တချို့ ငါးခြောက်ဆိုင်တွေ ရပ်လိုက်ကပြီ"ဟု ပုသိမ်မြို့မဈေးရှိ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် မစုမြတ်မွန် ကတိုင်းဧရာကိုပြောသည်

ယခင်နှစ်ထက် ငါးခြောက်ကုန်ချိန်လျော့နည်းသွားခြင်းကြောင့် ပုသိမ်မြိုံမဈေးရှိ ငါးခြောက် ဆိုင်တစ်ချို့  ရပ်ဆိုင်းထားပြီးအထည်လုပ်ငန်းဘက်သို့ ကူးပြောင်းလုပ်ကိုင်နေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်

မေ ၁၅မှ သြဂုတ် ၁၆ရက်နေ့အထိ ငါးဖမ်းသဘောင်္များရပ်ဆိုင်းထားမည် ဖြစ်ကြောင်းသတင်းရ ရှိသည်

သတင်း-ဓာတ်ပုံ =ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment