Latest News

Tuesday, April 24, 2018

ပရိတ်သတ်ရှေ့ တစ်ကျော့ပြန် ထက်ထက်မိုးဦး

ပရိတ်သတ်ရှေ့ တစ်ကျော့ပြန် ထက်ထက်မိုးဦး

အနုပညာလောကကို   ၁၉၉၂ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး     မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၉၆ ခုနှစ်က   ''ပန်းသခင်''   ရုပ်ရှင်ဇာတ်ကားကြီးနှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို    ဆွတ်ခူး ခဲ့သည်။ ယင်းနောက် ''သမီးမိုက်''ရုပ်ရှင် ဇာတ်ကားဖြင့်လည်း ဒုတိယအကြိမ်မြောက်          အကောင်းဆုံး         ဇာတ်ဆောင်ဆုကို  ထပ်မံဆွတ်ခူးခဲ့ပြီး  ကြော်ငြာပေါင်း ၁ဝဝဝ   ကျော်နှင့်  ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့သူဖြစ်ပြီး    ပြည်သူချစ်သော   အနုပညာရှင်တစ်ယောက်အဖြစ်   နှစ်ပေါင်း များစွာ ခံယူခဲ့သူလည်းဖြစ်သည်။ ဘဝ၏ အနိမ့်အမြင့်    လောကဓံတရားမျိုးစုံကို ရင်ဆိုင်ခဲ့ပြီး အချစ်ရေးတွင်     ကံမကောင်း ခဲ့သူဟု ပရိသတ်များ၏ သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

''အရင်ကတော့ တရားသဘောအရ အဖြစ်အပျက်တွေကို သိပ်ပြီး နားမလည်ခဲ့တာတော့ အမှန်ပါပဲ၊ သိစိတ်ကြောင့် အမှန်တရားတွေ လုပ်ခဲ့သလို၊ထက်ထက်ဘဝမှာ မသိစိတ်ကြောင့် အမှားတွေလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်၊  အထူးသဖြင့်   မီဒီယာတွေနဲ့ပေါ့၊ အမှားတွေလုပ်ခဲ့တာရှိလို့ရှိရင် ခွင့်လွှတ်ပါလို့ ထက် တောင်းဆိုပါတယ်၊ ကိုယ့်အပေါ် မေးတဲ့မေးခွန်းတိုင်းအပေါ် ခံစားချက်ကြောင့် စိတ်အလိုကို လိုက်ခဲ့မိတယ်၊ ဘဝမှာ  နောင်တရတာမျိုး ဆိုတာတော့ မရှိပါဘူး၊  မှားတာတွေလည်းရှိသလို   မှန်တာတွေလည်းရှိခဲ့တာကို၊   ကိုယ့်အပေါ်ကို  ကောင်းခဲ့ကြတဲ့သူတွေအားလုံးရော၊   အနုပညာအလုပ် လုပ်ကတည်းက   ကိုယ့်အပေါ်စောင့်ရှောက်ခဲ့တဲ့  ဆရာသမားတွေအားလုံး  ကျေးဇူးမမေ့ပါဘူး''ဟု ထက်ထက်မိုးဦးက ပြောသည်။
ထက်ထက်မိုးဦးသည် ယခုလ ၂၁ ရက်တွင် ရုံတင်ပြသခဲ့သည့်  စိန်ဌေးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး မှထုတ်လုပ်ရိုက်ကူးထားပြီး ဇာတ်လမ်း၊  ဇာတ်òန်း  လွင်မင်းအံ့၊   ဒါရိုက်တာကိုဇော်(အရုဏ်ဦး)  ဖန်တီးထားသော'' ရှယ်ချွေးမ''ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီများရှင် ရန်အောင်၊ စိုးမြတ်သူဇာ၊ အောင်ရဲလင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

'' ဒီကားထဲမှာ ထက်ထက်က ကိုယ့်ထက်ငယ်တဲ့ ကောင်လေးနဲ့ မထင်မှတ်ဘဲ လက်ထပ်ယူခဲ့တယ်၊ စိုးမြတ်သူဇာရဲ့  သားဖြစ်တဲ့ အောင်ရဲလင်းနဲ့ပေါ့နော်၊  စိုးမြတ်သူဇာနဲ့ ထက်ထက်နဲ့က သူငယ်ချင်းတွေ အသက်လည်းအတူတူပဲ၊ ပထမတော့ ထက်ထက်က ကိုရန်လေးကို တစ်ဖက်သတ် ချစ်ခဲ့တာပေါ့နော်၊ နောက်ဆုံး စိုးမြတ်သူဇာနဲ့ လက်ထပ်လိုက်တော့ ကိုယ့်ကကျန်ရစ်ဖြစ် ပြီး နောက်ဆုံး သူတို့ နှစ်ယောက် က မွေးတဲ့သားနဲ့ မထင်မှတ်ဘဲ လက်ထပ်ဖြစ်ခဲ့တာပေါ့၊ အစကတော့ စိုးမြတ်သူဇာက သူ့သားနဲ့ ကိုယ်နဲ့ ကြိုက်နေမှန်းမသိဘူး မြှောက်ပေးနေတာပေါ့၊ နောက်ဆုံး သူ့သားနဲ့ ယူမယ့်သူဖြစ်နေတော့ မကြည်ဖြူ တော့ဘဲ ရန်လိုနေတဲ့ ပုံစံလေးပါ၊ ဇာတ်လမ်းလေးက ဟာသဇာတ်မြူးလေးပါ''ဟု ဆိုသည် ။

ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment