Latest News

Sunday, April 22, 2018

လပွတ္တာမြို့ နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် ရေငန်တားတာများနှင့် ရေတံခါးများ တည်ဆောက်

လပွတ္တာမြို့ နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် ရေငန်တားတာများနှင့် ရေတံခါးများ တည်ဆောက်

လပွတ္တာ ဧပြီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားရှိ ကျွန်းများအား    ရေငန် ဝင်ရောက်မှုမှ  ကာကွယ်ပေးနိုင်ရန်နှင့်  မိုးစပါး သာမက နွေစပါးစိုက်ပျိုးနိုင်ရန် ရေငန်တားတာ များနှင့်  ရေတံခါးများ  တည်ဆောက်ခြင်း လုပ်ငန်း ကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျွန်းအပိုင်း ၂  (က) မှာ  လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ လယ်မြေဧက  ၇၅ဝဝ ခန့် ရေငန်ဝင်ရောက်မှုမှ တားဆီးပေးနိုင်တော့မည်ဖြစ်ကြောင်း  ဆည်        မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး (၉) မှ သိရသည်။

ရွေးမြစ်နှင့် ပြာမလော့မြစ်ကြား ရေငန်တား တာဖို့ခြင်းလုပ်ငန်းတွင် ကျွန်းအပိုင်းငါးပိုင်းရှိပြီး   စီမံကိန်း ဆောင်ရွက်ရာတွင်  ကျွန်းအပိုင်း ၁ တွင် ၁(က)၊၁ (ခ)၊ ၁(ဂ)၊ ၁(ဃ)  ဟူ၍ လည်းကောင်း၊ ကျွန်းအပိုင်း ၂   တွင်  ၂(က)နှင့် ၂(ခ) ဟူ၍ လည်းကောင်း၊ အပိုင်း ၃/၄/၅ ဟူ၍လည်း ကောင်း အပိုင်း ၁ မှ ၅ အထိ အပိုင်း ငါးပိုင်းခွဲကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေငန်တားတာ များ တည်ဆောက်ခြင်းလုပ်ငန်းကို  ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင်  စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။        
       
''ကျွန်းအပိုင်း ၅ ပိုင်းမှာ ၂(က)က တော့ ၂ဝ၁၇-၂ဝ၁၈ မှာ တာပေါင်ဖို့တာ ရာခိုင်နှုန်းပြည့် ပြီးစီးမှာဖြစ်တဲ့အတွက် လယ်မြေဧက ၇၅ဝဝ ကို ရေငန်ကာကွယ် ပြီးတော့ လယ်စပါးစိုက်ဧကတွေ တိုးချဲ့ ပြီးတော့ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်၊ ရန်ပုံငွေ ရရှိတဲ့အပေါ်မှာ  မူတည်ပြီး  ကျန်တဲ့ ကျွန်းပိုင်းတွေကို အပိုင်းလိုက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်''  ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးတင်မိုးကျော်က ပြောသည်။

ထို့ပြင်  ကျွန်းအပိုင်း ၂ (က)ပေါ်တွင် ရေတံခါး စုစုပေါင်းငါးခုဆောင်ရွက်ရ မည်ဖြစ်ရာ  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အထိ ရေတံခါး   အားလုံးဆောင်ရွက်ပြီး စီးခဲ့ပြီဖြစ်သဖြင့် နွေစပါးလယ်မြေဧက ၂၅ဝဝ ခန့်ကို ရေချိုသွင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ် ကန်ဘက်အုပ်စု ရွှေမိတ်ကျေးရွာမှ လယ်သမား ကိုလင်း လင်းက ''ရွှေမိတ်ရေတံခါးမပိတ်ခင်က စပါးစိုက်ရင် ပိုးလည်းသိပ်ကျတာ၊ ရေငန် အမြဲထိုးတော့လေ မိုးတစ်သီးပဲ စိုက်ခဲ့ တာ၊  အခု မိုးစပါး၊နွေစပါးနှစ်သီးစိုက် တယ်၊ အခုဆိုပိုးလည်းမကျတော့ဘူး၊ စီးပွားရေးအဆင်ပြေပါတယ်'' ဟု  ပြော သည်။  အဆိုပါ လပွတ္တာမြို့နယ်တွင် ဆောင်ရွက်ဆဲဖြစ်သည့်  ရွေးမြစ်နဲ့ ပြာမလော့ မြစ်ကြားတွင်  တည်ဆောက် နေသည့် ရေငန်တားတာများ  တည် ဆောက်ပြီးစီးသွားပါက  စီမံကိန်း၏  ရည်မှန်းချက်ဖြစ်သည့်   လယ်မြေဧက ၄၅ဝဝဝ ကို ရေငန်ကာကွယ်ပြီး ရေချိုရရှိ အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧရိယာ များ  တိုးတက်များပြားလာမည်ဖြစ် ကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ  လပွတ္တာမြို့နယ် အတွင်း   ရေငန်တားတာများ  တည် ဆောက်ပေးခြင်းဖြင့်  ဒေသတစ်ခုနှင့် တစ်ခုသွားလာရေး၊  ဆက်သွယ်ရေး တိုးတက်လာပြီး ဒေသခံများ၏ ကျန်းမာ ရေး၊ ပညာရေးကိစ္စများကို ဆောင်ရွက် နိုင်မည်ဖြစ်သည့်အပြင် ရေငန်ကာကွယ် ပေးနိုင်သည့် နေရာများတွင်  နွေစပါးစိုက် နိုင်ပြီး တခြားသီးနှံများလည်း တိုးချဲ့စိုက် ပျိုးလာနိုင်သည့်အတွက် လူနေမှုဘဝများ လည်း အဆင့်အတန်းမြင့်မားလာမည်ဖြစ် သည်။  တည်ဆောက်ရေး (၉) မှ  ဦးစီး အရာရှိ ဦးတင်မိုးကျော်က  ''ဒေသခံ တောင်သူတွေက နှစ်သီးကနေ သုံးသီး စိုက်လာနိုင်ရင် ဒေသမှာစက်မှုလယ်ယာ လည်းဖြစ်လာမယ်ဆိုရင် ဒီဒေသရဲ့ ဖွံ့ဖြိုး မှုက မြန်ဆန်လာမယ်၊ ဆည်မြောင်းဌာန ရဲ့ လုပ်ငန်းတွေ  အားလုံးသည်  သဘာဝ တရားကို အံတုပြီးလုပ်ရတာဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး ဂေဟစနစ်တွေ မပျက်စီးအောင် ဆောင်ရွက်တယ်၊  ပြည်သူလူထု ပိုက်ဆံနဲ့ ဆောက်တဲ့စီမံ ကိန်းတွေဟာ ပြည်သူတွေကို အကျိုးပြု တယ်လို့ ပြန်ကြားရရင် ကျွန်တော်တို့ ဌာနအနေနဲ့  ဝမ်းသာမိပါတယ်''  ဟု ပြောသည်။            

မင်းသစ်(MNA)

No comments:

Post a Comment