Latest News

Sunday, April 22, 2018

သင်္ကြန်အလွန် ရန်ကုန်မြို့တွင်း စားသောက်ဖွယ်ရာအချို့ ဈေးနှုန်းတက်လာ

သင်္ကြန်အလွန် ရန်ကုန်မြို့တွင်း စားသောက်ဖွယ်ရာအချို့ ဈေးနှုန်းတက်လာ


ရန်ကုန်   ဧပြီ   ၂၂

သင်္ကြန်ပိတ်ရက်အလွန် စားသောက်ဆိုင်အချို့  ပြန်လည်ဖွင့်လှစ်ရောင်းချ လာရာတွင် စားသောက်ဖွယ်ရာအချို့  ဈေးနှုန်းများတက်လာသည်ဟု လမ်းမတော်မြို့နယ်နေသူ ကိုမောင်က ဆိုသည်။
သင်္ကြန်အလွန်တွင် နေ့စဉ်ဝယ်ယူစားသုံးနေရသော စားသောက်ဖွယ်ရာဈေးနှုန်း များသည် တစ်ပွဲလျှင် ငွေကျပ် ၁ဝဝ၊ ၂ဝဝ စသည်ဖြင့် ဈေးတင်ရောင်းချလာသည်။  သားငါးဈေး၊  စားဖိုဆောင်ကုန်စည်ဈေးနှုန်းအများစု ဈေးတက်ခြင်းမရှိသော်လည်းရန်ကုန်မြို့တွင်းရောင်းချနေသော စားသောက်ဖွယ်ရာဈေးနှုန်းများ မြင့်တက်လာလေ့ ရှိတတ်သည်။
စားသောက်ဆိုင်ကြီးများမှ ဈေးနှုန်းမြှင့်တင်လာခြင်းနှင့်အတူ လမ်းဘေးရောင်းချ သော ဆိုင်သေးများတွင်ပါ ဈေးမြင့်တက်လာသည်။ တစ်ရက်လုပ်အားခနှုန်းထား ပြင်ဆင်ပြောင်းလဲခြင်း၊  နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်းလစာတိုးမြှင့်ပေးမည့် သတင်းများ တရားဝင်ထွက်ပေါ်လာသော ယခုလပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက် လာမည်ကို စိုးရိမ်နေကြချိန် သားငါး၊  စားဖိုဆောင်ကုန်စည်အများစု ဈေးမတက်  သော်လည်း  အများပြည်သူစားသုံးနေသော   စားသောက်ဖွယ်ရာများ   ဈေးနှုန်း စတင်မြင့်တက်လာသည်။

ရန်ကုန်မြို့တွင်း    အများပြည်သူလက်လှမ်းမီဝယ်စားနေကြသော     ခေါက်ဆွဲ၊ မုန့်ဟင်းခါးအလွတ်တစ်ပွဲလျှင်     ရောင်းအားကောင်းဆိုင်အချို့တွင် ငွေကျပ်  ၁ဝဝ ဈေးတက်လာသည်။ ၂ဝ၁၇ ခုနှစ် မတိုင်မီထက် တစ်ပွဲလျှင် ငွေကျပ် ၃ဝဝ  ဝန်းကျင် ဈေးတက်လာရာ ယခုနှစ်သင်္ကြန်အလွန်ကာလတွင် တစ်ပွဲ အကြော်မပါ ငွေကျပ် ၇ဝဝ  နှုန်း ဝယ်စားလာရသည်။

သို့သော်   မြစ်ဝကျွန်းပေါ်မြို့အချို့တွင်  ခေါက်ဆွဲ၊  မုန့်ဟင်းခါး  အလွတ်တစ်ပွဲ ငွေကျပ် ၂ဝဝ၊ ၂၅ဝ သာ   ရှိနေသေးသည်ဟု မော်ကျွန်းမြို့နေ အငြိမ်းစားဝန်ထမ်း တစ်ဦးက ဆိုသည်။
အလားတူ  ဂျုံဈေးနှုန်းပြောင်းလဲမှုနည်းသည်မှာ နှစ်အတန်ကြာနေသော်လည်း လက်ဖက်ရည်ဆိုင်များတွင် နံပြားတစ်ချပ်  ငွေကျပ်  ၂ဝဝ နှုန်း ရန်ကုန်မြို့တွင်း ဝယ်ယူစားသုံးနေရသည်။ ပစ္စည်းဖိုး ငွေကျပ် ၁ဝဝ လျှင် သယ်ယူပို့ဆောင်စရိတ်  ၁၅  ကျပ်ဝန်းကျင်ရှိသည်ဟု ဆိုသော်လည်း ရန်ကုန်မှ ဂျုံ  မှာယူအသုံးပြုနေရသော နယ်တွင် နံပြားတစ်ချပ်   ငွေကျပ် ၁ဝဝ ဖြင့်သာ ဝယ်ယူစားသုံးနေရသည်ဟု မော်ကျွန်း  ၉  လမ်းနေ ဈေးသည် တစ်ဦးက ဆိုသည်။

ဆယ်နှစ်တာကာလအတွင်း ဈေးနှုန်းများနှိုင်းယှဉ်ကြည့်ပါက အသားငါးဈေး မြင့်တက်ပြောင်းလဲခြင်းထက်  အများပြည်သူဝယ်ယူစားသုံးနေသော  စားသောက် ဖွယ်ရာဈေးနှုန်းများ မြင့်တက်ပြောင်းလဲခြင်းက ဈေးနှုန်းများနေသည်။ စားဖိုဆောင် ကုန်စည်များတွင် စားအုန်းဆီ  လက်ကားတစ်ပိဿာ     ငွေကျပ်   ၃ဝဝဝ  ဝန်းကျင်၂ဝ၁၁  နှစ်လယ်ပိုင်းတွင်ရှိခဲ့သော်လည်း ယခုအခါ ငွေကျပ် ၁၆ဝဝ  $ဝန်းကျင်သာရှိနေသည်။ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်နှစ်ကာလတူအချိန်ထက် ယခုအချိန် ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းသည် ထက်ဝက်သက်သာနေပြီး ကြူကုတ်ကြက်သွန်ဖြူဆိုလျှင် ယခင်နှစ် ကာလတူဈေး၏   ၂ဝ  ရာခိုင်နှုန်းသာရှိနေသည်။              

ခင်ဆိုင်(မြန်​မာ့အလင်း)

No comments:

Post a Comment