Latest News

Saturday, April 7, 2018

တောရိုင်းတိရစ္ဆာန်ပစ္စည်း တရားမဝင်ရောင်းဝယ်မှုရပ်တန့်ရန် ဂီတပွဲတော် ရန်ကုန်မြို့၌ ကျင်းပ

တောရိုင်းတိရစ္ဆာန်ပစ္စည်း တရားမဝင်ရောင်းဝယ်မှုရပ်တန့်ရန် ဂီတပွဲတော် ရန်ကုန်မြို့၌ ကျင်းပ


ရန်ကုန်   ဧပြီ   ၇

ရန်ကုန်မြို့တွင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားနေခြင်းကို ရပ်တန့်ရန် တောင်းဆိုသည့်  လူထုလှုပ်ရှားမှုကို  ထောက်ခံအားပေးသည့်အနေဖြင့် VOICES  FOR  WILDLIFE  ဂီတပွဲတော်ကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့  မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါဂီတပွဲတော်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံရုံး  နှင့်   မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES  FOR MOMOS)အဖွဲ့တို့   ပူးပေါင်းကာ တောïိင်းတိရစ္ဆာန်ထွက်  ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားနေ ခြင်းကို ရပ်တန့်ရန် ရည်ရွယ်၍ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ         ဒိန်းမတ် သံအမတ်ကြီး  H.E. Mr. Peter Lysholt Hansen က  ''တောရိုင်း တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး တရား မဝင်ရောင်းဝယ်မှုတွေကို    တိုက်ဖျက် သွားနိုင်ဖို့ အခုလို     လုပ်ဆောင်ရခြင်းပဲ
ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာဆိုရင်  များပြားလှတဲ့ တောရိုင်း တိရစ္ဆာန်မျိုးစိတ်တွေ ပေါကြွယ်ဝတဲ့နိုင် ဖြစ်ပါတယ်၊ ဒီနိုင်ငံ မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ  ဆက်လက်ပြီး  ရှင်သန် ဖို့အတွက်ဆိုရင်  ဒီနိုင်ငံမှာရှိတဲ့သူတွေအားလုံးမှာ တာဝန်ရှိပါ တယ်၊ တောရိုင်းတိရစ္ဆာန်န်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက် ပြီး တရားမဝင်ရောင်းချမှုတွေဟာ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေ ရတဲ့ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပါတယ်။

 ''ဒီလိုသတ်ဖြတ်မှုတွေကြောင့်   မြန်မာနိုင်ငံမှာဆိုရင်          ဆင်အကောင်ရေဟာ သိသိသာသာ  နည်းပါးလို့နေပါပြီ၊ ဒါကြောင့်  ကျွန်တော်တို့အနေနဲ့ အရေးယူမှုတွေ လုပ်ဆောင် ဖို့  အခုအချိန်မှာ လိုအပ်လာပါပြီ၊  အားလုံးပါဝင်ပူးပေါင်းမှု    ရှိမှသာလျှင် ရန်ကုန်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်  တရားမဝင် သတ်ဖြတ်မှု၊ အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချမှုတွေ   ကို  အားလုံးပူးပေါင်းပါဝင်မှုနဲ့ တိုက်ဖျက်သွားနိုင်မှာ ဖြစ်ပါ       တယ်၊  အဲဒီလို မလုပ်ဆောင်နိုင်ရင်တော့   ရန်ကုန်မြို့ဟာ တောရိုင်းရစ္ဆာန်န်တွေကို တရားမဝင်ရောင်းချတဲ့  အဓိက    အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်''ဟု ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် တောïိင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုကို   ၁၉၉၄  ခုနှစ်ခန့်မှ  စတင်ခဲ့သော်လည်း           တရားဥပဒေအရ  အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်        ၍   ယနေ့အချိန်အထိ   ထိရောက်မှု အားနည်းနေကြောင်း၊ သို့သော်လည်း  ယနေ့အချိန်တွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင်ရောင်းဝယ် ဖောက်ကားနေခြင်းကို ပြည်သူများအနေဖြင့်   ပူးပေါင်းပါဝင်မှုများ   ရှိလာပြီဖြစ်       ကြောင်း၊ WWF  Myanmar  အနေဖြင့်  ရွှေတိဂုံစေတီ      တော်နှင့် ဗိုလ်ချုပ်ဈေးတို့အတွင်းရှိ တောရိုင်းရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှုများကိုလည်း  ရပ်ဆိုင်း သွားရန်၊ တားမြစ်ရန်ကိစ္စတို့နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ နှင့်ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ကြောင်း ၊ ဇူလိုင် ၁ ရက်နေ့မှ       စတင်၍ တောရိုင်းတိရစ္ဆာန်နှင့်ပတ်သက်သည့်  ဥပဒေပြဋ္ဌာန်း ချက်များ ထွက်ရှိလာပါက ထိရောက်သည့် အရေးယူမှုများ၊ တားဆီးပိတ်ပင်မှုများဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက် မှုများပြုလုပ်ရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။

ယနေ့   ဂီတပွဲတော်တွင်  တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့်  ပညာပေးအစီအစဉ်များ၊ ကျောက်ဆည် ဆင်အကတို့နှင့်အတူ မြန်မာနိုင်ငံမှ နာမည်ကျော်အဆိုတော် များနှင့်  အနုပညာနယ်ပယ်တွင်  ထင်ရှားကျော်ကြားသူများ ဖြစ်ကြသော ဘန်နီဖြိုး၊  ခြူးစစ်ဟန်၊ ကျော်သီဟ၊ အိုင်ရင်း ဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ ဝိုင်းလေး၊ ဇွဲပြည့်နှင့် အခြားသော  အနုပညာရှင်များက ၄င်းတို့တတ်ကျွမ်းသော အနုပညာကို အသုံးပြုပြီး ဖျော်ဖြေကြသည့်အပြင် ဆင်ခန္ဓာကိုယ် အစိတ် အပိုင်းများ ရောင်းဝယ်နေမှု ဈေးကွက်များကို ပိတ်သိမ်းရေး အတွက်  လက်မှတ်ရေးထိုး  လှုပ်ရှားမှုကိုလည်း  ပြုလုပ်ရာ    ပြည်သူများဖြင့် စည်ကားခဲ့သည်။

ကမာရွတ်မြို့နယ်မှ ဒေါ်ခင်ခင်လေးက   ''တောïိင်း တိရစ္ဆာန်ထွက်ပစ္စည်း   တရားမဝင်  ရောင်းဝယ်မှုဆိုတာ ကျွန်မတို့ မြင်တွေ့ရလေ့ရှိတဲ့ ဆင်စွယ်တွေ၊  တိရစ္ဆာန်တွေရဲ့ အရေခွံနဲ့လုပ်ထားတဲ့ပစ္စည်းတွေ ဖြစ်တယ်ဆိုတာ ဒီပွဲကနေ သိခွင့်ရခဲ့ပါတယ်၊ ဒါ့အပြင် ကျွန်မတို့နိုင်ငံမှာ အရေခွံနဲ့ အစွယ် ကို ရလိုမှုကြောင့် ခုနစ်ရက်ကို ဆင်တစ်ကောင်နှုန်း  သတ်ခံ နေရတယ်၊ တိရစ္ဆာန်တွေဟာ သဘာဝပတ်ဝန်းကျင် သာယာ လှပဖို့အတွက်  အများကြီး အထောက်အကူပြုတယ်ဆိုတာ      သိရပါတယ်၊  သူတို့ကို ကာကွယ်ဖို့ ကျွန်မတို့မှာလည်း တာဝန် ရှိပါတယ်''ဟု ဆိုသည်။

ယခုဂီတပွဲတော်သည် မြန်မာနိုင်ငံတွင် တောဆင်ရိုင်း များအမဲလိုက်  သတ်ဖြတ်ခံနေရခြင်း၊ ၄င်းတို့၏ အရေခွံများ   အား ခွာယူ၍ တရားမဝင်ရောင်းချနေခြင်း စသည်တို့ ပပျောက် သွားအောင် ကြိုးပမ်းသည့်အနေဖြင့် စတင်လှုပ်ရှား ခဲ့သော ၅ လကြာ လှုပ်ရှားခဲ့သည့် လူထုလှုပ်ရှားမှု၏ နောက်ဆုံးပွဲ လည်းဖြစ်ပြီး တောရိုင်းရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့် နိုင်ရန် တိုင်းဒေသကြီး နှင့်  ပြည်နယ်အစိုးရအဆင့်အထိ ပိုမိုထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်ရန်အတွက် တိုက်တွန်းရာတွင် အထောက်အပံ့ တစ်ခုဖြစ်မည်ဖြစ်ကြောင်း သိရသည်။

မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS)အစီအစဉ် စတင်ခဲ့သည့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ လမှစ၍ မျိုးသုဉ်းလုနီးပါး  အမဲလိုက်သတ်ဖြတ်ခံနေရသည့် မြန်မာ့တောဆင်ရိုင်းကြီးများ၏ အခက်အခဲများကို  လူထု လှုပ်ရှားမှုပွဲများမှတစ်ဆင့် လူအများအပြား သတိထားမိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းသိရသည်။

သတင်းနှင့် ဓာတ်ပုံဇော်ကြီး

No comments:

Post a Comment