Latest News

Monday, April 30, 2018

ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒဖော်ထုတ်

ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒဖော်ထုတ်

ညောင်ရွှေ     ဧပြီ     ၃၀

ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေနှင့်အညီ လယ်ယာမြေများပြန်လည်ရရှိရေးအတွက် ပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းကို ဧပြီ(၃၀)ရက် နံနက်(၉)နာရီတွင် ပါနွေးမြောက်ရွာစုရပ်မှ ပေပင်ကုန်းကျေးရွာအထိ လယ်ယာမြေများ ပြန်လည်ရရှိရေးကြွေးကြော်သံ များ ကြွေးကြော်ကြပြီး  ဆိုင်းဘုတ်ပိုစတာများကိုင်ဆောင်၍ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်းရှိ ပါနွေးမြောက်ရွာ၊ ပါနွေးအလယ်ရွာ၊ ပါနွေးတောင်ရွာ၊ မီးသွေးဖုတ်ကျေးရွာနှင့် ပေပင်ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူစုစုပေါင်းအင်အား (၁၅၀)ဦးခန့် ပါဝင်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက်(၁၀)နာရီခွဲအချိန်တွင် လူစုခွဲသွားကြောင်း သိရှိရသည်။
                                                                                                                    မြို့နယ်ပြန်/ဆက်

No comments:

Post a Comment