Latest News

Sunday, April 22, 2018

သင်္ကြန်ပိတ်ရက်အလွန် ပွဲရုံဖွင့်ရက် ကြက်သွန်နီ၊ ထန်းလျက်ဈေးကျဆင်း

သင်္ကြန်ပိတ်ရက်အလွန် ပွဲရုံဖွင့်ရက် ကြက်သွန်နီ၊ ထန်းလျက်ဈေးကျဆင်း


ရန်ကုန်  ဧပြီ  ၂၂

သင်္ကြန်ပိတ်ရက်အလွန် ဧပြီ ၁၈ ရက် ဘုရင့်နောင်ပွဲရုံအများစု ပြန်လည်ဖွင့်လာကြချိန် ကြက်သွန်နီနှင့် ညောင်ဦးထန်းလျက်ဈေးနှုန်းများ ကျဆင်းလာသည်ဟု ဈေးကွက်မှ သိရသည်။ ဧပြီ  ၁၈  ရက် ပွဲရုံများ ပြန်လည်ဖွင့်လှစ်ရောင်းချလာရာ ဧပြီ ၂၁ ရက်တွင် ဆိပ်ဖြူ ကြက်သွန်နီ လက်ကားတစ်ပိဿာ ၅၂၅-၇ဝဝ-၇ဝဝ-၇ဝဝ ကျပ်နှုန်း မြစ်သား တစ်ပိဿာ ၇ဝဝ-၁၁ဝဝ-၁၂ဝဝ-၁၁ဝဝ ကျပ်နှုန်းရှိသည်ဟု သိရသည်။
သင်္ကြန်ပိတ်ရက်မတိုင်မီ ဧပြီ    ၁၁ ရက်တွင် ဆိပ်ဖြူ တစ်ပိဿာ ၆ဝဝ-၈ဝဝ- ၈ဝဝ- ၈ဝဝ ကျပ်၊  မြစ်သား တစ်ပိဿာ  ၈၅ဝ- ၁၁၅ဝ-၁၂၅ဝ-၁၁၅ဝ ကျပ်နှုန်း ရှိခဲ့သည်။ သင်္ကြန်ပိတ်ရက်အလွန် ပွဲရုံပြန်ဖွင့်သည့် လေးရက်အတွင်း နယ်စုံမှ ရန်ကုန်သို့ ကြက်သွန်နီပိဿာချိန် ၈၈၂ဝဝဝ  ဝင်ရောက်လာသည်ဟု  နေ့စဉ် ဈေးနှုန်းစာရင်းနှင့် ယှဉ်တွဲဖေါ်ပြထားခြင်းမှ သိရသည်။

သင်္ကြန်ပိတ်ရက်မတိုင်မီ ညောင်ဦးဆေးခတ်ထန်းလျက်တစ်ပိဿာ လက်ကားဈေး  ၁၆၅ဝ၊ ၁၇ဝဝ ကျပ်၊ ဝဲထန်း ၁၄ဝဝ ကျပ်နှုန်း ရှိသော်လည်း ဧပြီ ၂၁ ရက်တွင်မူ   ညောင်ဦး ဆေးခတ်ထန်းလျက်တစ်ပိဿာ ၁၅ဝဝ၊ ၁၅၅ဝ ကျပ်၊ ဝဲထန်း ၁၃ဝဝ ကျပ်နှုန်း သို့ ဈေးကျဆင်းလာသည်။
သင်္ကြန်ပွဲတော်ရက် အသုံးများ၍ ထန်းလျက်ဈေးနှုန်းများ မြှင့်တင်ထားရာမှ သင်္ကြန် အလွန်တွင် ဈေးပြန်လည်ကျဆင်းခြင်းဖြစ်သည်ဟု အဝယ်တော်တစ်ဦးက ဆိုသည်။

ကြက်သွန်ဈေးနှုန်းမှာလည်း နယ်တွင် အလုံးလတ်များတစ်ပိဿာ ၅၅ဝ ကျပ် ဝန်းကျင်သာရှိ၍ ရန်ကုန်ဈေး ထပ်မံကျဆင်းနိုင်သေးသည်ဟု ယခုရက်ပိုင်း မုံရွာသို့ ရောက်ခဲ့သူ ရန်ကုန်မှ အဝယ်တော်တစ်ဦးက ဆိုသည်။

ဧပြီ  ၂၁  ရက်တွင် အာလူးတစ်ပိဿာ လက်ကားဈေးမှာ ၄၇ဝ-၇၂ဝ-၇၃ဝ-၆၅ဝ  ကျပ်နှုန်း ရှိသည်။ သင်္ကြန်ပြန်ဖွင့်ရက် ဝင်ရောက်လာသော ကြူကုတ်ကားချတစ်ပိဿာ  ၁၁၂၅ ကျပ်နှုန်းရှိပြီး ပိတ်ရက်မတိုင်မီက ပွဲရုံကျန်များမှာ ယင်းဈေးနှုန်းထက်ဈေးနည်း သည်ဟု သိရသည်။

ပြည်ပနိုင်ငံစုံ သကြားတစ်ပိဿာ ၁၁၇ဝ မှ ၁၂၁ဝ ကျပ်နှုန်းအတွင်းရှိပြီး အိန္ဒိယ ငရုတ်ရှည်မှာ တစ်ပိဿာ ၃၇၅ဝ ကျပ်နှုန်းသာရှိသည်။ ပြည်တွင်းမြစ်ဝကျွန်းပေါ်ထွက် ငရုတ်ရှည်မှာ တစ်ပိဿာ ၂၇ဝဝ၊ ၂၈ဝဝ ကျပ်$နှုန်းသာရှိသည်။ ပြည်ပသကြားနှင့် ငရုတ်ဈေးများမှာ အခြေအနေပေါ်မူတည်၍ အပြောင်းအလဲဖြစ်နိုင်သည်ဟု သိရသည်။

ကြက်သွန်နီနှင့် ငရုတ်ရှည်ဈေးနှုန်းများမှာ ဝယ်လက်ဝယ်ချိန်ဖြစ်၍  ဈေးနည်းနေခြင်း ဖြစ်သည်။ သင်္ကြန်ပိတ်ရက်အလွန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ပစ္စည်းအချို့ ကြိုတင် ရောက်ရှိနေခြင်း ဝယ်လက်မစုံသေးခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်လာခြင်း မရှိဘဲ အချို့မှာ ဈေးကျနေသည်ဟု ဈေးကွက်မှ သိရသည်။

ယခုနှစ်သင်္ကြန်အလွန် ဈေးနှုန်းများသည် ကာလတူဖြစ်သော ယခင်နှစ် ၂ဝ၁၇  သင်္ကြန်အလွန် အချိန်ထက် ကြက်သွန်နီ  ရှမ်းနှင့် ကြူကုတ်ကြက်သွန်ဖြူ၊ အာလူး၊ သကြား၊ ထန်းလျက်၊ အိန္ဒိယ ငရုတ်ရှည်၊ စားအုန်းဆီနှင့် ကုလားပဲခြမ်း  ဈေးနှုန်းများ ဈေးနည်းနေသည်ဟု   ၂ဝ၁၇-၂ဝ၁၈  ကာလတူ  ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ သိရသည်။
၂ဝ၁၇ ဧပြီ ၂၁ ရက်တွင် ဆိပ်ဖြူကြက်သွန်နီလက်ကား တစ်ပိဿာ ၆ဝဝ-၈ဝဝ- ၈၂၅-၈၅ဝ ကျပ်၊  မြစ်သား  ၈၅ဝ - ၁၂ဝဝ-၁၂၂၅  - ၁၂၂၅ ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ၂၂ဝဝ-၂၆ဝဝ -၂၉ဝဝ -၃၂ဝဝ ကျပ်၊$ ကြူကုတ် ၆၁ဝဝ - ၆၂ဝဝ ကျပ်၊   အာလူးတစ်ပိဿာ ၄၅ဝ -  ၇ဝဝ -၇၃ဝ -၇၃ဝ ကျပ်၊ သကြားတစ်ပိဿာ ၁၂၂ဝ ကျပ်၊ ညောင်ဦး ဆေးခတ်ထန်းလျက်တစ်ပိဿာ ၁၆ဝဝ - ၁၆၅ဝ ကျပ်၊ အိန္ဒိယငရုတ်ရှည် တစ်ပိဿာ ၃၄ဝဝ ကျပ်၊  မြစ်ဝကျွန်းပေါ်ငရုတ်ရှည် တစ်ပိဿာ ၂၈ဝဝ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၁၇ဝ၅ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ ၂၇ဝဝ  -၂၇၅ဝ ကျပ်နှုန်း အသီးသီးရှိခဲ့သည်ဟု ယခင်နှစ်ဈေးနှုန်းဟောင်းများမှ သိရသည်။ ၂ဝ၁၈ ဧပြီ ၂၁ ရက်တွင် စားအုန်းဆီတစ်ပိဿာ ၁၆၃ဝ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ ၁၅၅ဝ ကျပ် သာ ရှိသည်။        
                                                                               
ခင်ဆိုင်(မြန်​မာ့အလင်း)

No comments:

Post a Comment