Latest News

Saturday, April 21, 2018

ရွှေကျင်မြို့တွင်ရွှေဝယ်ဟန်ပြု၍လုယူထွက်ပြေးသူအားချက်ချင်းဖမ်းဆီးရမိ

ရွှေကျင်မြို့တွင်ရွှေဝယ်ဟန်ပြု၍လုယူထွက်ပြေးသူအားချက်ချင်းဖမ်းဆီးရမိ

ရွှေကျင်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့နံနက် ၈နာရီခွဲအချိန်ခန့်က အသက် ၄၀ အရွှယ်ရှိအမျိုးသားတစ်ဦးမှရွှေဝယ်ဟန်ပြု၍ လုယူထွက်ပြေးမှူတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာရွှေကျင်မြို့. ရှမ်းကြေးရပ်ကွက်ရှိ  သုခရွှေရည်ရွှေဆိုင် တွင် ဆိုင်မန်နေဂျာဖြစ်သူ  ဦးသန့်ဇော်လင်း ၄၅. နှစ် သည်အလုပ်တာဝန်များလုပ်နေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ  ၂၈ယ/----- နံပါတ်ပြားတပ်ဆင်ထားသော  WAVE-100ထိုင်းနိုင်ငံလုပ်ဆိုင်ကယ်အနီရောင်အားဆိုင်ရှေ့တွင်ရပ်ကာသော့တန်းလန်းဖြင့်စက်မသတ်ဘဲစက်နှိုးကာထားခဲ့ပြီး ဆိုင်တွင်းသို့ဝင်ရောက်လာပြီး ရွှေဆွဲကြိုးတစ်ကုံး နှင့် ဆွဲသီး ဝယ်ယူလိုကြောင်းပြောသဖြင့်ဆိုင်မန်နေဂျာဖြစ်သူမှ မှန်ပုံးအတွင်းရှိရွှေထည်ပစ္စည်းများထဲမှ ကာလတန်ဖိုး ၁၀ သိန်းခန့်ရှိရွှေဆွဲကိုးတစ်ကုံး နှင့် ၁၄၀၀၀၀ ခန့်တန်ဖိုးရှိအသဲပုံရွှေဆွဲသီးအားယူ၍ပြသခဲ့ရာ၎င်းမှအဆိုပါပစ္စည်းများအားကြိုက်ကြောင်း ဘောင်ချာဖြတ်ပေးပါရန်ပြောဆိုသဖြင့် ဘောင်ချာဖြတ်ပေးရန်ပြင်ဆင်နေစဉ်အဆိုပါအမည်မသိလူမှ မှန်ဘောင်ပေါ်တင်ထားသောဆွဲကြိုးနှင့်ဆွဲသီးအားယူ၍အသင့်စက်နှိုးထားသောဆိုင်ကယ်ဖြင့် ယူဆောင်မောင်းနှင်ထွက်ပြေးသွားခဲ့ရာ မန်နေဂျာမှပက်ဝန်းကျင်သို့အော်ဟစ်အကူညီတောင်းသဖြင့်ဝိုင်းဝန်းဖမ်းဆီးခဲ့ရာရှမ်းကြေးရပ်ကွက်  ရှိ ထောင်လောင်ထမင်းဆိုင်အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှာ ဝင်းရွှေ ၄၄ နှစ် သရက်ချောင်းကျေးရွာနေသူဖြစ်ကြောင်းထွက်ဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ရွှေဆိုင်မှရွှေများအားဝယ်ဟန်ပြု၍ယူဆောင်ထွက်ပြေးသွားအား ရွှေကျင်မြို့မ ရဲစခန်းမှအမှုဖွင့်ဖမ်းဆီးကာစစ်ဆေးလျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment