ရန်ကုန် မြို့ရဲ့ နေ့စဉ် ခရီးသွားပြည်သူအရေအတွက်ဟာ နှစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ ဘတ်စ်ကား စီးပြီး ခရီးသွားကြသူများရှိသလို တက္ကစီစီးပြီးသွားကြသူတွေ လည်း အများကြီးပါ။ တက္ကစီကတော့ သွားရမယ့်ခရီးအခြေ အနေအချိန်အခါတွေမူတည်ပြီး စီးကြတာများပါတယ်။
တက္ကစီယာဉ်ဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ရန်ကုန်မြို့မှာကညနရဲ့စာရင်းတွေအရ မှတ်ပုံတင် ထားတဲ့ တက္ကစီ ၆ဝဝဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တက္ကစီမဟုတ်တဲ့တက္ကစီတွေကိုလည်း မကြာ ခဏတွေ့နေရပါတယ်။ ဥပမာအားဖြင့် ဧရာဝတီ၊ မွန်၊ ရှမ်း အစရှိတဲ့ နံပါတ်တွေနဲ့ ပြေးဆွဲနေကြတာပါ။ ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့အလျောက် တက္ကစီစီးပြီး ခရီးသွား လာကြသူတွေလည်းများပါတယ်။ ဒါကြောင့်လည်း စီးပွား ရှာရလွယ်ကူတဲ့ ရန်ကုန်မြို့ကြီးမှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးက တက္ကစီတွေလည်း လာရောက်ပြေးဆွဲနေကြ တာကိုး။
ဒီလိုတက္ကစီယာဉ်တွေ မှိုလိုပေါက်နေတဲ့ ရန်ကုန်မြို့ကြီး မှာ တက္ကစီတွေရဲ့ဝန်ဆောင်မှုကလည်း တိုးတက်ပြောင်းလဲ လာခဲ့ပါတယ်။ ကားတွေရဲ့ကြံ့ခိုင်မှု၊ သစ်လွင်လှပမှုတွေလည်း တစ်နှစ်ထက်တစ်နှစ်တိုးတက်လာကြပါတယ်။ ခုချိန်မှာYBSယာဉ်လိုင်းတွေက အဲကွန်းတွေနဲ့အပြိုင် ပြေးဆွဲလာ ခြင်းကလည်း တက္ကစီတွေအတွက်တော့ စိန်ခေါ်မှုတစ်ရပ် ပါပဲ။ ခုလို ပူပြင်းလှတဲ့ရာသီမှာ ခရီးသွားပြည်သူတွေက အဲကွန်းဖွင့်တဲ့ တက္ကစီတွေကိုရွေးချယ်ပြီး စီးလာကြတာ ကိုလည်း တွေ့ရပါတယ်။ တက္ကစီလောကဟာ ဝန်ဆောင်မှု ကောင်းတွေနဲ့ ပြိုင်ဆိုင်လာတာကိုလည်း သတိပြုမိပါတယ်။
ရန်ကုန်တက္ကစီတွေထဲက နည်းပညာစနစ်တစ်ခုကို အသုံးပြုထားတဲ့ Kilo Taxi Group မှ ယာဉ်မောင်း ဦးစိန် ဝင်းမောင်က အခုလိုပြောပါတယ်။
''ကျွန်တော်တို့ Kilo Taxi Group ကတော့ ကားပေါ် တက်တာနဲ့ ငွေကျပ် ၁၃ဝဝ $ယူပါတယ်၊ ပြီးတော့ တစ်ကီလိုကို ၃ဝဝ ကျပ်နှုန်းယူပါတယ်၊ ကီလိုအနည်းအများပေါ်မူတည်ပြီး ယာဉ်စီးခကျသင့်မှာဖြစ်ပါတယ်၊ ကားပိတ်၊ ကားကျပ်၊ မီးပွိုင့် မိကြာချိန် တွေကို ထည့်ပေါင်းခြင်းမရှိတဲ့ ကီလိုစနစ်ဖြစ်ပါ တယ်၊ ခရီးသည် အမှန်တကယ်သွားတဲ့ ကီလိုအပေါ်မှာမူတည် ပြီး ကျသင့်မှာ ဖြစ်ပါတယ်။
''ဒီကီလိုစနစ်အသုံးပြုပုံကတော့ ရှင်းပါတယ်၊ ယာဉ်မောင်း တွေရဲ့ မိုလ်ဘိုင်းဖုန်းတွေထဲမှာ ဒရိုင်ဘာ ဆော့ဝဲလ်ထည့်ပေး ထားပါတယ်၊ ခရီးသည်က ယာဉ်ပေါ်တက်လိုက်တာနဲ့ ဖုန်း ထဲက ဒရိုင်ဘာဆော့ဝဲလ်ကိုဖွင့်လိုက်မှာပါ၊ အဲဒီချိန်မှာ ဖုန်းထဲ ၁၃ဝဝ $ကျပ်ကို စမှတ်ပါတယ်၊ အဲဒီကနေတစ်ကီလို သွားတိုင်း ၃ဝဝ $ကျပ်ထပ်ပေါင်းသွားမှာ ဖြစ်ပါတယ်၊ သာမန်ခရီးတစ်ခု အတွက် ၂ဝဝဝ ကျပ်$ ဝန်းကျင်လောက်သာ ကျသင့်မှာဖြစ်ပါတယ်၊ မောင်းနေချိန်မှာ နေ့အချိန်မှာ အဲကွန်းဖွင့်ပေးထားပါတယ်၊ ညအချိန်မှာ မလိုအပ်ရင်မသုံးပါဘူး၊ တက္ကစီတွေကိုတော့ ခရီးသည်တွေအနေနဲ့ လက်တားစနစ်နဲ့အပြင် ယာဉ်မောင်း တွေရဲ့ ဖုန်းနံပါတ်တွေကနေခေါ်ယူနိုင်မှာ ဖြစ်ပါတယ်၊ ယာဉ် မောင်းအချင်းချင်း ဖုန်းနဲ့ လမ်းòန်ပေးပြီး အနီးဆုံးတက္ကစီက လာရောက်ခေါ်တင်သွားမှာဖြစ်ပါတယ်''ဟု ပြောတယ်။
ရန်ကုန်မြို့မှာ နည်းပညာစနစ်တစ်ခုကို အသုံးပြုပြီး ပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေထဲမှာ Grab တက္ကစီလည်း ပါဝင်ပါတယ်။ ဒီတက္ကစီဟာ ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် နိုဗိုတယ်ဟိုတယ်မှာ အခမ်းအနားနဲ့မိတ်ဆက်ဖွင့်လှစ်ပေးခဲ့တာပါ။ စတင်ဖွင့်လှစ်ချိန်က စီးရေ ၅ဝဝဝ လောက်ရှိပါတယ်။ အခုအခါမှာတော့ အောင်မြင် မှုတွေရနေတဲ့တက္ကစီယာဉ်လိုင်းတစ်ခုအဖြစ် ရပ်တည်လာ နိုင်တာ တွေ့ရပါတယ်။ Grab တက္ကစီစနစ်တော့ သုံးစွဲသူ တွေရဲ့ မိုလ်ဘိုင်းဖုန်းတွေထဲမှာ သှူရဲ့ ဆော့ဝဲလ်ကို Install လုပ်ထားရမှာဖြစ်ပါတယ်။ တက္ကစီငှားရမ်းလိုသူတွေအနေနဲ့ ဖုန်းကနေ အင်တာနက်လိုင်းကိုဖွင့်ပြီး ကားခေါ်ယူခြင်း ဖြစ်ပါတယ်။ ၄င်းကနေ သွားတဲ့သူရဲ့ခရီးအလိုက် ပုံသေ ဈေးနှုန်းသတ်မှတ်ချက်နဲ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ ပုံသေဈေးနှုန်းဖြစ်လို့ လူကြိုက်များပါတယ်။ ယာဉ်မောင်းတွေ အနေနဲ့ ခရီးစဉ်တစ်ခုအပေါ်မှာ တောင်းချင်တိုင်းတောင်းလို့ မရတဲ့သဘောပါ။
နောက်တစ်ခုကတော့ မီတာတက္ကစီပါ။ မီတာဟာလည်း စနစ်တစ်ခုနဲ့ ပြေးဆွဲနေတာပါ။ သူလည်း ဝန်ဆောင်မှုကောင်းတဲ့တက္ကစီလို့ ဆိုရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မီတာတက္ကစီ၊ Kilo Taxi၊ Grab တက္ကစီ တွေအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ သာမန်အနေ အထားပြေးဆွဲရာကနေ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု အဖြစ်နဲ့ ပြောင်းလဲလာခြင်းပါ။ ရန်ကုန်ပုံရိပ်ထဲက ပြောင်းလဲ ခြင်းတစ်ခုပါ။
မြင့်မောင်စိုး
No comments:
Post a Comment