Latest News

Tuesday, April 3, 2018

ရန်ကုန်ကားဈေးကွက် သင်္ကြန်လည်မည့်ကားအရောင်းသွက်နေ

ရန်ကုန်ကားဈေးကွက် သင်္ကြန်လည်မည့်ကားအရောင်းသွက်နေ



မကြာမီကျရောက်တော့မည့် မြန်မာတို့၏ ယဉ်ကျေးမှုရိုးရာ မဟာသင်္ကြန်ပွဲတော်တွင်  ဆင်နွှဲကြရန်အတွက်  မော်တော် ကားများ စိတ်ဝင်စားမှုမြင့်တက်နေပြီး အရောင်းအဝယ်လည်း ဆက်တိုက်ကောင်းမွန်နေကြောင်း  ကားဈေးကွက်အတွင်းမှ သိရှိရသည်။

''သင်္ကြန်လည်ဖို့အတွက် အများစုကတော့ Light Truck ကားတွေ၊Mini Truck ကားတွေ အများဆုံး ရောင်းနေ၊ ဝယ်နေကြတယ်၊ ဈေးကတော့ ပုံမှန်ပါပဲ၊ သက်သာသွားတာ လည်း မဟုတ်ဘူး၊ မြင့်လည်း မမြင့်ဘူး၊ သို့သော် တစ်လက် ကိုင်ကားတွေကတော့  ဒီကာလမှာ  အခြားကားတွေထက် ဈေးပိုရတယ်၊  မော်ဒယ်မြင့်လေ  ဈေးရလေတော့  ရှိတယ်၊ သင်္ကြန်နီးတိုင်း အရောင်းအဝယ်က ပုံမှန်ဖြစ်တာပါ၊ ဒါပေမယ့် ဒီနှစ်သင်္ကြန်ကတော့ ရန်ကုန်မှာရော၊ မ္တလေးမှာပါ စည်ကား မယ့်သဘောရှိတော့ အရောင်းအဝယ်ပိုလိုက်တယ်လို့  ထင် တယ်''ဟု    ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက   ပြောပြ သည်။

ပြီးခဲ့သည့် မတ်လကုန်အထိ အရောင်းအဝယ်မှာ ပုံမှန်သာ ရှိခဲ့ပြီး ဧပြီ ၁ရက်မှစတင်ကာ ပိတ်ရက်ဖြစ်သော်လည်း ဈေးကွက် အရောင်းအဝယ်ဖြစ်လာခဲ့ကြောင်း၊ အဓိကအားဖြင့် အင်ဂျင်ပါဝါ ၆၆ဝ ရှိ မီနီထရပ်ကားလေးများ  အရောင်းအဝယ်  အဖြစ်ဆုံး ဖြစ်လာခဲ့ကြောင်း သိရသည်။

''ပိုပြီး ထူးခြားတာက  ဝင်ငွေခွန်ကြောင့်ပဲ ဖြစ်ပါတယ်၊ ဝင်ငွေခွန်တွေကို လျှော့ပေးဖို့ဆိုတာ  ဒီနှစ်ထဲမှာ  မဖြစ်နိုင် တော့တဲ့အတွက် အင်ဂျင်ပါဝါနိမ့်ကားတွေ အရောင်းအဝယ်ပြန် ဖြစ်လာတယ်လို့ထင်ပါတယ်၊   အများစုကတော့   ရန်ကုန် လိုင်စင်တွေ အရောင်းသွက်တယ်၊ သင်္ကြန်မှာ စီးကြဖို့ ရည်ရွယ် သူတွေကတော့ သက်သာတဲ့ နယ်လိုင်စင်ကားတွေကို ဝယ် ရောင်းလုပ်ကြတယ်''ဟု  ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောပြသည်။

ထို့ပြင်  ရန်ကုန်ကားဈေးကွက်အတွင်း  ရန်ကုန်လိုင်စင် များကို ဘီးခွန်နှုန်းထားပြောင်းလဲမည့်သတင်းများအတွက် ကားဈေးကွက်အတွင်း ဂယက်ရိုက်နေခဲ့ရကြောင်းသိရှိရပြီး ယခုကောက်ခံရန် လျာထားသည့်စနစ်သည် Road Tax ကဲ့ သို့ အင်ဂျင်ပါဝါအလိုက် ပြောင်းလဲကောက်ခံရန်ရှိသည်ဟု သိရှိရသည်။

''အရင်က ကားအလေးချိန်နဲ့ကောက်ခဲ့တာ၊  အခုနှစ်မှာ တော့ အင်ဂျင်ပါဝါအလိုက် ကောက်ခံမယ်လို့  သိရပါတယ်၊ အတည်ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တောင်းခံရမယ်လို့ သိထားပါတယ်၊ အင်ဂျင်ပါဝါနဲ့ ကောက်မယ် လို့ သိရတဲ့အပြင် အင်ဂျင်ပါဝါ အနိမ့်ဆုံး ၆၆ဝ စီစီ အောက် ကားတွေတောင် တစ်စီးကို တစ်ရက် ငွေကျပ် ၁ဝဝ နှုန်းလို့ သိရ ပါတယ်၊ ၁၃ဝဝ စီစီအောက်အတွက် တစ်ရက်ကို  ငွေကျပ် ၁၅ဝ၊ ၂ဝဝဝစီစီ အောက်ဆိုရင် တစ်ရက်ကို  ငွေကျပ် ၂ဝဝ၊ ၄၃ဝဝ စီစီအောက်ဆိုရင် တစ်ရက် ငွေကျပ်  ၂၅ဝ နဲ့  ဒီထက်အင်ဂျင်ပါဝါ မြင့်နေရင်တော့  ငွေကျပ်  ၃ဝဝ ဆိုပြီး ကောက်မယ်လို့ သိရပါ တယ်၊ ဒါကြောင့် အခုဘီးခွန်အတွက် တန်းစီစောင့်ဆိုင်းနေသူတွေ များပြားနေပြီး ဘီးခွန်အသစ်ကို ရှောင်ရှားလိုကြတယ်'' ဟု ကိုကျော်ဇေယျာဝင်းက ပြောပြသည်။       ။

မင်းသော်

No comments:

Post a Comment