Latest News

Thursday, April 19, 2018

ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ် ရွှေတိဂုံစေတီတော်သို့ ပြည်တော်ဝင် ပင့်ဆောင်ပူဇော်

ဗုဒ္ဓမြတ်စွာဘုရား၏  ဆံတော်ဓာတ်မြတ် ရွှေတိဂုံစေတီတော်သို့ ပြည်တော်ဝင် ပင့်ဆောင်ပူဇော်


ရန်ကုန် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး      ဗိုလ်တထောင်မြို့နယ်ရှိ
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်
မြတ်ကြီး၏  ဌာပနာအတွင်းမှ  ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ်တော်အား ပြည်တော်ဝင် ပင့်ဆောင်
ခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့
အား ဧပြီ ၁၉ ရက် နံနက် ၅ နာရီ မိနစ် ၄ဝ တွင် ရွှေတိဂုံ
စေတီတော်မြတ်ကြီးရှိ ချမ်းသာကြီးတန်ဆောင်းသို့ ခြေကျင်ခရီးဖြင့် ပင့်ဆောင်ပူဇော်ကြောင်း သိရသည်။

အဆိုပါ ပူဇော်မှုကို ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ရန်ကုန်
တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ နိုင်ငံ့စွမ်းဆောင်ရည်ဆု ဇေယျာလူမှု
ထူးချွန်ဆု ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆုများရှင် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ ဆရာတော်ဦးဆောင်၍ ဂိုဏ်း
ပေါင်းစုံမှ သံဃာတော်အပါး ၄၅ဝဝ နှင့် သီလရှင်များ၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဝန်ကြီးများ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ သာသနာရေးနှင့် ယဉ်
ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များ လိုက်ပါပင့်ဆောင်ပူဇော်ကြသည်။

ဆံတော်ဓာတ်မြတ်အား ရွှေတိဂုံစေတီတော်မြတ်ကြီး ရှိ ချမ်းသာကြီးတန်ဆောင်းသို့ ပင့်ဆောင်ပူဇော်ရာတွင် ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊
ဗညားဒလလမ်း၊ ဦးအောင်မြတ်လမ်း၊ နတ်မောက်လမ်း၊
ဗဟန်းကြားတောရလမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့
ဘက်မုခ်သို့ ခြေကျင်ခရီးဖြင့် ပင့်ဆောင်ပူဇော်ခြင်းဖြစ် သည်။

ယင်းသို့ ပင့်ဆောင်ပူဇော်ရာ လမ်းတစ်လျှောက်တွင်
သံဃာတော်အရှင်သူမြတ်များအား ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများနှင့် ဧည့်
ပရိသတ်များက ရေသန့်ဘူးနှင့်  စနိုးတာဝါများ၊  စား
သောက်ဖွယ်ရာများနှင့် ဝတ္ထုငွေများ လှူဒါန်းကြပြီး ပင့်ဆောင်ပူဇော်ရာ လမ်းတစ်လျှောက်ရှိ ရဟန်းရှင်လူ
ပြည်သူအပေါင်းက ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော် ဓာတ်မြတ်အား ဖူးမြော်ကြည်ညိုကြသည်။

အဆိုပါ ဆံတော်ဓာတ်မြတ်အား ရွှေတိဂုံစေတီတော်
မြတ်ကြီးရှိ ချမ်းသာကြီးတန်ဆောင်း၌ ရဟန်းရှင်လူပြည်
သူအပေါင်း ဖူးမြော်ကြည်ညိုနိုင်ရန် ငါးရက်တိုင်တိုင် အပူ
ဇော်ခံထားရှိသွားမည်ဖြစ်ရာ ဧပြီ ၂၄ ရက် မွန်းလွဲ ၂
နာရီ ၃၄ မိနစ်တွင် ယနေ့ ပင့်ဆောင်ရာ လမ်းကြောင်း အတိုင်း ဗိုလ်တထောင်စေတီတော်မြတ်သို့ ပြည်တော်
ပြန် ပင့်ဆောင်မည်ဖြစ်ပြီး   ဧပြီ  ၂၇  ရက်တွင်
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်
မြတ်ကြီး၏ ဌာပနာတိုက်တွင်းသို့ ပြန်လည်ပင့်ဆောင်
မည်ဖြစ်ကြောင်း သိရသည်။

 သတင်း-အေးမင်းသူ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment