Latest News

Saturday, April 7, 2018

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လျာထားဝင်ငွေထက် ကျော်လွန်ရရှိ

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လျာထားဝင်ငွေထက် ကျော်လွန်ရရှိ

ဖျာပုံ   ဧပြီ   ၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြစ်ဝကျွန်းပေါ်ဌာနခွဲ သည်   များများသယ်၊  မြန်မြန်ပို့ ပြည်သူစိတ်ချမ်းသာဖို့   ဟူသည့်     ဆောင်ပုဒ်နှင့်အညီ  ကုန်စည်များ အလေအလွင့်အပျက်အစီး နည်းပါး စွာဖြင့် အရေအတွက်များစွာတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ပို့ဆောင်ပေး လျက်ရှိသကဲ့သို့ ခရီးသည်များအားသက်သောင့်သက်သာဖြင့် သွားလို သည့်ခရီးကို အဆင့်မီလုံခြုံစိတ်ချရ သည့် ရေယာဉ်များဖြင့် ပြေးဆွဲ ပေးလျက်ရှိနေကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်  ဌာနခွဲသည် ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ်အတွင်း ရန်ကုန်ကိုအခြေပြုပြီး ဘိုကလေး၊ လပွတ္တာ(အတွင်း)၊ လပွတ္တာ(အပြင်)နှင့်   ကျုံမငေး   စသည့်ခရီးရှည် ရေလမ်းကြောင်းများအပြင် ခရီးတို ရေလမ်းကြောင်း ကူးတို့ရေယာဉ်များ အဖြစ် ပန်းဆိုးတန်း(ရန်ကုန်)-ဒလ ချယ်ရီကူးတို့ရေယာဉ် အမှတ် (၁)၊ (၂)နှင့် (၃) ရေယာဉ်များ၊ ရန်ကုန်-ခနောင်တို ကူးတို့ရေယာဉ်နှင့် ဝါးတန်း (ရန်ကုန်)-ဒလ ကားကူးဇက်ရေယာဉ် ကူးတို့လုပ်ငန်းများဖြင့် ပြည်သူ့အကျိုး အတွက် သယ်ယူပို့ဆောင်ပေးလျက် ရှိနေကြောင်း သိရသည်။

အဆိုပါ   သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လျာထားဝင်ငွေ မှာ ငွေကျပ် ၁၈၅၆ ဒသမ ၁ဝဝ သန်း ဖြစ်ပြီး အမှန်တကယ်ရရှိဝင်ငွေမှာ ငွေကျပ် ၁၈၆၇ ဒသမ ၉၁၁ သန်း ရရှိ ခဲ့သဖြင့် လျာထားချက်ထက် ကျော်လွန် ရရှိခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲ  မန်နေဂျာ ဦးသိန်းမြင့်က ဧပြီ ၅ ရက် က ပြောသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများအနက် ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်နှင့် ဝါးတန်း(ရန်ကုန်)-ဒလ   ကားကူး ဇက်ရေယာဉ်လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။      

အောင်ဝင်း(ဖျာပုံ)​ကြေးမှုံ

No comments:

Post a Comment