Latest News

Tuesday, April 24, 2018

ရန်​ကုန်​ပြည်​ကားလမ်းမကြီးမှ ၃ ဖာလုံကွာလယ်​ကွင်းထဲမှ အမျိုးသားတစ်​ဦး​သေဆုံးလျှက်​​တွေ့ရှိ

ရန်​ကုန်​ပြည်​ကားလမ်းမကြီးမှ ၃ ဖာလုံကွာလယ်​ကွင်းထဲမှ အမျိုးသားတစ်​ဦး​သေဆုံးလျှက်​​တွေ့ရှိ

တိုက်​ကြီး ဧပြီ ၂၃

ရန်ကုန်တိုင်း​ဒေသကြီး တိုက်​ကြီးမြို့နယ်​ ဥတို​ကျေးရွာအုပါစုနှင့်​ကျိုက်​စကိုင်း​ကျေးရွာအုပ်​စုအစပ်​ ရန်​ကုန်​ပြည်​ကားလမ်းမကြီနှင့်​ ၃ ဖာလုံကွာ လယ်​ကွင်းထဲ၌ ဧပြီလ ၂၃ရက်​နံနက်​ ၀၈ နာရီတွင်​ ​သေဆုံး​နေ​ကြောင်း​တွေ့ရှိရသည်​။

ဖြစ်​စဉ်​မမှာ ဧပြီလ ၂၀ ရက်နေ့ည ၇.၃၀ နာရီတွင်ညီဖြစ်သူ ဝေဖြိုးအောင် ​ရေသန့်​ဘူးလဲရန်​အတွက်​ ဥတိုတာဆုံမရင်​ဌေး​ဈေးဆိုင်တွင်သွား​ရောက်​ လဲလှယ်ခိုင်း ခဲ့ပါသည်။

၎င်း​နေ့၉ နာရီအချိန် ညီဖြစ်သူ ပြန်လာခြင်းမရှိသဖြင့်ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းခေါ်မရသဖြင့် ဧပြီလ ၂၁ ရက်​နေ့ ည​နေ ၄ နာရီတွင်​ တိုက်​ကြီးမြို့မရဲစခန်းတွင်​ လူ​ပျောက်​အမှတ်​စဉ်​ ၇/၁၈ တိုင်​ကြားခဲ့ပါသည်​၊ထို့​နောက်​ရာ စုံစမ်းရှာ​ဖွေရာ ဥတိုအုပ်​စုနှင်​ ကျိုက်​စကိုင်း​ကျေးရွအုပ်​စု ရန်​ကုန်​ပြည်​လမ်းမကြီး နှင့်​ ၃ဖာလုံကွာ ဦး​မောင်​စိုး၏လယ်​ကွင်း​ စပါးပျိုးခင်းထဲတွင်​ ညီဖြစ်​သူ ​ဝေဖြိုး​အောင်​ ဝဲရင်​အုံတွင်​ ထိုးသွင်းဒဏ်​ရာ ၃ ချက်​၊ယာဘက်​ရင်​အုံတွင်​ ထိုးသွင်းဒဏ်​ ရာတစ်​ ချက်​၊ဦး​ခေါင်း​နောက်​​စေ့​ပေါက်​ပြဲဒဏ်​ရာ ၂ ချက်​၊နဖူး​ပေါက်​ပြဲဒဏ်​ရာ ၂ ချက်​၊ဒဏ်​ရာမားဖြင့်​​မှောက်​လျှက်​​သေဆုံး​သေည်​ကို​တွေ့ရှိရသည်​။

သိုဖြစ်​၍ ညီဖြစ်​သူ ​ဝေဖြိုး​အောင်​ ဒဏ်​ရာများဖြင့်​​သေဆုံး​အောင်​ပြုလုပ်​သူအားစုံစမ်း​ဖော်​ထုတ်​​ပေး​ရေးတိုင်​တန်းသည့်​အတွက်​ တိုက်​ကြီးမြို့မရဲစခန်းမှအမှုဖွင့်​ထားရှိပြီး မြို့မရဲစခန်​မှူး ဒုရဲမှူးသန်​ဦးမှစုံစမ်းလျှက်​ရှိ​ကြောင်းသင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်​)မြန်​မာ့အလင်း

No comments:

Post a Comment