Latest News

Tuesday, April 24, 2018

သစ်တောအတွင်း နေထိုင်သူနှစ်ဦး အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

သစ်တောအတွင်း နေထိုင်သူနှစ်ဦး အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

တာလေ  ဧပြီ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၊ တာလေမြို့၊  မိုင်းလင်း(အရှေ့) ကျေးရွာအုပ်စု ၊ နမ့်ခမ်း (၀)ကျေးရွာအနီးရှိ  တောင်ပေါ်သစ်တောအတွင်း နေထိုင်သူနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားခုတ်မှု ဖြစ်ပွားပြီး  ယနေ့   ဧပြီ ၂၄ ရက်နေ့၊ နံနက်က တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဧပြီလ(၂၄)ရက်နေ့  ၊ နံနက် ၁ နာရီခန့်က    နမ့်ခမ်း(၀)ရွာနေသူ ကိုမျိုး   ဆိုသူက တယ်လီဖုန်းဖြင့်   မိုင်းလင်းနယ်မြေရဲစခန်းသို့  အကြောင်းကြားချက်အရ  မိုင်းလင်းနယ်မြေရဲစခန်းမှူး    ရဲအုပ် အောင်မင်းဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများသွားရောက်စစ်ဆေး ကြည့်ရှုခဲ့ရာ ၊    နိုင်ထွန်း(ခ) မင်းထွန်း (၃၄)နှစ် (တပ်ကုန်းမြို့ဇာတိ) နှင့် အောင်မြင့်ဦး(၄၀)နှစ်၊ (တပ်ကုန်းမြို့ဇာတိ)တို့နှစ်ဦးသည်  အချင်းချင်းစကားများရန်ဖြစ်ရာမှ နိုင်ထွန်း(ခ)မင်းထွန်း က ဓားဖြင့်ခုတ်သဖြင့်  အောင်မြင့်ဦး မှာ ဦးခေါင်းနဖူး ၀ဲဘက်တွင် တစ်လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက် ၊ ၀ဲဘက်လက်ဖျံ တွင် နှစ်လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိပြီး ၊ တဲအတွင်း၌ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး၊ ယင်းဓားဖြင့် ခုတ်သူ နိုင်ထွန်း (ခ) မင်းထွန်း မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

သို့ဖြစ်၍ သေဆုံးသူ အောင်မြင်ဦး ၏  အလောင်းအား တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စစ်ဆေး စေပြီး၊  မိုင်းလင်းနယ်မြေရဲစခန်းတွင်   ဓားဖြင့်ခုတ်၍ထွက်ပြေးနေသူ နိုင်ထွန်း(ခ)မင်းထွန်းအား ဖမ်းဆီးရမိရေး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment