ဆိုင်ကယ်မောင်းသူသေဆုံး
ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင်တွင် ဧပြီလ ၄ ရက်နေ့နံနက် ၁၁နာရီအချိန်ခန့်ကယာဉ်တိုက်မှူဖြစ်ပွားရာမှလူသေဆုံးခဲ့သည်။
ဖြစ်စဉ်မှာရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၂၈/၆ နှင့် ၁၂၈/၇အကြားတွင်မန္တလေးဘက်မှရန်ကုန်ဘက်သို့ ရဲထက် ၂၄ နှစ် ကမ်းနားကျေးရွာ နွားထိုးကြီးမြို့နယ်နေသူမောင်းနှင်းလာသော ယာဉ်အမှတ် MDY7L/----- CHENGLONG အမျိုးအစား အုဖူရောင်ကုန်တင်တွဲယာဉ်သည် အမြန်လမ်းသရက်စိန်လမ်းခွဲ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်သို့တက်လာစဉ် ရန်ကုန်ဘက်သို့ အမည် နေရပ်(စုံစမ်းဆဲ)နေသူမောင်းနှင်လာသော Luojia-110တရုပ်နိုင်ငံလုပ် အစိမ်းရောင်ဆိုင်ကယ်အားပွတ်ချိတ်တိုက်မိခဲ့ပြီးလမ်း၏ဝဲဘက်ခြမ်းသို့ရောက်ရှိတိမ်းမှောက်ခဲ့ရာတွဲယာဉ်ပေါ်ပါရှိသူနှစ်ဦးမှာထိခိုက်မှူမရှိသော်လည်းဆိုင်ကယ်မောင်းသူမှာပြင်းထန်ဒဏ်ရာများရရှိကာပွဲချင်းပြီးသေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ယာဉ်အားလူသေဆုံးအောင်မဆင်မခြင်မောင်းနှင်းခဲ့သူယာဉ်မောင်းရဲထက်အားတောကျွဲအင်းနယ်မြေရဲစခန်းမှအမှူဖွင့်အရေးယူထားကြောင်းသိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
No comments:
Post a Comment