တစ်လောကလုံးမှာ မမြင်ဘူး မကြားဘူးတဲ့ မီတာလျှောက်နည်းအသစ်
*************************************************
ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အမှတ်( ၁ )ရပ်ကွက် လျှပ်စစ်ရုံးတွင် ပြည်သူများ ဒုက္ခခံ မီတာလျှောက်နေရပုံ
မြေပြင်တွင် ပြည်သူများစာရွက်စာတန်းများတန်းစီ၍ ဒုက္ခကြီးနေပုံ နေ့စဉ်လျှောက်ထားခြင်းကို လက်မခံဘဲ တာဝန်ရှိဝန်ထမ်းများ အားတဲ့အခါကြမှ လျှောက်ထားခွင့်ရခြင်းပါ
လျှောက်လွှာလက်ခံပေးတဲ့ အမျိုးသမီးဝန်ထမ်းလည်း အပြောအဆိုလည်းရိုင်းစိုင်းပါတယ် မျက်နှာကြောတင်းသည်ထက်ပိုပါတယ် မသိလို့မေးရင်လည်း ကြီးကြီးငယ်ငယ် သေချာမရှင်းပြပဲ အော်ငေါက်လွတ်ပါတယ် တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်ပါ ပထမ အသုတ်မီတာလျောက်တာမှာ တစ်စောင်၅၅၀၀ ပေးပြီး transformer သယ်ယူရေးအတွက်မီးလင်းရေးကော်မတီမှကောက်ခံကြောင်းသိရပါတယ်
ယခုနောက်ထပ်ပြီးလျှောက်လွှာတွေပြန်လျှောက်ခိုင်းတော့လည်း ခုလို ပုံစံအနေအထားနဲ့ ပြန်လျှောက်ခိုင်းစေပါတယ် မီတာလာလျှောက်ကြတဲ့သူတွေမှာလည်းည ၁၂ နာရီ လောက်ထဲက လျှောက်လွှာတန်းစီပြီး ထပ်နေရတာပါတဲ့ မီတာလိုချင်တော့လည်း ဒုက္ခစုပြီးခံကြရပြန်ပြီပေါ့😞😞
တစ်စောင်လျှင် ၅၅၀၀ ကောက်ခံသည်မှာ Transformer ကို
ဓနုဖြူမှသယ်ယူရေးအတွက် မြို့ ရပ်ကွက်မီလင်းကော်မတီတို့က တိုင်ပင်ဆွေးနွေးပြီးငွေကိုချေးထား
ကြောင်း ဘတ်ချက်ကျမှသာ ပြန်ပေးမယ်လို့ သိရပါကြောင်း😪😪
တွေ့သမျှကျောက်ခဲတွေအကုန်လုံးလည်း အငြိမ်မနေရ လေတိုက်ရင် တစ်စစီလိုက်ကောက်ရမှာစိုးလို့
တစ်ရွတ်ချင်းစီ လိုက်ဖိထားရဲ့ဘဝ😢😢
Photo Ko Pyi Soe
Original writer စိမ့် သူ
No comments:
Post a Comment