Latest News

Monday, April 23, 2018

‌ကျေးရွာ(၅)ရွာ စု‌ပေါင်း၍ ပထမအကြိမ်‌ စာ‌ပေ‌ဟော‌ပြောပွဲ ကျင်းပ

‌ကျေးရွာ(၅)ရွာ စု‌ပေါင်း၍ ပထမအကြိမ်‌ စာ‌ပေ‌ဟော‌ပြောပွဲ ကျင်းပ


ကျုံ‌ပျော်‌- ဧပြီ   ၂၃

စာ‌ပေတန်‌ဖိုးထားသူ၊ စာ‌ပေချစ်‌သူ ပြည်‌သူများ ဗဟုသုတရရှိ‌စေရန်‌ ရည်‌ရွယ်‌၍‌ကျေးရွာ(၅)ရွာ စု‌ပေါင်းကျင်းပ‌သော ပထမအကြိမ်‌ စာ‌ပေ‌ဟော ‌ပြောပွဲကို လဟာပိုင်း‌ကျေးရွာ၌ ဧပြီ(၂၂)ရက်‌ ည(၈)နာရီအချိန်‌တွင်‌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်‌။ အဆိုပါစာ‌ပေ‌ဟော‌ပြောပွဲဖြစ်‌‌မြောက်‌ရန်‌ အတွက်‌ ကျုံ‌ပျော်‌မြို့နယ်‌အတွင်းရှိ လဟာပိုင်း၊ ခရုရိုး၊ ထိန်‌တပင်‌၊ ထိန်‌ငူကြီးနှင့်‌ ကွင်းသာ‌ကျေးရွာအုပ်‌စုများ စု‌ပေါင်း‌ဆောင်‌ရွက်‌ ကြခြင်းဖြစ်‌ပြီး၊ ရန်‌ကုန်‌ နာ‌ရေးကူညီမှုအသင်းဥက္ကဋ္ဌ ၊ရုပ်‌ရှင်‌နှင့်‌ဗွီဒီယို သရုပ်‌‌ဆောင်‌ ၊ဒါရိုက်‌တာ အကယ်‌ဒမီ ‌ဦးကျော်‌သူက ဖျတ်‌ကနဲ‌ပေါ် ဆတ်‌ကနဲလုပ်‌ ခေါင်းစဉ်‌ဖြင့်‌ လည်း‌ကောင်း၊ ရုပ်‌ရှင်‌နှင့်‌ ဗွီဒီယိုသရုပ်‌‌ဆောင်‌ ဦးညီ‌ဂျော်‌က ညီ‌ဂျော်‌နှင့်‌ ပရဟိတများ
‌ခေါင်းစဉ်‌ဖြင့်‌လည်း‌ကောင်း ၊ ဆရာ‌ဆောင်း(၈၈) က ကျွန်‌‌တော့်‌ Role Model(စံပြု ) ရ‌သောပုဂ္ဂိုလ်‌များ‌ခေါင်းစဉ်‌ဖြင့်‌ လည်း‌ကောင်း အသီးသီး ဟော‌ပြော‌ခဲ့ကြကြောင်း၊ စာ‌ပေဝါသနာရှင်‌ပြည်‌သူများ လာ‌ရောက်‌နားဆင်ခဲ့ကြ‌ကြောင်း သိရသည်‌။

 နေဝင်းမြင့်‌ (ပြန်‌/ဆက်‌)

No comments:

Post a Comment