Latest News

Monday, April 23, 2018

သီးနှံစိုက်ခင်းများပျက်စီးရခြင်းမှာ သစ်ထုတ်လုပ်ရေး ဆင်ကြောင့် မဟုတ်ဘဲ တောဆင်ရိုင်းတစ်ကောင်ကြောင့် ဟုဆို

သီးနှံစိုက်ခင်းများပျက်စီးရခြင်းမှာ သစ်ထုတ်လုပ်ရေး ဆင်ကြောင့်  မဟုတ်ဘဲ တောဆင်ရိုင်းတစ်ကောင်ကြောင့် ဟုဆို

စဥ့်ကူး   ဧပြီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်တွင် မာလဲ-နတ်တောင် ဒေသရှိတောင်သူသီးနှံစိုက်ခင်းများ ပျက်စီးရခြင်းမှာ ဝါဆိုသစ် ထုတ်လုပ်ရေး ဆင်ကြောင့် မဟုတ်ဘဲ တောဆင်ရိုင်းတစ်ကောင်ကြောင့် သာဖြစ် ကြောင်း၊ ဝါဆိုဆင်စခန်းမှ ဘေးမဲ့လွတ်ထားသောဆင်လည်း မရှိကြောင်း၊ စဥ့်ကူးမြို့သစ်တောဦးစီးဌာနနှင့် သစ်ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိသူတို့ထံမှ သိရှိရသည်။

စဥ့်ကူးမြို့နယ် ဒိုးနွယ်သစ်ထုတ်လုပ်ရေးစခန်းမှ အသက်အရွယ် ကြီးရင့်၍ လွတ်ထားသောဆင် တစ်ကောင်ကြောင့် အဆိုပါဒေသရှိ တောင်သူသီးနှံစိုက်ခင်းများပျက်စီးရခြင်းဆိုသည်မှာ မှန်ကန်မူမရှိ ကြောင်း၊ ကြံစိုက်တောင်သူ ဦးသိန်း ထင်းမြင်ယူဆချက်သာဖြစ်ကြောင်း၊ မိမိတို့ဌာနမှဘေးမဲ့လွတ်ဆင်လဲ မရှိပါကြောင်း၊ ၄င်းဒေသမှ တောင်သူများ၏လာရောက်တင်ပြချက်အရ အဆိုပါတောရိုင်းဆင်အား သစ် ထုတ်လုပ်ရေးဆင်ယဉ်များနှင့် လူအင်အားတို့ဖြင့်ချောက်လှန့်ကာ အခြားဝေးရာတောထဲသို့ အကြိမ်ကြိမ် မောင်းထုတ်ပေးခဲ့ရကြောင်း၊ အဆိုပါဆင်ရိုင်းသည် နွေရာသီ စာကျက်ရှားပါးလာ၍ စားကျက်ရှိရာသိုသာ ပြန်လည်ရောက်ရှိလာနေကြောင်း၊ ၄င်းဆင်ကြောင့် တောင်သူစိုက်ခင်းများပျက်စီးရခြင်းမှာလည်း မှန်ကန် ပါကြောင်းနှင့် အဆိုပါတောဆင်ရိုင်းကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာ ခရိုင်နှင့် တိုင်းဒေသကြီးတာဝန်ရှိ သူတို့ထံတင်ပြထားပါကြောင်း  အဆိုပါ သစ်တောနှင့် သစ်ထုတ်လုပ်ရေးတာဝန်ရှိသူတို့က ပြောပြ၍ သိရ သည်။
                                                                                             ဝင်းမောင်(မြန်​မာ့အလင်း)

No comments:

Post a Comment