ပုပ္ပား-ညောင်ဦးဗျတ္တပန်းဆက်လမ်းပေါ် ပိုက်ဆံတောင်းရမ်းနေသူများကြောင့်ဒေသခံအချို့စိတ်အနှေက်အယှက်ဖြစ်
ညောင်ဦးဧပြီ ၃
မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတို့ဆက်သွယ်ဖောက်လုပ်ထားသောဗျတ္တပန်းဆက်လမ်းပေါ်တွင် နေ့စဉ်ခရီးသွားဘုရားဖူးကားများအားလက်ပြနှုတ်ဆက်ပိုက်ဆံတောင်းရမ်းနေသူများကြောင့်ဒေသခံများနှင့်ခရီးသည်တင်မော်တော်ယာဉ်မောင်နှင်သူများစိတ်အ
နှောက်အယှက်ဖြစ်နေကြကြောင်းသိရသည်။
အဆိုပါ လက်ပြနှုက်ဆက်တောင်းရမ်းနေသူများသည် ဗျတ္တပန်းဆက်လမ်းလမ်းဘေးကျေးရွာများမှဖြစ်ပြီးချို့တဲ့ချင်ယောင်ဆောင်ကြကာတောင်းရမ်းနေကြပြီးနယ်ခံများမှ ထိုသို့တောင်းရမ်းနေသူများအားပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပုပ္ပားအဆင်းနှင့် မန်ကျည်းစောက်ကျေးရွာ ဗျတ္တပန်းဆက်လမ်းအ၀င်တို့တွင်
ပညာပေးဗီနိုင်းစများထောင်ထားစေပြီး ၄င်းတောင်းရမ်းသူများကို ပိုက်ဆံများကားပေါ်မှကြဲချပေးခြင်း၊ကားရပ်၍ပေးခြင်းများမပြုလုပ်စေသောစာသားများရေးကာဗျတ္တပန်းဆက်လမ်းဖြတ်သည့် ကားများကိုလည်း တာဝန်ရှိသူများမှယာဉ်မောင်းနှင့်ခရီးသွားပြည်သူများကိုပိုက်ဆံများမကြဲချဖို့ပြုပညာပေးလုပ်ပေးစေလိုကြောင်းဆင်လူအိုင်ကျေးရွာ
နေဦးရဲကျော်ကပြောပြသည်။
ပုပ္ပားဗျတ္တပန်းဆက်လမ်းသည် နွေမိုးဆောင်းဘုရားဖူးခရီးသွားပြည်သူများပြားလွန်းပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်များပါ လာရောက်ကျသည့်အတွက် တောင်းရမ်းနေသူများမြင်တွေ့ရသည့် အခါ
ဧည့်လမ်းညွှန်များဖြေဆိုရခက်သည့်အတွက် နိုင်ငံပုံရိပ်ပါကျဆင်းစေကြောင်းဧည့်လမ်းညွှန် ကိုမျိုးကျော်နိုင်ကပြောပြသည်။ထိုသို့လက်ပြတောင်းရမ်းနေသူများသည် စီးပွားရေးအဆင်မပြေလို့မဟုတ်ဘဲလွယ်လွယ်ရပြီးလွယ်လွယ်သုံးနေရကာအရွယ်စုံတောင်းရမ်းနေရာအချို့ကျောင်းသားကျောင်းသူလေးများပင်ပါနေသောကြောင့် စာရိတ္တပျက်စီးစေနိုင်ပြီးပုပ္ပားအဘထွက်ပွဲရောက်လျှင် အချို့ကျေးရွာများမှာအိမ်ရှိလူကုန်ထွက်တောင်းရမ်းနေသည်မှာ မြင်လို့မကောင်းအောင်တွေ့မြင်နေရကြောင်းကျောက်ပန်းတောင်းလူမှု့ရေးအဖွဲ့အစည်းများမှပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးဘူးသော်လည်း ခဏသာမတောင်းရမ်းဘဲနေကာ တာဝန်ရှိသူများလာရောက်လျှင်လည်း တောထဲဝင် ပြေးကြကြောင်းဒေသခံများကပြောပြသည်။
ကိုထိန်၊ငါ့သရောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment