Latest News

Sunday, April 22, 2018

မြင်တတ်အောင် ကြည့်ဖို့ လိုပေသည်


နောက်ထပ် ကြားရသည့် သတင်း ကတော့ မနေ့က ဒုရဲအုပ် မိုးရန် နိုင်၏ ထွက်ချက် ကြောင့် ၎င်း၏ ဇနီးသည် အလုပ်လက်မဲ့ အိမ်ထောင်ရှင်အမျိုသမီူ အသက် ၄၂ နှစ်ရှိ မတူးတူး အား နေပြည်တော် ရှိ ရဲဝန်ထမ်း အိမ်ယာ မှ ချက်ခြင်းလို ဆင်းပေးရန် အထက်က အမိန့်ထုတ်လိုက်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ထို့အတွက် အိမ်ထောင်ပရိဘောဂများ ထရပ်ကား တစီး အပေါ် အလုအယက် တင်ကာ ၎င်း၏ ခဲအိုဖြစ်သူ နေပြည်တော်ရှိ ကိုရဲဝင်းနိုင်အိမ်ကို သမီး နှစ်ယောက် သားတယောက် လက်ဆွဲကာ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

ထို့အတွက် မြန်မာ သတင်းစာ ဆရာများ စောင့်ရှောက်ရေး ကော်မီတီ မှ ဒီအတိုင်း ပြစ်ထား၍ မရတော့အပဲ အမှန်တရားကို ရဲဝန့်စွာ ရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ် ဦးမိုးရန်နိုင် မိသားစု အား ထောက်ပံ့ရန် ရံပုံငွေ များ စုဆောင်းခဲ့ရာ ၁၅ သိန်း ရရှိနေပြီး နေပြည်တော်ရှိ သတင်းထောက်များ ထောက်ပံ့ငွေ ကျပ် ကိုးသိန်း ရရှိခဲ့ပါတယ်။

သို့သော်လည်း ခင်ပွန်းဖြစ်သူ၏ ဂုဏ်သိက္ခာ အတွက် အထင်မှားစရာ ဖြစ်မည် စိုး၍ အဆိုပါ ငွေများကို မိသားစု က လက်ခံရန် ငြင်းပါယ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေး ဆိုသည်က လွန်စွာ ရှုပ်ထွေး တတ်တဲ့ အတွက် ဒီနေရာ မှာ ရိုက်တာ သတင်းထောက် နှစ်ဦး ကိစ္စကို ကျွန်တော်တို့ ဘက် နှစ်ဖက် ကနေ ရှု့မြင်တတ်ဖို့ လိုပါတယ်။

တဖက်က အဆိုပါ သတင်းထောက် နှစ်ဦး အနေဖြင့် ဖြစ်ရပ်မှန် သတင်းများ နောက်လိုက်ရင်း အာရုံလွန်ကာ နိုင်ငံတကာ၏ ဖိအားပေးမှု ရန်လိုမှုများ ကို မဆမတန် ခံစားနေရတဲ့ နိုင်ငံ နှင့် အစိုးရ အတွက် မည်သို့မျှ အထောက်အကူ မပြု သည့် လုပ်ရပ် အဖြစ် ရှု့မြင်၍ ရပါတယ်။

သို့သော် တဖက်တွင် တရားဥပဒေ ဘက်တော်သားများက လူတယောက်အား ရာဇ၀တ်မှု ကျုး လွန်ရန် သွေးဆောင် ဖြားယောင်းကာ ဖမ်းဆီးခဲ့ခြင်းအား ကျွန်တော်တို့ အနေနဲ့ မည်သို့မျှ လက်ပိုက်ကြည့်ကာ ခွင့်ပြု၍ မရ ရှုတ်ချရမည်သာ ဖြစ်ပါတယ်။

ဒီနေရာမှာ ၎င်းတို့သာ သွေးဆောင် ဖြားယောင်းမှု inducement မရှိပါက အဆိုပါ ပုဂ္ဂိုလ်သည် မည်သို့မျှ အဆိုပါ ရာဇ၀တ်မှု ကို ကျုးလွန်ဖွယ် မရှိ၊ ကျုးလွန်ရန်လည်း အခြေအနေ မပေး ဆိုသည် အဖြစ်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ထိုသို့ အဖြစ်အပျက်ကြီးကို ကျွနူပ်တို့က မှန်ကန်သည်ဟု ဆိုပါက မည်သည့် နိုင်ငံသားမှ တရားဥပဒေ အရိပ် အာဝါသ အောက်တွင် လုံခြုံမှု ရှိတော့မည် မဟုတ်ပေ။

နိုင်ငံတကာ တွင် ရဲအဖွဲ့ဝင်များ က entrapment ခေါ်သည့် ထောင်ဖမ်းသည့် ကိစ္စများ ရှိခဲ့ဖူးပါတယ်၊ သို့သော် အဆိုပါ အမှု များက သံသယ အရှိခံရသူ သည် ရာဇ၀တ်မှုများ ကို ဆက်တိုက် ကျုးလွန်နေပြီး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကိစ္စမျိုးတွင် သာ အသုံးပြုခွင့် ပေးထားပါတယ်။ သို့သော် တရားရုံးတွင် တော့ အငြင်းပွား ဖွယ် ဖြစ်လာပါတယ်။

ဥပမာ အမေရိကန်တွင် နီဘရာစကား ပြည်နယ်ရှိ လူတဦးသည် ကလေးများ ပါဝင်သော အပြာဇာတ်လမ်း များကို ၀ယ်ယူ တတ်ကြောင်း သံသယရှိသော်လည်း အခြား မည်သည့် သက်သေမျှ မရှိ၊ ၎င်း၏ အိမ်သို့ ၀င်ရှာရန် ခိုင်လုံသော အထောက်အထား မရှိသဖြင့် နောက်ဆုံး ရဲ အဖွဲ့ မှ ၎င်းထံ စာတိုက်မှ အဆိုပါ အခွေများ ကို ပေးပို့လိုက်ပါတယ်။ ထိုသို့ ပေးပို့ပြီး ၎င်း လက်ဝယ် ရောက်ရှိသွားသည်ဟု သေချာ သော အချိန်တွင် ဖမ်းဝရမ်း နဲ့ ၀င်ရှာခဲ့ပါတယ်။ သို့သော် ၎င်း၏ အိမ်ထဲတွင် ရဲအဖွဲ့ မှ ပို့ပေးသော အခွေများ မျ လွဲ၍ အခြား ၎င်းဘာသာ ၀ယ်ယူထားသော အခွေများ ကို ရှာမတွေ့ခဲ့ပါဖူး၊ သို့သော် ရဲအဖွဲ့ က စာတိုက် က အခွေများ လက်ဝယ် တွေ့ရှိမှု နှင့် ပဲ ဖမ်းဆီးခဲ့ပါတယ်။ သို့သော် တရားရုံးက ၎င်းကို အပြစ်မှ ကွင်းလုံးကျွတ် လွတ်စေခဲ့ပါတယ်။

ဖီလစ်ပိုင် သမ္မတ ဒူတာတေးမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ရဲများကို Sweeping power အတိုင်းအဆမရှိ အာဏာ များ ပေးကာ တွေ့ရာ သချိုင်း ဓါးမဆိုင်း ရှင်းလင်း သုတ်သင်ခိုင်းခဲ့၍ မူးယစ် ဆေးဝါး ရောင်းဝယ် ကူးသန်းသူများ ထောင်သောင်းချီ၍ လမ်းပေါ်မှာပဲ ပြစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

ထိုသို့ လုပ်ရပ်များ ကို ကျွန်တော်တို့ ချီကြူးသင့်ပါ၏လော၊ ချီကြူးသင့်သည်ဆိုသော လူများထဲတွင် ကျွန်တော် မပါဝင်ပေ၊ အဘယ်ကြောင့်ဆိုသော ထိုသို့ ပေးအပ်ထားသော အာဏာများ ကို အလွဲသုံးကာ ရဲများမှ ၎င်းတို့ နှင့် ၎င်းတို့၏ မိသားစုများနှင့် ရန်ကြွေး ရှိသူများ ကို လိုက်လံသတ်ဖြတ်ကြမည် ဖြစ်သောကြောင့်ပင်၊ သတ်ပြီးပါကလည်း ၎င်းတို့ အနားတွင် ဘိန်းထုတ် တထုတ် ပြစ်ချ၍ မူးယစ်ဆေးဝါး သမား ဟု ကင်ပွန်းတပ်၍ မရပြီလော၊ သို့မဟုတ်ကလည်း ခင်ဗျား နာမည် မူးယစ် ကုန်ကူးသူ စာရင်းမှာ ပါနေတယ်ဟု ငွေညှစ်ခံကြရဖို့လည်း ရှိလာနိုင်ပါတယ်။ ထို့ အတွက်လည်း နောက်ပိုင်း ဒူတာတေး ကိုယ်တိုင် ရပ်ဆိုင်း ပြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ အနေနဲ့ မူးယစ်ဆေးဝါး သမား တထောင် အသတ်ခံရ၍ ၀မ်းနဲစရာ မဟုတ်ပေမယ့် အပြစ်မဲ့ လူတဦး အကြောင်းမဲ့ အသတ်ခံခဲ့ရမည် အရေးကိုတော့ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ကော ထိုသို့ ပြုလုပ်ခွင့်ပေးပါက မူးယစ်ဆေးဝါး နှင့် မပါတ်သက်သော ကျွန်တော်တို့ကော လုံခြုံမှု ရှိမည်ဟု ထင်ပါ၏လော၊

သတင်းထောက်များ အနေနဲ့ ရဲအဖွဲ့ အဆို နိုင်ငံတော် လျို့ဝှက်ချက်များကို ရရန် ငွေပေး၍ ၀ယ်ခဲ့ခြင်း မဟုတ် ၎င်းတို့ ပေး၍သာ လက်ခံ ယူခဲ့ခြင်း ဖြစ်သည်၊ သို့မဟုတ်ပါက မည်သို့မျှ ရနိုင်ဖွယ်မရှိဟု Affirmative Defense အတွက် လမ်းပွင့်သွားခဲ့ရပြီ ဖြစ်ပါတယ်။
လှစိုးဝေ

No comments:

Post a Comment