Latest News

Monday, April 30, 2018

မြောက်နှင့်တောင် ပေါင်းစည်းခြင်းအတွက် စံတော်ချိန် ပြန်လည်သတ်မှတ်မည်

မြောက်နှင့်တောင် ပေါင်းစည်းခြင်းအတွက် စံတော်ချိန် ပြန်လည်သတ်မှတ်မည်

ဆိုးလ်  ဧပြီ  ၃ဝ

မြောက်ကိုရီးယားနိုင်ငံက မြောက်နှင့် တောင်  ပေါင်းစည်းခြင်း  အချိန်များ ဟူသော အမိန့်အား အကောင်အထည် ဖော်သည့်အနေဖြင့်  ပြုံယမ်းစံတော်ချိန်ကို  ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း  ဧပြီ  ၃ဝ သတင်းများတွင် ဖော်ပြထား သည်။

မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်း စံတော်ချိန်ကို မေလ ၅ ရက်မှစတင်ကာ  လက်ရှိအချိန်ထက် ရှေ့သို့  နာရီဝက်  စောကာ ပြန်လည်ချိန်ညှိ  သတ်မှတ် သွားမည်ဖြစ်ကြောင်း  ကိုရီးယားဗဟို သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျယ်အင်းနှင့် ဧပြီ ၂၇ ရက်က ပန်မွန်ဂျုံကျေးရွာ ထိပ်သီးအစည်းအဝေး အတွင်း တွေ့ဆုံခဲ့စဉ်က အခြားအရာများ မပြုလုပ်မီ တောင်နှင့်မြောက် စံတော်ချိန် များ ပေါင်းစည်းရန် အဆိုပြုခဲ့ကြောင်း သိရသည်။

''ထိပ်သီးအစည်းအဝေးပြုလုပ်ရာ နေရာမှာ  ချိတ်ဆွဲထားသည့်  ပြုံယမ်းနှင့် ဆိုးလ်၏     စံတော်ချိန်ကို  ညွှန်ပြ နေသည့်  နာရီနှစ်လုံးကို  မြင်ရသည်မှာ နာကျင်ခံစားရကြောင်း''  မြောက်ကို ရီးယားခေါင်းဆောင်  ကင်ဂျုံအန်းက ပြောခဲ့သည်။

အဆိုပါ ပြောင်းလဲမှုသည် တောင်  မြောက်ကိုရီးယားနှစ်နိုင်ငံ   ပြန်လည် သင့်မြတ်ခြင်းနှင့် စည်းလုံးခြင်းအတွက်  လက်တွေ့ကျသော ပထမခြေလှမ်းဖြစ် ကြောင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၏  မတူကွဲပြားမှုနှင့် သီးခြားဖြစ်တည်နေမှု များအား တူညီပြီး တစ်ခုတည်းဖြစ်စေ မည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယခင်က  ကိုရီးယားနှစ်နိုင်ငံသည်  စံတော်ချိန်တစ်ခုတည်းကိုသာ အသုံးပြု ခဲ့ကြောင်း  သိရသည်။  သို့သော်လည်း ၂ဝ၁၅  ခုနှစ်  သြဂုတ်လတွင်  ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး   ယိုယွင်းလာခဲ့ပြီး နောက်     မြောက်ကိုရီးယားနိုင်ငံက ၄င်းတို့၏   စံတော်ချိန်အား   မိနစ်   ၃ဝ နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ မြန်​မာ့အလင်း

No comments:

Post a Comment