ပေကျင်း ဧပြီ ၃ဝ
တရုတ်နိုင်ငံမြောက်ပိုင်း ကျေးရွာတစ်ရွာ၌ ဧပြီ ၃ဝ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ကိုးဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည့် သတင်းတစ်ရပ်ကို အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါမြေပြိုမှုသည် တရုတ်နိုင်ငံမြောက်ပိုင်း ဆိုင်ဂျာချွမ် Caijiazhuang ကျေးရွာ၌ ဒေသစံတော်ချိန် နံနက် ၅ နာရီမတိုင်ခင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှန်ရှီ (Shanxi) ပြည်နယ် လုလျန်း (Luliang) မြူနီစီပယ်အစိုးရအာဏာပိုင်များက ပြောခဲ့သည်။
မီးသတ်သမား ၁ဝဝ ကျော်၊ ဆေးဘက်ဆိုင်ရာအကူနှင့် ကယ်ဆယ်ရေးသမားများ အပါအဝင် စက်ယန္တရားကြီးများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် ရှာဖွေကယ်ဆယ် ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
မြေပြိုကျရသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးကြောင်း သိရ သည်။ လွန်ခဲ့သော ၂ဝဝ၈ ခုနှစ်တွင် ဖြစ်ပွားသော လောင်လင်မြေပြိုမှုတွင်လည်း လူ ၁၉ ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။ မြန်မာ့အလင်း
No comments:
Post a Comment