Latest News

Monday, April 30, 2018

ထိန်ပင်အမှိုက်ပုံမီးလောင်မှု ဇုန်အလိုက်သတ်မှတ်ငြှိမ်းသတ်ရာ အောင်မြင်ထိရောက်မှုရှိ

ထိန်ပင်အမှိုက်ပုံမီးလောင်မှု  ဇုန်အလိုက်သတ်မှတ်ငြှိမ်းသတ်ရာ  အောင်မြင်ထိရောက်မှုရှိ



ရန်ကုန်   ဧပြီ   ၃ဝ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ်၍  ငြှိမ်းသတ် လျက်ရှိရာ အောင်မြင်ထိရောက်မှုရှိပြီး ယနေ့တွင် မူလသတ်မှတ်ထားသည့် အတိုင်း (B)ဇုန်ကို အပြီးသတ်ငြှိမ်းသတ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။

ဒဒမနေ့တုန်းကတော့ (A)ဇုန်ကို အောင်မြင်စွာ  ငြှိမ်းသတ်နိုင်ခဲ့ပါတယ်၊ ဒီနေ့မှာတော့  သတ်မှတ်ထားတဲ့အတိုင်း (B) ဇုန်ကိုငြှိမ်းသတ်တာပါ၊ တကယ်ပဲ ပင်ပင်ပန်းပန်းလုပ်ရမယ်လို့ ထင်ထားတဲ့အတိုင်း လက်တွေ့မှာလည်းလုပ်ရတာ  ပင်ပန်းကြပါတယ်၊ (B)ဇုန်ဟာတောင်ကုန်းလိုဖြစ်နေတဲ့ အမှိုက်ပုံအနေအထားကြောင့်Bio Foam ကို အဓိကသုံးပြီး  ငြှိမ်းသတ်ခဲ့ရပါတယ်၊ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြီးသလောက် ဖြစ်သွားပါပြီ၊ ဒီကနေ့မှာ (B)ဇုန်ကို အပြီးသတ်ငြှိမ်းမယ်ဆိုတဲ့အတိုင်းပဲ ငြှိမ်းသတ် နိုင်ခဲ့ပါတယ်၊ နောက်တစ်နေ့မှာ ငြှိမ်းသတ်ရမယ့် (C) ဇုန်ရဲ့ ဧရိယာကို ကြည့်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အပြီးပြတ် ငြှိမ်းသတ်နိုင်မှာပါ၊ အဲဒီလိုပဲကျန်တဲ့ (D) ဇုန်ကိုလည်း  တစ်ရက်ကိုတစ်ဇုန်နှုန်းအလိုက်  သတ်မှတ်အချိန်အတိုင်း အပြီးပြတ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ် ဟု ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောသည်။
အပြီးသတ်မီးငြှိမ်းသတ်မှု  ဆောင် ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန်  တိုင်းဒေသကြီး   အစိုးရအဖွဲ့အနေဖြင့် ပြည်ပမှ   ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့်  အကြံပြုချက်များဖြင့် လည်း   ဆောင်ရွက်လျက်ရှိသကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး     ဝန်ကြီးဌာနသည် အာဆီယံသဘာဝဘေး   ကော်မတီဝင် နိုင်ငံဖြစ်သည့်အတွက် အာဆီယံအရေး ပေါ် တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ Asean ERAT Team နှင့် ချိတ်ဆက်ကာ လိုအပ်သော အကြံပြုချက်များကိုလည်း ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့တွင် စင်ကာပူ အများ ပြည်သူဆိုင်ရာ ကာကွယ်ရေးနှင့် မီးသတ် တပ်ဖွဲ့မှ ကျွမ်းကျင်သူ မီးသတ်သမားများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် သူများပါဝင်ကာ မီးငြှိမ်းသတ်နေမှုနှင့် နည်းစနစ်ပိုင်းအခြေအနေတို့ကို ဧပြီ ၂၉ ရက်နှင့်  ၃ဝ  ရက်တို့တွင်  လာရောက် လေ့လာခဲ့ပြီး လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူတို့အား အကြံပြု ဆွေးနွေးတင်ပြသည်။

ဆွေးနွေး    အကြံပြုချက်များနှင့် ပတ်သက်၍   သဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး  ဦးစီးမှူး  òန်ကြားရေးမှူး ဦးဝင်းရွှေက    ''သူတို့အနေနဲ့ကတော့ လက်ရှိမီးငြှိမ်းသတ်နေမှုအပေါ် လေ့လာ ပြီး  တွေ့ရှိချက်တွေကို  အကြံပြုတာပါ၊ အကြံပြုချက်တွေကတော့ မီးသတ်တပ်ဖွဲ့ ဝင်တွေ      လက်ရှိငြှိမ်းသတ်နေတာနဲ့ ကွဲလွဲမှုသိပ်မရှိပါဘူး၊ တော်တော်များများ တူပါတယ်၊  အဓိကအားဖြင့်တော့ မီးသတ် တပ်ဖွဲ့ဝင်တွေအတွက Safety  ပိုင်းကို ဦးစားပေးပြီး      အကြံပြုသွားတာကို တွေ့ရပါတယ်၊  လုပ်ငန်းနဲ့  သက်ဆိုင်တဲ့ တစ်ကိုယ်ရေ     ဆက်စပ်ပစ္စည်းတွေကို ကောင်းကောင်းသုံးစေချင်တဲ့    သဘော ပါ''ဟု ပြောသည်။

 ကြိုးစားဆောင်ရွက်လျက်ရှိ
ယခုအခါ မီးလောင်မှု၏ ၉ဝ ရာခိုင် နှုန်းကို     ငြှိမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေမှု နှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်မှစတင်၍  (A,B,C,D)ဇုန်များသတ်မှတ်ကာ  ငြှိမ်းသတ်လျက် ရှိရာ  အောင်မြင်ထိရောက်မှုရှိပြီး ယနေ့ တွင် (B)ဇုန်ကို သတ်မှတ်အချိန်အတိုင်း အောင်မြင်စွာ   ငြှိမ်းသတ်နိုင်ခဲ့သည်။

အလားတူ(C)ဇုန်နှင့်     (D)ဇုန်တို့ကို ဆက်လက်ငြှိမ်းသတ်    သွားမည်ဖြစ်ရာ နောက်နှစ်ရက်အကြာတွင်   အပြီးပြတ် ဆောင်ရွက်သွားနိုင်ရန်   ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ် တပ်ဖွဲ့ အနေဖြင့် စစ်ဆင်ရေး ဧရိယာတွင် မီးသတ်တပ်ဖွဲ့အင်အား   ၄၅ဝ  ခန့်ကို အဓိကထားကာ   သတ်မှတ်အဆိုင်းများ အလိုက်     ခွဲဝေအသုံးပြုခဲ့သည့်အပြင် ပူးပေါင်းအင်အားများဖြင့်လည်း  ဆောင် ရွက်ခဲ့သည်။

မီးငြှိမ်းသတ်မှုတွင်           ပါဝင်သူ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ ဝင်တစ်ဦးက  ''ဒီနေ့ ငြှိမ်းရတဲ့နေရာက တောင်ကုန်းပုံစံမျိုး        ဖြစ်နေတော့ လေလည်း  တော်တော်တိုက်တဲ့အတွက် မီးခိုးတွေမွှန်တဲ့ဒဏ်ကို   အရင်နေ့တွေ ထက်ပိုခံရတယ်၊ မြေပြင်  အနိမ့်အမြင့် ကလည်း   မတူတာကြောင့်   အမှိုက်ပုံ အတွင်းထဲအထိ စိမ့်ပြီးဝင်သွားအောင် တစ်နေရာနဲ့တစ်နေရာ   အချိန်ပေးပြီး ငြှိမ်းသတ်ခဲ့ရပါတယ်၊ တော်တော်တော့ ပင်ပန်းပါတယ်၊   အားလုံးက  ကြိုးစား ငြှိမ်းသတ်ခဲ့တာကြောင့် သတ်မှတ်နေရာ ကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်''ဟု ပြောသည်။

ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနအနေဖြင့် မီးခိုးဒဏ်ကို ခံစားရသော ပြည်သူများနှင့်   မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်နေသူများကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးကုသ မှုစခန်းများ  ဖွင့်လှစ်ကာ  ပြည်သူများ အတွက်   ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

ထို့အတူ      မီးလောင်မှုအနီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အရပ်ဘက်   အဖွဲ့အစည်းများကလည်း ကျန်းမာရေး        စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များကလည်း အစားအသောက်၊ ရေနှင့် ဆေးဝါးများကို လာရောက်လှူဒါန်းလျက်ရှိသည်။
စေတနာ   ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်ခင်မြအေးက ''ကျွန်မတို့အနေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့   အသက်ရှူ မဝတဲ့သူတွေကို ကျန်းမာရေးကူညီစောင့် ရှောက်မှုပေးနေပါတယ်၊ အဲဒီလို ဆောင် ရွက်တဲ့အခါမှာလည်း မီးလောင်ပြင်အနီး တစ်ဝိုက်မှာ ယာယီဆေးခန်း ဖွင့်ထားပါ တယ်၊ ဒါ့အပြင် မီးလောင်ပြင်အထဲထိ သွားရောက်ပြီး မီးငြှိမ်းသတ်နေတဲ့သူတွေ ကို  အနီးကပ်ကွင်းဆင်းပြီး    လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ လုပ်ပေးနေ ပါတယ်၊  ရေနဲ့  အစားအသောက်တွေ ကိုလည်း မီးလောင်ပြင်ထဲထိ အရောက် သွားရောက်လှူဒါန်းပေးနေပါတယ်၊ မီး လောင်မှုဖြစ်ပွားပြီး   နောက်ရက်မှာ ကတည်းက အခုလို ဆောင်ရွက်ခဲ့တာပါ၊ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်ရှနာ မှုမျိုးတွေ၊ အောက်ဆီဂျင်ပြတ်ပြီး အသက် ရှူမဝဖြစ်တာမျိုးတွေ    အဖြစ်များကြပါ တယ်''ဟု ပြောသည်။
ကိုယ်တိုင်သွားရောက်လှူဒါန်း
ထို့အတူ    အရပ်ဘက်လူမှုအဖွဲ့ အစည်းများအနေဖြင့်  မီးငြှိမ်းသတ်နေ သည့်နေရာများ      အနီးထိ     လူနာ တင်ယာဉ်များဖြင့်      သွားရောက်ကာ မီးငြှိမ်းသတ်နေသူများအား    အနီးကပ် ကျန်းမားရေး စောင့်ရှောက်မှုများပေး ခြင်းနှင့် ဆေးဝါး၊ ရေနှင့် အစားအသောက် များကိုလည်း    ကိုယ်တိုင်သွားရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မီးလောင်မှုမှ    မီးခိုးများထွက်ရှိမှု ကြောင့် လာရောက် ဆေးဝါးကုသမှုခံယူ သူများနှင့်  ပတ်သက်၍   လှိုင်သာယာ မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက    ''မီးခိုးမွှန်မှုကြောင့် လာရောက်ဆေးကုသမှု ခံယူတဲ့သူအနေနဲ့ ကတော့ မနေ့က ညနေပိုင်းအထိ အားလုံး ပေါင်း ၃၈ ဦး ရှိခဲ့ပါတယ်၊ လက်ရှိအချိန် မှာတော့ ခုနစ်ဦးပဲဆေးရုံမှာ ရှိပါတော့ တယ်၊ ကျန်တဲ့သူတွေကတော့    အခြေ အနေကောင်းမွန်သွားလို့   ဆင်းသွားကြ ပါပြီ၊ လက်ရှိ  ကျန်နေတဲ့သူတွေအနေနဲ့ လည်း မီးခိုးမွှန်မှုကြောင့် ကာဗွန်မိုနောက် ဆိုက် အဆိပ်သင့်တဲ့လက္ခဏာ မရှိတော့ ပါဘူး၊  မူလရောဂါအခံဖြစ်တဲ့  နှလုံး၊ သွေးတိုးနဲ့   နာတာရှည်ရောဂါဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ   အခံတွေကိုသာ  ဆက်လက်ကုသပေးနေတာပါ၊ ဒီကနေ့ ဆိုရင် မီးခိုးမွှန်မှုကြောင့် ဆေးရုံရောက် လာတဲ့သူ မရှိပါဘူး''ဟု ပြောသည်။
အဆိုပါ မီးလောင်မှုအနီးရှိ အမှတ် ၂ဝ  ရပ်ကွက်မှ ဒေါ်ညိုက ''မီးခိုးတွေက တဖြည်းဖြည်းနည်းသွားပါပြီ၊ အဝေးကနေ လှမ်းတွေ့ရတဲ့   အဆင့်လောက်ပဲရှိတော့ တာပါ၊  အရင်တုန်းကလို  ညှော်နံ့တွေ ထွက်တဲ့အဆင့်အထိ   မရှိတော့ပါဘူး၊ ညနေပိုင်းနဲ့ မနက်စောစောပိုင်းလောက် မှာ ညှော်နံ့အနည်းငယ်လောက်ပဲ ရတော့ တာပါ၊     အရင်ရက်တွေကလောက် မီးခိုးတွေ    မထွက်တော့တဲ့အတွက် စိုးရိမ်စရာ     သိပ်မရှိတော့ဘူးလို့တော့ ထင်ပါတယ်''ဟု သူ၏အမြင်ကို ပြော သည်။
ရေဂါလန်တစ်သန်းခန့် အသုံးပြု
ယခုအခါ    အဆိုပါမီးလောင်မှုကို အပြီးသတ်ငြှိမ်းသတ်ရာတွင်   ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာ Bio Foam (အမြှုပ်ဆေးရည်)ကို အသုံးပြု ငြှိမ်းသတ်လျက်သည်။ ထိုသို့ ငြှိမ်းသတ် ရာတွင်    မီးငြှိမ်းသတ်မှုအင်အား  ၉ဝဝ ကျော်တို့၏   အလှည့်ကျဆောင်ရွက်မှု နှင့်အတူ မီးငြှိမ်းသတ်ယာဉ်၊ အထောက် အကူပြုယာဉ်၊   ရေသယ်ယာဉ် အစီး စုစုပေါင်း ၃၈ဝ ၊ ရေတင်စက် အလုံး ၄ဝ၊ ဘက်ဟိုးယာဉ်   ကိုးစီးတို့ဖြင့်    တစ်ရက် လျှင်  ရေဂါလန်တစ်သန်းခန့်ကို အသုံးပြု ကာ  ငြှိမ်းသတ်လျက်ရှိကြောင်း   သိရ သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(မြန်​မာ့အလင်း)

No comments:

Post a Comment