Latest News

Thursday, April 12, 2018

ဟင်္သာတမြို့တွင်​ ဓားထိုးမှုတရားခံပြေးတစ်ဦး၏ ခြိမ်း​ခြောက်​မှု​ကြောင့်​ မိသားစုဝင်​များ စိုးရိမ်​ထိတ်​လန့်​​နေရ

ဟင်္သာတမြို့တွင်​  ဓားထိုးမှုတရားခံပြေးတစ်ဦး၏ ခြိမ်း​ခြောက်​မှု​ကြောင့်​ မိသားစုဝင်​များ စိုးရိမ်​ထိတ်​လန့်​​နေရ

တန်ခူး(တိုင်းဧရာ)
ဟင်္သာတ၊ ဧပြီ ၁၂ ရက်​။

ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သာတမြို့နယ်​၊တလု​တ္ထော်ရဲစခန်းပိုင်​နယ်​​​မြေအတွင်းရှိ လိပ်​ခုံးအုပ်​စု ကွမ်းခြံကုန်း​ကျေးရွာတွင်​  ၂၀၁၈ ခုနှစ်၊ မတ်​လ ၃၀ ရက်​​နေ့က ဓားထိုးမှုတခုဖြစ်​ပွားခဲ့ရာ တရားခံ မှာထွက်​​ပြေး​တိမ်း​ရှောင်​သွားခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ တွင် ရွာပြန်​​ရောက်​လာပြီး ကျူးလွန်​ခံရသူ မိသာစုဝင်​များကို ခြိမ်း​ခြောက်​မှု​ကြောင့်​ တရားလို မိသားစုများစိုးရိမ်
ထိတ်​လန့်​နေရကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ-၂၀၁၈ ခုနှစ်၊ မတ်​လ ၃၀ ရက်​​နေ့ ​နေ့လည်​ ၁၂ နာရီ ခန့်​က ကွမ်းခြံကုန်းရွာနေထိုင်​သူ ဦး​ဌေးနိုင်​ အိမ်​တွင်​ရှိ​နေစဉ်​ ညီအစ်​ကို နှစ်​ဝမ်းကွဲ​တော်​စပ်​သူ ဖိုး​ကျော်​ ​(ခေါ်) ​ကျော်​​ကျော်​​ (၄၀)နှစ်​ရောက်​ရှိလာပြီး ဘုန်းကြီး​ကျောင်းမှ ဆိုင်​ကယ်​ငှားရမ်းစီးနင်းသည့်​ ကိစ္စနှင့်​ပတ်​သက်​ပြီး စကားများကာ အသင့်​ယူ​ဆောင်​လာ​သော ချွန်​ထက်​​သော အရာဖြင့်​​ထိုးစဉ်​ ဦး​ဌေးနိုင်​မှာ အိမ်​​ရှေ့ထွက်​ ​ပြေးသဖြင့်​ ​ ဖိုး​ကျော်​မှနောက်​ကပြေးလိုက်​ကာ ထိုးသဖြင့်​ ဦး​ဌေးနိုင်​မှာလဲကျသွားပြီး ချွန်​ထက်​​သော အရာဖြင့်​အထိုးခံရသဖြင့်​ ၂ လက်​မခန့်​အနက်​ရှိ ထိုးသွင်းဒဏ်​ရာ ရရှိခဲ့ပြီး ပတ်​ဝန်းကျင်​မှ လူများ​ရောက်​လာကာ ဦး​ဌေးနိုင်​အား ​တလု​တ္ထော်​ရဲတပ်​ဖွဲ့စခန်းသို့ ပို့​ဆောင်​ကာ ဆေးစာဖြင့်​ တလု​တ္ထော်​ရဲတပ်​ဖွဲ့စခန်းမှ ဟင်္သာတ​ဆေးရုံသို့ ပို့​ဆောင်​ကုသ​စေခဲ့ရာ အဆိုပါ ထိုးသွင်းအရှိန်​​ကြောင့်​ ဦး​ဌေးနိုင်​မှာ ညှပ်​ရိုးကျိုးသွား
ခဲ့​ကြောင်း သိရသည်​။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် "ထွက်​​ပြေးပြီး ပြန်​​ရောက်​တာ လေးရက်​​လောက်​ရှိပြီ။ ဒီလူမ​သေ​သေးဘူးလား မ​သေရင်​ ​သေ​အောင်​သတ်​မယ်​။ ဒီအမှုနဲ့​တော့အဖမ်းမခံဘူး။ လူသတ်​ပြီးမှ အဖမ်းခံမယ်​လို့​ ဘေးက​ပြောသံကြား​နေရတယ်​။ အရင်​ကလည်း​ ထောင်​ကျဖူးတဲ့အတွက်​ သမီး​တွေကလည်းရှိတဲ့အတွက်​ ​ကြောက်​ပြီး တလုတ်​ကုန်းရွာမှာရှိတဲ့ မိဘ​တွေအိမ်​မှာ ညဘက်​ သွားသွားအိပ်​ရတယ်​'"ဟု ဓားဖြင့်အထိုးခံရသူ၏ အမျိုးသမီးဖြစ်သူ ဒေါ်မြနွယ်​မှ ပြောသည်။

ပြစ်မှုကျူးလွန်​သူနှင့်​ ကျူးလွန်​ခံရသူမှာ ညီအကို ၂ဝမ်းကွဲ​တော်​စပ်​ပြီး အိမ်ချင်းကပ်​ရက်​ ဖြစ်​ကာ ခြံစည်းရိုးမရှိသဖြင့်​ ​အလွန်​စိုးရိမ်​ထိတ်​လန့်​​နေရပါတယ်​ဟု ​ဒေါ်မြနွယ်​က ဆက်​လက်​​ပြောသည်​။

လိပ်​ခုံးအုပ်​စု အုပ်​ချုက်​​ရေးမှူးဦး​အောင်​မျိုးသန့်​မှ “"ကျွန်​​တော်​တို့အ​နေနဲ့လည်း ဖြစ်​​နေတဲ့အချိန်​က ဝင်​ပြီးဖမ်းဆီးတယ်​။ ဓားနဲ့ထိုးပြီးတဲ့အချိန်​ အလွန်​ဆုံးနာရီဝက်​အတွင်းမှာ ရဲ​တွေနဲ့
ဝင်​ဖမ်းတယ်​။ ထွက်​​ပြေးသွား​တော့မမိဘူး။ ခုပြန်​ လာတယ်​ဆို​တော့လည်း သူတို့ကပြန်​လာတယ်​ ပြော​တော့ သက်​ဆိုင်​ရာနဲ့သွားဖမ်းတယ်​။ မ​တွေ့ဘူး။ ဘယ်​မှာမှန်းမသိ​တော့ ဘယ်​လိုမှ ဖမ်းလို့မမိဘူး။ အလိုလိုသူတို့ဖာသာ​ကြောက်​​နေတာ။ ​ခြေရင်း
ခေါင်းရင်း​နေ​တော့ အလိုလို​ကြောက်​​နေတာ"" ဟု ​ပြောသည်​။

ပြစ်မှုကျူးလွန်သူ  ဖိုး​ကျော်​(ခ)​ကျော်​​ကျော်​ အား တလု​တ္ထော်
နယ်​​မြေရဲစခန်းမှ ပြစ်​မှုဆိုင်​ရာ ရာဇသတ်​ကြီးပုဒ်​မ ၄၅၂  အန္တရာယ်​ဖြစ်​​စေ​သော ဓားလက်​နက်​ကို ကိုင်​​ဆောင်​၍ ပိုင်​နက်​​ကျော်​နင်းမှု နှင့်​အမှုဖွင့်​ထားပြီး ဒဏ်​ရာအ​ခြေအ​နေအရ ပုဒ်​မ (၃၂၅) ထပ်​သွင်းအမှု ဖွင့်​သွားမှာဖြစ်ကြောင်း သိရသည်။

နှင့်​  ဟင်္သာတခရိုင်​ရဲတပ်​ဖွဲ့မှူးရုံးမှလည်း တရားခံကို အမြန်​ဆုံးဖမ်းမိဖို့ ​ဆောင်​ရွက်​​နေတယ်​လို့​ပြောဆို ထားသည်။

ဖိုး​ကျော်​(ခ)​ကျော်​​ကျော်​မှာ အရင်​ကလည်း ​လောင်းကစားမှု ကြောင့်​ ​ထောင်​ကျခဲ့ဖူး​သူဖြစ်ပြီး တရားခံထွက်ပြေးလွတ်မြောက် နေသည်မှာ​ ၂ ပတ်​ခန့်​ နီးပါးကြာမြင့်​​နေပြီဖြစ်​​၍ ဟင်္သာတခရိုင်​ရဲတပ်​ဖွဲ့မှူးရုံးမှလည်း တရားခံကို အမြန်​ဆုံးဖမ်းမိဖို့ ​ဆောင်​ရွက်​​မှု များ ပြုလုပ်နေကြောင်း သိရှိရသည်။
သိရသည်​။

ဓါတ်ပုံ - ရှမ်းလေး (ဟင်္သာတ)

No comments:

Post a Comment