Latest News

Monday, April 23, 2018

မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တရားမ၀င်လိုင်စင်မဲ့မော်တော်ကားတစ်စီး သိမ်းဆည်းရမိ

မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တရားမ၀င်လိုင်စင်မဲ့မော်တော်ကားတစ်စီး သိမ်းဆည်းရမိ

ကလိန်အောင် ဧပြီ ၂၃

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင်စစ်ဆေးဂိတ်၌ ဧပြီ ၂၃ ရက် နံနက် ၁ နာရီ ၅၀ မိနစ်က လိုင်စင်မဲ့မော်တော်ကားတစ်စီး သိမ်းဆည်းရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဒုရဲမှူး အေးကျော် ကြီးကြပ်၍ ရဲအုပ် ခင်မောင်ချင်းနှင့် ပူးပေါင်းအဖွဲ့တို့သည် မလွှဲတောင် ဂိတ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် ရေးမြို့ဘက်မှ ယာဉ်မောင်း စိုးလင်းကျော် အသက် (၃၀)နှစ်၊ လပ်ကီးစတားဂိတ်မှူး၊ ဆန်းချီရပ်ကွက်၊ ဈေးကလေးလမ်း ထားဝယ်မြို့နေသူ မောင်းနှင်လာသည့် 7k/ ------ နံပါတ်တပ်ထားသည့်ဟွန်ဒါဖစ် ခဲရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ် ခင်မောင်ချင်းမှ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ၎င်းယာဉ်တစ်စီးနှင့် ကားသော့တစ်ချောင်း၊ ကာလတန်ဖိုး (၁၆)သိန်းခန့် သိမ်းဆည်းခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားမ၀င်လိုင်စင်မဲ့မော်တော်ယာဉ်အား လက်ဝယ်ထားရှိသုံးစွဲ မောင်းနှင်လာသူ စိုးလင်းကျော်အား(ပ)အမှတ်/ပုဒ်မ၊ (ပ)၇/၂၀၁၈၊ ပို့/သွင်းကုန် ပုဒ်မ-၈ဖြင့် ကလိန်အောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားလျက်ရှိကြောင်း သိရသည်။

ကလိန်​​အောင်​(ပြန်​/ဆက်​)

No comments:

Post a Comment