Latest News

Tuesday, April 3, 2018

ပုသိမ် မြို့တွင် ပထမဆုံးအကြိမ် သင်္ကြန်ကာလ အကြိုယာဉ်အန္တရာယ် ကင်းရှင်းရေး မူးယစ်ဆေးဝါးတားဆီးရေးနှင့် မူခင်းမဖြစ်ပွားရေးလက်ကမ်းစာစောင်များဖြန့်ဝေ


ပုသိမ် ဧပြီလ၃ရက်

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ၏အစီအစဉ်ဖြင့် ပုသိမ် မြို့ ကြိုးတံတားလမ်းဆုံ ကြေးရုပ်ထု လေဆိပ်အနီးအဝိုက်စသည့်နေရာများတွင် ဧပြီလ၂ရက်နေ့မှ ၁၂ရက်အထိ သင်္ကြန်ကာလ အကြိုယာဉ်အန္တရာယ် ကင်းရှင်းရေး မူးယစ်ဆေးဝါးတားဆီးရေးနှင့် မူခင်းမဖြစ်ပွားရေးလက်ကမ်းစာစောင်များဖြန့်ဝေသွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်

အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေခြင်းသည် ပုသိမ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးသူဦးဆောင်သည့်ရဲတပ်ဖွဲ့(၁၁)ဦးတပ်ကြပ်ကြီးအောင်ထွန်းဦးဆောင်သော အမှတ်၁၃ယာဉ်ထိန်းတပ်ဖွဲ့(၇)ဦး တိုင်းစည်ပင်အဖွဲ့မှ ဒုဦးစီးမှူးဦးသန့် ဇင်နှင့် တိုင်းမီးသတ် တပ်ကြပ်ဇင်မင်းပိုင်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းပုသိမ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးသူထံမှသိရသည်

"ဧရာတိုင်းရဲတပ်ဖွဲ့ဝင်များရဲ့အစီအစဉ်နဲ့ခုလိုလုပ်ဆောင်နေခြင်းဖြစ်ပါတယ် သင်္ကြန်ကာလမရောက်ခင်ဧပြီ၁၂ရက်နေ့အထိ ယာဉ်နှင့်သွားလာနေသောမိဘပြည်သူများကို ခုလိုပညာပေးလက်ကမ်းစာစောင် များကို အသိပေးဖြန့်ဝေသွားမှာပါ"ဟုပုသိမ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးသူကတိုင်းဧရာကိုပြောသည်

သင်္ကြန် ကာလအတွင်းမှာလည်း မူးယစ်ဆေးဝါး အရက်သေစာများ တုတ်ဓါးလက်နက်များကိုစစ်ဆေးသွားမှာဖြစ်ပြီး ပေါ့လျော့သည့်အပြစ်ကို လုပ်ဆောင်ပါကဖမ်းဆီးအရေးယူအမူ့ဖွင့်သွားမှာမဟုတ်ဘဲ တုတ်ဓါးလက်နက်များသာသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကြီးမားသည့်အပြစ်လုပ်မှသာ  ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်

"ခုလို သင်္ကြန်ကာလအကြိုပညာပေးလုပ်ငန်းဆောင်ရွက်နေခြင်းဟာ ဒါပထမဆုံးအကြိမ် ဖစ်ပါတယ် ဧရာဝတီတိုင်းမှာ ယာဉ်မတော်တဆအများဆုံးဖြစ်နေလို့ ခုလို့ပညာပေးလုပ်ငန်းဆောင်ရွက်တာပါ "ဟု ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်ထွန်းနိုင်က တိုင်းဧရာကိုပြောသည်

၂၀၁၇ခုနှစ် မဟာသင်္ကြန် ကာလအတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်မတော်တဆမူ့(၁၃၅၇)မှူဖြစ်ပွားခဲ့ရာ  ဒဏ်ယာရ(၇၅၉) ဦးသေဆုံးသူ (၁၃၉)ဦးရှိခဲ့ပြီး ပဲခူး တိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်း ဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးများတွင်ယာဉ်မတော်တဆအမူ့အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တွေထံမှသိရသည်

သတင်း ရွှေရည်ဝင်း(တိုင်းဧရာ)















No comments:

Post a Comment