Latest News

Sunday, April 29, 2018

၁၉၉၁-၉၂​မြောက်​ပိုင်းABSDF တွင်​ ရက်​စက်​စွာလုပ်​ကြံစွပ်​စွဲ သတ်​ဖြတ်​ ခံရသူများစွာထဲမှ လူတစ်​​ယောက်​၏ မိသားစု ဘဝ

ကျွန်​မဖေ​ဖေ၏ ​သေဆုံးမှုတွင်​ ရက်​စက်​စွာ ပါဝင်​ ဆင်​နွဲခဲ့ကြ​သောသူများသည်​လည်း မိဘ၊ မိသားစုဘဝ၊ ​မျှော်​လင့်​ချက်​ ၊ အနာဂတ်​ဘဝ ဆိုတာ ရှိကြမှာပါ။သို့​သော်​ လူသားချင်းစာနာစိတ်​ ကိုယ်​ချင်းစာစိတ်​ ကင်းမဲ့စွာ ​ဖေ​ဖေ အပါအဝင်​ လူ​ပေါင်းများစွာ၏ အသက်​၊ မိသားစုဘဝ၊ အနာဂတ်ပေါင်း များစွာ ကိုရက်​ရက်​စက်​စက်​ ဖျက်​ဆီးခဲ့​ကြပါ​သော လူတစ်​စုသည်​ အမှန်​တကယ်​ ရှိခဲ့ပါသည်​။ထိုလူတစ်​စု၏ လုပ်​ကြံစွပ်​စွဲမှု ကို ခံခဲ့ရ​သော အမှန်​တကယ်​နစ်​နာ သူများစွာထဲက တစ်​ဦး ဖြစ်​သည့်​ ကျွန်​မ​ဖေ​ဖေ၏ ဘဝ အ​ကြောင်းကို ​ပြောပြလိုပါတယ်​။

ဖေ​ဖေဦးစိန်​ ကို ၁၉၄၄ ခု မတ်​လ ၂၈ ရက်​​နေ့​ မှာ ပဲခူးတိုင်း စစ်​ကွင်းမြို့တွင်​ ​မွေးဖွားခဲ့ပါတယ်​။ဦးသန်း+ ​ဒေါ်​စောညွန့်​တို့၏ သားသမီး ၆​ယောက်​တွင်​ အငယ်​ဆုံးသားပါ။
ကျွန်​မအဖွား ​မေ​မေကြီး ဒေါ်​စောညွန်​ ကျွန်​မကို ​ပြောပြခဲ့တဲ့ စကား တစ်​ခွန်း ရှိပါတယ်​။ "ငါ အချစ်​ဆုံး နဲ့ အမုန်းဆုံး က တစ်​​ယောက်​တည်း " ဟုပါ။ ထိုသူမှာ ​ဖေ​ဖေ ဦးစိန်​ ပဲ ဖြစ်ခဲ့ပါတယ်​။
ပညာတတ်​ ရှားပါး​သော လယ်​သမား မိသားစုဘဝ အတွင်းမှ ဥာဏ်​ပညာ ထက်​မြက်​ ​သော ​ခေတ်​ပညာတတ်​သားငယ်​ ကို ရန်​ကုန်​မြို့ ကြီးမှာ တင့်​​တောင့်​တင့်​တယ်​ ​နေ​​စေလိုခဲ့ သည်​မှာ ​မေ​မေကြီး၏ဆန္ဒ ပင်​ဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ တက္ကသိုလ်​ကျောင်းသား ဘဝ မှစ၍ ယုံကြည်​ရာ လုပ်​ယင်း အ​မေ ၊ ဇနီးမယား ၊ သားသမီး များကို ထားခဲ့ ပြီး ထွက်​သွား ရာမှ ​နောက်​ဆုံး ပြန်​မဆုံနိုင်​ခဲ့ ခြင်းအတွက်​ ဝမ်းနည်း​ဒေါသမှန်း ကျွန်​မ နားလည်​ခဲ့ပါတယ်​။
ဖေ​ဖေငယ်​စဉ်​ က အထက( စစ်​ကွင်း)တွင်​ ပညာသင်​ယူခဲ့ပါတယ်​။ ထို​ခေတ်​ ပညာ​ရေးစနစ်​အရ ဥာဏ်​အလွန်​​ကောင်း​သော​ဖေ​ဖေ သည်​ နဝမတန်း နှင့်​ တက္ကသိုလ်​တန်းကို တစ်​နှစ်​ တည်းဖြင့်​​ဖြေဆို ​အောင်​မြင်​ ခဲ့ပြီး ၁၉၆၀ တွင်​ တက္ကသိုလ်​ပညာ​ရေးကို စတင်​သင်​ကြားခွင့်​ရခဲ့ပါတယ်​။
တက္ကသိုလ်​ စတင်​တက်​​ရောက်​ပြီး( 7 ဇူလှိုင်​) အ​ရေး​တော်​ပုံ မှ အစပြုကာ ​ဖေ​ဖေသည်​ သူ ယုံကြည်​ရာလမ်း ကို ​လျှောက်​ခဲ့သူဖြစ်​ပါတယ်​။

၁၉၆၃-၆၄ တွင်​ လသာမြို့နယ်​အတွင်းရှိ ​ကျောင်းတစ်​ခုတွင်​ ​ကျောင်းဆရာ လုပ်​​နေရာမှ စက္ကူ စက်​ ပညာ​တော်​သင်​​လျှောက်​ရာ ​ရွေးချယ်​ခံရပြီး ၁၉၆၅ မှ ၁၉၆၇ အတွင်း တရုတ်​ပြည်​ တွင်​ ၂ နှစ်​ကြာ စက္ကူ စက်​ပညာ​တော်​သင်​ သွား​ရောက်​ခဲ့ပါတယ်​။
ပညာ​တော်​သင်​ မှ ပြန်​​ရောက်​လာပြီး ပထမဦးစွာ လမ်းနီ​လေး သု​သေတနရုံး၊ ထို့​နောက်​ စစ်​​တောင်း စက္ကူ စက်​တွင်​ လက်​​ထောက်​ဖိုမင်​တာဝန်​ ထမ်း​ဆောင်​ခဲ့ ပါတယ်​။
၁၉၆၇ တွင်​ ကျွန်​မမေ​မေဒေါ်ကျင်​​အေး နှင့်​ အိမ်​​ထောင်​ပြုခဲ့ပါတယ်​။ကျွန်​မ ​ဖေ​ဖေ ဟာ ​ယောက္ခမ ချစ်​​အောင်​​နေတတ်​ခဲ့တဲ့ သားမက်​တစ်​​ယောက်​ပါ။ ကျွန်​မ၏ ကြီး​တော်​ ( ​မေ​မေ့ အစ်​မ) က အခုချိန်​ထိ စကားစပ်​မိတိုင်း ​ပြောတတ်​ပါတယ်​။" ​မောင်​စိန့်​ ကို အ​မေ ( ​မေ​မေ့ အ​မေ)က ကိုသိန်းထွန်း (ကျွန်​မ ကြီး​တော်​ ​ယောက်ျား) ထက်​ပိုချစ်​တယ်​။ အ​မေ့ရွာ ( ​ဝေါမြို့နယ်​ ထဲက ​မေ​မေ တို့ ဇာတိ ရွာ) ကို သွားလိုက်​လည်လျင်​ ငါး​တွေမျှား အမျိုး​တွေအိမ်​ ​လျှောက်​သွား အ​မေ ချက်​​ကျွေးတာ​တွေကို ​ကောင်းလိုက်​တာ ဆိုပြီး​တော့ စား။ အ​မေ သ​ဘောကျ ​အောင်​ ​နေတတ်​တယ်​" ဟု ​ပြော​လေ့ရှိပါတယ်​။
ကျွန်​မ​ဖေ​ဖေ က သားသမီး​တွေအ​ပေါ်မှာလည်း ရည်​ရွယ်​ချက်​ ကြီးမား​သော အ​ဖေမျိုးပါ။ သမီးဦး ဖြစ်​တဲ့ ကျွန်​မအစ်​မ ကိုလည်း ​ချောအိမန်​ ကို အားကျလို့ ငယ်​စဉ်​ က ​ချောအိမန်​ လို့ ​ခေါ်ခဲ့ပြီး ​ကျောင်းအမည်​ကို စာ​ရေးဆရာမ ခင်​မာသစ်​ ကို သ​ဘောကျ ၍ ခင်​မာသစ်​ လို့ ​ပေးခဲ့ပါတယ်​။
သားသမီး ၅ ​ယောက်​စလုံးကို ​ခေတ်​ပညာတတ်​ ထူးခူးချွန်​ချွန်​ ​တွေ ဖြစ်​​စေချင်​ခဲ့တယ်​။ နယ်​မှာ တွဲဖက်​ ​ကျောင်းဆရာ လုပ်​​နေစဉ်​ အိမ်​ကိုစာ​ရေးတိုင်း ကျွန်​မတို့ ​မောင်​နှမ တစ်​​တွေ၏ပညာ​ရေးအတွက်​ အမြဲလှမ်းပြီးဆုံးမ တတ်​ပါတယ်​။ ဒါ့​ကြောင့်​ပင်​ ​ဖေ​ဖေ ထွက်​သွားစဉ်​က (၄)နှစ်​ အရွယ်​ အငယ်​ဆုံး ညီမ​လေး အပါအဝင်​ ​မောင်​နှမ ၅ ​ယောက်​စလုံးကို ကျွန်​မ​မေ​မေ က ဆင်းရဲဒုက္ခ ​ပေါင်းများစွာခံကာ ပညာဖြင့်​ ရပ်​တည်​နိုင်​​သော ဘဝ မျိုး​ရောက်​​အောင်​ ​မေ​မေ ကြိုးစားခဲ့ပါတယ်​။
ဖေ​ဖေ မရှိဘဲ ​ဖေ​ဖေ့ ကိုယ်​စား သားသမီး များကို ကြိုးစား ထူ​ထောင်​ ​ပေးခဲ့ ရတဲ့ ​မေ​မေ့ရဲ့ ဆင်းရဲ ဒုက္ခ များက အလွန်​များခဲ့ပါတယ်​။
ဖေ​ဖေသည်​ စစ်​​တောင်း စက္ကူ စက်​တွင်​ တာဝန်​ထမ်း​ဆောင်​ ​နေရာမှ ၁၉၇၀ တွင်​ အတွင်းဝန်​ရုံးပတ်​လည်​တွင်​ အလုပ်​သမား ဆန္ဒပြ မှုဖြင့်​အလုပ်​ပြုတ်​ခဲ့ပါတယ်​။ ထို့​နောက်​ ဒလ သ​င်္ဘော ကျင်းတွင်​ ဘွဲ့ ရ အလုပ်​သင်​ အဖြစ်​ အလုပ်​ဝင်​ခဲ့ပါတယ်​။
၁၉၇၆တွင်​ မီး​မောင်း စာ​ဆောင်​ ထုတ်​​ဝေမှု ၊မှိုင်းရာပြည့်​ အ​ရေး​တော်​ပုံ လှုပ်​ရှုား မှုများအတွက်​ ​ပေါင်းပြီး ​ထောင်​ဒဏ်​​(၁၈)နှစ်​ ကျခံခဲ့ရပါတယ်​။အဲ့ဒီအချိန်​ စစ်​အစိုးရ ရဲ့ စစ်​​ကြော​ရေး ဒါဏ်​ ကို​ဖေ​ဖေ့ သူငယ်​ချင်း ​တွေ​ပြောပြလို့ ကျွန်​မရင်​နာစွာ နား​ထောင်​ခဲ့ဖူးပါတယ်​။ ၁၉၈၀ မှာ လွတ်​ငြိမ်းချမ်းသာခွင့်​ နဲ့ ​ဖေ​ဖေ ပြန်​လည်​လွတ်​​မြောက်​လာခဲ့ပြီး စစ်​ကွင်းမြို့တွင်​ ​မေ​မေကြီနဲ့ အတူ လယ်​လုပ်​ငန်းကိုပြန်​လည်​ လုပ်​ကိုင်​ခဲ့ပါတယ်​။
သို့​သော်​ ရန်​ကုန်​မြို့  တွင်​ ပြန်​လည်​​နေထိုင်​​စေချင်​​သော ​ဖေ​ဖေ၏ မိတ်​ဆွေသူငယ်​ချင်းများ၊ နိုင်​ငံ​ရေး လှုပ်​ရှားဖက်​များ၏ တိုက်​တွန်းမှု့​ကြောင့်​ ​ဖေ​ဖေသည်​ ၁၉၈၂ တွင်​ ရန်​ကုန်​မြို့  တွင်​ပြန်​လည်​​နေထိုင်​ခဲ့ပါတယ်​။
ထို့​နောက်​ ဇလွန်​မြို့နယ်​ တွဲဖက်​ အထက(​ကော့ကပ်​)၊ ​မြောင်းမြမြို့နယ်​ တွဲဖက်​ အထက(မြင်းကဆိပ်​)တွင်​​ကျောင်းဆရာ လုပ်​ခဲ့ပါတယ်​။ ​ဖေ​ဖေ နဲ့ အတူကျောင်းဆရာ လုပ်​ခဲ့ဖူး​သော ​ဖေ​ဖေ့ သူငယ်​ချင်းများက ကျွန်​မတို့ အိမ်​​ရောက်​တိုင်း ကိုစိန်​ စာသင်​တုန်းက​လေဟု အစချီကာ ​ဖေ​ဖေနဲ့စာသင်​ခန်း အ​တွေ့အကြုံ များကို ကျွန်​မတို့ကို ​ဖောက်​သည်​ချ တတ်​ပါတယ်​။

ဖေ​ဖေ အိမ်​က စတင်​ ထွက်သည့်​ ၁၉၈၉ ဇူလိုင်​ ၁၄ ရက်​​နေ့ က​တော့ ကျွန်​မတို့ မိသားစု အတွက်​ မှတ်​မှတ်​ရရ ပါပဲ။ ကျွန်​မ ​မွေး​နေ့ လည်းဖြစ်​သလို လပြည့်​လို့ ​ခေါ်တဲ့ ဝါဆိုလပြည့်​​နေ့​မွေးသည့်​ ကျွန်​မ​မောင်​​လေး ​မွေး​နေ့ နဲ့ ရက်​ကပ်​​နေလို့ပါပဲ။
မေ​မေ က ကျွန်​မတို့​မောင်​နှမ ​မွေး​နေ့ အတွက်​ မုန့်​ဖက်​ထုပ်​များလုပ်​ပြီး အိမ်​နီးနားချင်း များကို ​ဝေခဲ့ပါတယ်​။ ကျွန်​မတို့ ​မောင်​နှမ ​တွေက ​ဖေ​ဖေ နဲ့ ​မေ​မေ့ အတွက်​ဟုဆိုကာ မုန့်​ဖက်​ထုပ်​ အကြီးကြီး ၂ ခုလုပ်​ထားခဲ့ပါတယ်​။ ​မေ​မေ့အတွက်​ မုန့်​ကို ​မေ​မေ က စားခဲ့ပြီး အပြင်​ထွက်​သွား​သော ​ဖေ​ဖေ့ အတွက်​မုန့်​ကို ဘုရားစင်​ မှာတင်​ထားပြီး သိမ်းထားခဲ့ပါတယ်​။
ည​ရောက်​သည့်​တိုင်​ ပြန်​မလာခဲ့​သော ​ဖေ​ဖေ့ အတွက်​ အိပ်​ရာခင်းပြီး ကျွန်​မ​စောင့်​​နေခဲ့​ပေမဲ့ ထိုည မှ စ၍ ​ဖေ​ဖေ ပြန်​မလာခဲ့သည်​မှာ ယ​နေ့ တိုင်​​အောင်​ပါ။
၁၉၉၂ ဇူလိုင်​ တွင်​ ​ဖေ​ဖေ ဆုံးပြီဆိုသည့်​သတင်း ကြားသည့်​တိုင်​ ကျွန်​မတို့အတွက်​ ​တော့ မယုံကြည်​နိုင်​ခဲ့။ဒါ​တောင်​ အဲ့ဒီ အချိန်​က ကျွန်​မတို့ သိခဲ့​သော ​ဖေ​ဖေ​သေဆုံးရသည့်​ ပုံစံသည်​ ၂၀၁၂ ​ဖေ​ဖေါ်ဝါရီ မှ သိရ​သော အဖြစ်​မှန်​ကဲ့သို့ အလွန်​ဆိုးဝါး​သော အ​ခြေအ​နေ ဖြစ်​​နေခဲ့ မှန်း ကျွန်​မတို့ သားအမိ​တွေ မသိခဲ့ပါ။
ဖခင်​ပြန်​အလာ ကို​စောင့်​​မျှော်​ နေ​သော တခြား​သော မိသားစု​တွေလိုပဲ ကျွန်​မတို့သည်​ ​ဖေ​ဖေ များပြန်​လာမလား။ ဆက်​သွယ်​လာမလား။ ဘယ်​​တော့​လောက်​ ဖုန်းဆက်​မလဲ ဆိုတာမျိုးသည်​လည်း ပြန်​မလာနိုင်​မှန်း ​သေချာ​နေသည့်​ ယခု အချိန်​ထိ လည်းရှိ​နေဆဲပါ။
ကျွန်​မတို့ ​မောင်​နှမ​တွေမှ ​မေ​မေ့ ကို အနိုင်​ရချင်​လျှင်​ " ​မေ​မေ ~​ဖေ​ဖေ က ​နောက်​အိမ်​​ထောင်​ပြုပြီး ဇာတ်​မြှုပ်​​နေတာ​နော်​ ။ ​မေ​မေဘာသိလို့ လဲ " ဟု​နောက်​တတ်​သလို ​မေ​မေ မှလည်း ကျွန်​မတို့ ​မောင်​နှမတ​တွေ ကို အနိုင်​ရချင်​လျှင်​ " နင်​တို့ အ​ဖေတူ အ​မေကွဲ ​မောင်​နှမ ​တွေ ​ပေါ်လာအုံးမယ်​​နော်​ " ဟု အနှစ်​ ၂၀ ​ကျော်​ကြာခဲ့​ပေမဲ့ ပြန်​လာနိုး ​မျှော်​တတ်​ခဲ့​သော ကျွန်​မ တို့ မိသားစု အ​တွေးသည်​ မဖြစ်​နိုင်​မှန်း ​သေချာ​နေသည့်​ ယခု အချိန်​မှာ​တော့ စကားအဖြစ်​သာ ကျန်​​နေခဲ့ပါတယ်​။
ကျွန်​မ၏ အစ်​မ နှင့်​ညီမ (၂)​ယောက်​ အိမ်​​ထောင်​ကျ ပြီး သား​လေး​တွေ​မွေးထားရာ ထိုက​လေး​တွေ၏ အမူအကျင့်​ စရိုက်​ လက္ခဏာ သည်​ ​ဖေ​ဖေ နှင့်​ တချို့ အချက်​​တွေ တူတတ်​ရာ တခါတရံ ​ဖေ​ဖေ ဝင်​စားလားဆိုကာ က​လေး​တွေကို ကိုစိန်​​လေးလား ​မေးမိသည်​မှာ လည်း ကျွန်​မတို့ မိသားစု အလုပ်​တစ်​ခု ပါ။ သူတို့ ​တွေ မှာလည်း သူတို့သား​တွေထဲမှ တစ်​​ယောက်​​ယောက်​ သည်​ ​ဖေ​ဖေ ဝင်​စားတာအဖြစ်​ ဂုဏ်​ယူချင်​ကြပါတယ်​။ ကျွန်​မတို့ မိသားစု မှာ ​ဖေ​ဖေ ၏ ​သေဆုံးမှုကို သိ​ပေမဲ့ လည်း စိတ်​ထဲက လက်​မခံ နိုင်​ခဲ့ကြပါ။

မည်​ကဲ့သို့​သော လူအမျိုးအစားဖြစ်​ပါ​စေ။ ထိုသူကို ချစ်​ခင်​တွယ်​တာ​သော သူ​၊ မိဘ၊ ညီအစ်​ကို ​မောင်​နှမ ၊ သားသမီး ၊ သူငယ်​ချင်း မိတ်​​ဆွေ ဆိုတာ ရှိစမြဲပါ။ ​နောက်​ဆုံး တိရစ္ဆာန်​ များတွင်​ပင်​ တစ်​​ကောင်​ နှင့်​တစ်​​ကောင်​ တွယ်​တာ စိတ်​ဆိုတာ ရှိကြပါ​ပေတယ်​။

သို့​သော်​ ​ဖေ​ဖေ အပါအဝင်​ ​အေဘီ တပ်​ဖွဲ့ဝင်​များကို မဟုတ်​တန်းတရား စွပ်​စွဲ ကာ ရက်​ရက်​စက်​စက်​ သတ်​ခဲ့ကြ​သော ပြစ်​မှု ကိုကျူး လွန်​ခဲ့ကြ​သော လူတစ်​စု သည်​ မိသားစုဘဝဆိုတာကို နားမလည်​ လူစိတ်​ကင်းမဲ့စွာဖြင့်​အမှားကြီးကို ကျူးလွန်​ရဲခဲ့ကြသည်​။

No comments:

Post a Comment