Latest News

Monday, March 26, 2018

ချင်းတွင်းသင်္ကြန်ရေကစားကွင်း(Wet zone)တွင် ရေပန်းများတပ်ဆင်

ချင်းတွင်းသင်္ကြန်ရေကစားကွင်း(Wet zone)တွင် ရေပန်းများတပ်ဆင်


မုံရွာ မတ် ၂၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ပထမအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်တွင် ၊ Dry zone ၊ Play zone ၊ Wet zone နှင့် Send Sulpture တို့ပါဝင်ပြီး ပြင်ဆင်မှုလုပ်ငန်း များကိုလုပ်ကိုင်လျက်ရှိရာ ရေကစားဇုန်ဖြစ်သော Wet zoneတွင် ရေကစားသူများအပူရှိန်ခံစားမှုလျော့ချ ပေးနိုင်ရန်အတွက် ရေပန်းများ တပ်ဆင်ပေးထားကြောင်း သိရသည်။

 '' ရေကစားတဲ့အချိန်မှာ သောင်ပြင်မှာဆိုတော့ အပူရှိန်များတဲ့အတွက် ရေကစားတဲ့သူတွေ အပူရှိန် သက်သာအောင်လို့ရေကစားဖို့ သတ်မှတ်ပေးထားတဲ့အချိန်အတွင်းမှာ ရေပန်းတွေနဲ့ အမြဲတမ်း ဖြန်းပေးထားမယ်၊ ရေပက်တဲ့စင်တွေကလည်း သတ်သတ်ပါအုံးမယ်၊ ကလေးတွေ ကစားဖို့အတွက်က Wet zone ကွင်းတွင်းကို ရေပေးဖို့အတွက် မြစ်အတွင်းက ရေကို ရေသွယ်မြောင်းကနေ စက်ကြီးတွေနဲ့ စုပ်ယူတဲ့အခါမှာ ရေစီးလာမယ် အဲဒိရေစီးအရှိန်ကို ကလေးတွေ ဘောကွင်းတွေနဲ့ စီးလို့ ရအောင် စီစဉ်ပေးထားမယ်၊ ရေလွှာလျှောစီးတာ၊ ကလေးတွေအတွက်တစ်ခုပါမယ်၊  လူကြီးတွေအတွက် တစ်ခုပါမယ်၊ အချိန်မီပြီးစီးဖို့အတွက်ကို အရှိန်အဟုန်နဲ့ လုပ်ဆောင် နေပါတယ်၊ ဒီဇုန်မှာလာရောက်ရေကစားကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေရမယ်လို့ အာမခံ ပါတယ်'' ဟု wet zone ကွင်းတွင် ရေရရှိရေးကိုလုပ်ကိုင်ပေးသူ အောင်မြသန်းရေယာဉ်အုပ်စုမှ ဦးမျိုးဝင်းက ပြောသည်။

 ပထမအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်တွင်ပါဝင်သော wet zome အတွင်းရှိ တစ်ဦးချင်း အဖွဲ့လိုက် ရေကစားနိုင်ရန် စီစဉ်ပေးထားသော ပေ(၅ဝဝx၁၅ဝ)ပတ်လည်တွင် နေပူရှိန်ကို လျော့ချပေးနိုင် ရန်အတွက် ရေပန်းကြီး (၂၈)ခုကို ချင်းတွင်းသင်္ကြန်ကျင်းပသည့် ကွင်းတစ်ခုလုံး၏ ရေရရှိရေးကိုလုပ်ကိုင်ပေးသူ အောင်မြသန်းရေယာဉ်အုပ်စုမှ  တပ်ဆင်ပေးထားကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment