Latest News

Monday, March 26, 2018

မြ၀တီမြို့၊ မြစန္ဒီပန်းခြံအနီး၊ လွတ်လပ်ရေးကျောက်တိုင်ရှိ နိုင်ငံတော်အလံတိုင်နှင့်ခြင်္သေ့ရုပ်တုတို့အားဖျက်ဆီးသူလူငယ်(၄)ဦးအား ဖမ်းဆီးအရေးယူ

မြ၀တီမြို့၊ မြစန္ဒီပန်းခြံအနီး၊ လွတ်လပ်ရေးကျောက်တိုင်ရှိ နိုင်ငံတော်အလံတိုင်နှင့်ခြင်္သေ့ရုပ်တုတို့အားဖျက်ဆီးသူလူငယ်(၄)ဦးအား ဖမ်းဆီးအရေးယူ

မြ၀တီ၊ မတ်၂၅

မြ၀တီမြို့၊ မြစန္ဒီပန်းခြံအနီး၊ လွတ်လပ်ရေးကျောက်တိုင်ရှိ နိုင်ငံတော်အလံတိုင်နှင့်ခြင်္သေ့ရုပ်တုတို့အားဖျက်ဆီးသူလူငယ်(၄)ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း မြ၀တီမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီခန့်က မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးရုံလမ်း၊ မြစန္ဒီပန်းခြံအနီး၊ လွတ်လပ်ရေးကျောက်တိုင်ရှိ၊ အလံတင်သည့်အလံတိုင်မှာ ကျိုးကာမြေတွင်ကျနေကြောင်းသတင်းအရ မြ၀တီမြို့မရဲစခန်းမှူး ဒုရဲမှူးမင်ကို၊ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ချမ်းမွန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းရွှေနှင့်အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့တွင် အလံတင်သည့်အလံတိုင်မှာ အရှေ့ဘက်သို့လဲကျနေပြီး အလံတိုင်အောက်ခြေတွင်ဝန်းရံထားသော ခြင်္သေ့ရုပ်တု(၄)ရုပ်အနက်၊ (၂)ရုပ်၏အမြီးပိုင်းနှင့်ခါးပိုင်းတို့ကိုရိုက်ချိုးဖျက်ဆီးထားကာ အလံတိုင်အုတ်ခုံတွင် ပြန့်ကျဲနေသော အရက်ပုလင်းကွဲစများ၊ အရက်ပုလင်းခွံများ၊ အရက်သောက်ထားသည့်ခွက်များအား စစ်ဆေးတွေ့ရှိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူပိုင်အလံတိုင်နှင့်ခြင်္သေ့ရုပ်တု(၂)ရုပ်ကို ပျက်စီးအောင်ပြုလုပ်သွားသူများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မြ၀တီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးမောင်မောင်အောင်၊ (၄၉)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြ၀တီမြို့မရဲတပ်ဖွဲ့မှ တရားခံအားစုံစမ်းဖော်ထုတ်ရာ ယင်းနေ့ ညနေ(၀၆း၃၀)နာရီတွင် အောက်အမည်ပါ(၄)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
၁။ ရဲလွင်သိန်း(၂၀)နှစ်စက်ချုပ်လုပ်ငန်း၊ ပြည်သာယာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီမြို့
၂။ ဖြိုးလင်းပိုင်၊(၁၈)နှစ်ကျဘမ်း အေးသာယာ(၃)လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီမြို့
၃။ ထက်မျိုးသူ(၁၈)နှစ်ကျဘမ်း အေးသာယာ(၉)လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီမြို့
၎။ စည်သူဟိန်း(၁၈)နှစ် ကျဘမ်း အေးသာယာ(၉)လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီမြို့တို့အားဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံ(၄)ဦးအားမြ၀တီမြို့မရဲစခန်းက အမှုဖွင့်လှစ်ထားရှိကြောင်းသိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)

No comments:

Post a Comment