Latest News

Monday, March 26, 2018

ရွှေသံလွင်စက်မှုဇုန်ကျူးတဲဖယောင်းတိုင်မီးကြောင့် သန်ခေါင်ယံလွန်ချိန်မီးလောင်မှုဖြစ် ပွား

ရွှေသံလွင်စက်မှုဇုန်ကျူးတဲဖယောင်းတိုင်မီးကြောင့် သန်ခေါင်ယံလွန်ချိန်မီးလောင်မှုဖြစ် ပွား

ရန်ကုန် ၊ မတ် ၂၆

လှိုင်သာယာမြို့နယ်  အပြင်ပဒံကျေးရွာအုပ်စုရွှေသံလွင်စက်မှုဇုန် ဧရာဝတီလမ်းတွင် မတ် (၂၆)ရက်နံက်(၂)နာရီ(၁၀)မိနစ် သန်းခေါင်ယံလွန်ချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၃၃)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးမိသားစု(၃၃)စုအိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါကျူးကျော်တဲတွင်နေထိုင်သောဦးကြည်စိုး(ခ)ဦးဖိုးပြား(၅၄)နှစ်မှာဖယောင်မီးထွန်း၍အိပ်ပျော်သွားစဉ် ဖယောင်းတ်ုင်မီးမှတဆင့်အနီးရှိဝါးထရံသို့မီးကူးဆက်လောင်ကျွမ်းခဲ့၍ ကျူးကျော်တဲ(၈×၁၅)ပေ(၃၃)လုံးမီးလောင်ပျက်ဆီးခဲရာ ကျုးတဲတွင်နေထိုင်သော ဦချစ်ဝင်း (၄၉)နှစ်နှင့်ရဲနိုင်စိုး(၁၆)နှစ်တို့လက်နှင့်ခြေထောင်တို့မီးလောင်ဒဏ်ရာရရှိ၍မြို့နယ်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသထားကြောင်းသိရသည်။

မီးလောင်ရာသို့အုပ်ချုပ်မှုယာဉ်(၂)စီး၊ရေသယ်ယာဉ်(၁)စီးနှင့်မီးသတ်ယာဉ်(၁၀)စီးတို့ငြိမ်းသ တ်ခဲ့ရာနံက်(၂)နာရီ(၃၅)မိနစ်တွင် မီးငြိမ်းခဲ့ပြီးစက္ကူပုံးစက်ရုံနှုင့်အထည်ချု့ပ်စက်ရုံသို့မီးကူးစက်လောင်ကျွမ်းနိုင်မှုကိုကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် လှိုင်သာယာသောင်ကြီးနယ်မြေရဲစခန်းမှ ဦးကြည်စိုး(ခ)ဦးဖိုးပြားအား အရေးယူဆောင်ရွက်ထားပြီးအိမ်ထောင်စု(၃၃)စု၏လူဦးရေ(၁၀၀)အားရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းရှိမနောကြာဖြူဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

ဧာတ်ပုံ-သန်းစိုးသန်းထိုက်(လှိုင်သာယာ)

No comments:

Post a Comment