Latest News

Monday, March 19, 2018

လာမည့် ဘဏ္ဍာရေးနှစ်တွင်စစ်ကိုင်းတိုင်းမှ တည်ဆောက်ရေးလုပ်ငန်းများအားလုးံ Third Party စနစ်ဖြင့် တိုင်းအစိုးရ စစ်ဆေးစေမည်

လာမည့် ဘဏ္ဍာရေးနှစ်တွင်စစ်ကိုင်းတိုင်းမှ တည်ဆောက်ရေးလုပ်ငန်းများအားလုးံ Third Party စနစ်ဖြင့် တိုင်းအစိုးရ စစ်ဆေးစေမည်


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စ၍ အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သောအဆောက်အဦ၊လမ်း၊တံတား၊ဆည်မြောင်းစသောတည်ဆောက်ရေးလုပ်ငန်းအားလုးံကိုလာမည့် လွတ်လပ်သောကျွမ်းကျင်ညာရှင်များပါသည့် Third Party စနစ်ဖြင့် စနစ်တကျ ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

စစ်ကိုင်တိုင်းအတွင်း ကျွမ်းကျင်အင်ဂျင်နီယာမရှိသောဌာနများတွင် ၄င်းတို့စစ်ဆေးလို့သောတင်ဒါအောင်လုပ်ငန်းခွင်များ အရည်အသွေးပိုင်းအား သီးခြားလွပ်လပ်သော ပညာရှင်အဖွဲ့ Third Party ၏စစ်ဆေးခြင်းကို လိုလားပါကအစိုးရအဖွဲ့သို့တင်ပြခိုင်းစေပြီးဘတ်ဂျက်ကိုလည်းထည့်သွင်းလျာထားရေးဆွဲခိုင်းစေကြောင်းသိရသည်။

“ဆည်မြောင်းဌာန၊စည်ပင်ဌာနတို့ဆိုအင်ဂျင်နီယာရှိတယ်၊ ကျန်းမာရေးတို့ ပညာရေးတို့ကြတော့ အင်ဂျင်နီယာမရှိဘူး၊အဲဒီဌာနတွေမှာတည်ဆောက်ရေးလုပ်ငန်းတွေကို Third Party နဲ့ စစ်ဆေးချင်သလားစစ်ဆေးဖို့လိုသလားဆိုပြီး လိုရင်တပ်ပြပါဆိုပြီးစာထွက်တယ်၊များသောအားဖြင့်စစ်ဆေးစေချင်ကြတယ်၊ဒီလိုစစ်လိုက်ခြင်းအားဖြင့် အရည်အသွေးပိုင်းမှာတိုးတက်လာမယ်၊ဒီနှစ် ၂၀၁၇-၁၈ဘတ်ဂျက် မှာတော့ Third Party ကိုအပီအပြင်ဖွဲ့ပြီးမစစ်နိုင်တော့ဘူးပေါ့၊အဲဒီအဖွဲ့ ကိုအစိုးရအဖွဲ့ကလည်း ၀င်ပြီးထိန်းချုပ်မှာမဟုတ်ဘူး၊ကုမ္ပဏီဘက်လည်းမလိုက်ဘူး၊ဌာနဘက်လည်းမလိုက်ပဲ မှန်မှန်ကန်ကန် သူတို့ရဲ့ပညာနဲ့ဆောင်ရွက်မယ်ပေါ့”ဟု လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးသန်းညွန့်ဝင်း ကပြောသည်။

စစ်ကိုင်းတိုင်းတွင် ဖွဲ့စည်းမည့် Third Party အဖွဲ့၌ ပါဝင်လို၍ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၅ခု ရှိပြီး ၄င်းတို့တွင် တိုင်းတာရေးပစ္စည်းများ၊ ပညာတက်မြောက်မှု၊လုပ်နိုင်စွမ်းများကိုစစ်ဆေးပြီး မှ ရွေးချယ် ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“လာမယ့် ဘဏ္ဍာရေးနှစ်မှာတိုင်းဒေသကြီးငွေလုးံငွေရင်းခေါင်းစဉ်အောက်ကနေချပေးမယ့် ကျပ်သန်းတစ်ထောင် ရန်ပုံငွေကျရင်မော်လိုက်ကလေးမှာကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေလုပ်မယ်၊ဒါကိုအစိုးရကစောင့်ကြည့်ပေးဖို့ လိုတယ် “ဟုမော်လိုက်မြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့် ကပြောသည်။

လွတ်လပ်၍ ဘက်လိုက်မှုကင်းသော Third Party ပညာရှင်အဖွဲ့ထား၍ စစ်ဆေးခြင်း မရှိစဉ်က ဝေးလံသောဒေသများတွင် တည်ဆောက်သော လမ်းတံတား၊အဆောက်အဦအချို့မှာ ဆောင်ရွက်ပြီးမကြာခင် ပျက်စီးခြင်းများကြုံရ၍ လွှတ်တော်ကိုယ်စားလှယ်များမှ အစိုးရအဖွဲ့ကို လွှတ်တော်အတွင်း`၌ မကြာခဏ မေးခွန်းများ လေ့ ရှိကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment