Latest News

Sunday, March 18, 2018

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၂/၆ စကားအင်းအ၀ိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၂/၆ စကားအင်းအ၀ိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

တံတားဦး မတ် - ၁၈

တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး စကားအင်းအမြန် လမ်းရဲစခန်းအပိုင် မိုင်တိုင် ၃၅၂/၆ စကားအင်းအ၀ိုင်းတွင် ယနေ့ညနေ (၃း၂၀)နာရီအချိန်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး စကားအင်း အမြန် လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ အသိသက်သေအဖြစ် အမြန်လမ်းဥမီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဇော်လင်းထွန်းနှင့်တပ်ဖွဲ့ဝင်များနှင့် အတူသွားရောက် ကြည့်ရှုစစ်ဆေးရာ မန္တ လေးဘက်မှ နေပြည်တော် ဘက်သို့ မလှိုင်မြို့နယ် ကျွဲကျောင်းကျေးရွာနေ ယာဉ်မောင်း မျိုးသန့်(၂၃)နှစ် မောင်းနှင်လာသော 6H/- - - CRV ခဲရောင်ယာဉ်သည် စကားအင်းအ၀ိုင်းအား ဖြတ်သန်းမောင်းနှင်စဉ် ပလိပ်ဘက်မှ တံတားဦးလေဆိပ်ဘက်သို့ မန္တလေးမြို့ ၄၉-လမ်း၊စက်မှု(၂) ပြည်ကြီးတံခွန်မြို့နေ ယာဉ်မောင်း ချိန်ပင်(၅၆)နှစ်မောင်းနှင်လာသော 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်သည် ဖြတ်သန်း မောင်းနှင်ရာ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော 6H/- - - CRV ခဲရောင်ယာဉ်၏၀ဲဘက်ဘေးအား ပွတ်တိုက်မိခဲ့ပြီး 6H/- - - CRV ခဲရောင်ယာဉ်မှာလမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်သွားခဲ့ပြီး 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မောင်းပါ ကျား(၂)ဦးမှာ ဒဏ်ရာရရှိခြင်းမရှိဘဲ 6H/- - - CRV ခဲရောင်ယာဉ် မောင်းမျိုးသန့်မှာ ဦးခေါင်းမူးဝေဒဏ်ရာ၊ CRV ခဲရောင်ယာဉ်ပေါ်ပါ မလှိုင်မြို့နယ် ကန်သစ်ကြီးရွာနေ နိုင်နိုင် (၃၈)နှစ်(ဘ)ဦးလှအေးဗိုက်အောင့်ဒဏ်ရာ၊ ၄င်းလိပ်စာတူ မဇာနည်ဝင်း(၃၈)နှစ်တွင် ယာမျက်ခုံးကွဲ၊မေးစေ့အောက် ပေါက်ပြဲ၊ ယာလက်နာကျင်၊ယာဒူးပွန်းပဲ့ ဒဏ်ရာ၊လိပ်စာတူ မသူဇာ (၁၅)နှစ်တွင် ယာလည်ပင်းနာကျင် ဒဏ်ရာ၊မလှိုင်မြို့နယ် ကျွဲကျောင်းရွာ သီရိဇေယျာကျောင်းတိုက်နေ ဦးသောဘိတ(၅၀)နှစ် ၀ါတော်(၃၀)၀ါတွင် ယာနဖူးဖူးရောင် နှာသွေးထွက်၊ ဇက်ပိုးနာကျင် ဒဏ်ရာများရရှိခဲ့ပြီး 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မှာရှေ့ဘန်ကာကျိုးပဲ့သွားသဖြင့် ကာလတန်ဖိုး (၅)သိန်းကျပ်ခန့်ဖြစ်ပြီး၊6H/- - - CRV ခဲရောင်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊၀ဲဘက်ဘော်ဒီပိန့်ချိုင့်၊ ခေါင်မိုးပိန့်ချိုင့် ၊နောက်မှန်ကွဲ၊ နောက်ဘန်ဘာပြုတ်ထွက်ပျက်ဆီးခဲ့သဖြင့် ကာလတန်ဖိုး(၁၅)သိနန်း ကျပ်ခန့် စုစုပေါင်းကာလ တန်ဖိုးကျပ်(၂၀)သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် အမြန်လမ်းကြီးအတိုင်းမောင်းနှင်လာသောယာဉ်အား ဦးစားပေး ခြင်းမရှိဘဲ လမ်းသွယ်မှပေါ့ဆစွာမောင်းမောင်းနှင်သူ 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မောင်း ချိန်ပင် အားအရေးယူဆောင်ရွက် ပေးပါရန် တာဝန်မှူး ဒုရဲအုပ်နန်းနန်းမှ တရားလိုပြု တိုင်တန်းသဖြင့် စကားအင်းအမြန် လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်းသိရှိရသည်။
                                                                                                                      ရဲတင့်

No comments:

Post a Comment