ရန်ကုန် မတ် ၁၉
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ခံပညာ ပေါင်းစုံ အားကစားနည်း (MMA)ဖြစ်သည့် ONE Championship ပြိုင်ပွဲကို နှစ်ပွဲမှသုံးပွဲအထိ ကျင်းပရန် လျာထားကြောင်း MMA ပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ လက်ခံ ကျင်းပရန် စီစဉ်ပေးနေသည့် ဦဇေသီဟက ပြောသည်။ '' ယခုနှစ်ထဲမှာ ONE Championship ပြိုင်ပွဲနှစ်ပွဲကနေ သုံးပွဲအထိ လုပ်ဖို့ရှိပါတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။
သုဝဏ္ဏအားကစားရုံကို ပြန်ပြင် မယ်လို့ သိရလို့ ရုံရနိုင်၊ မရနိုင်ပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်'' ဟု ဦးဇေသီဟက ပြောသည်။ ONE Championship သည် ယခုနှစ်အတွက် ထုတ်ပြန်သော ပြိုင်ပွဲပြက္ခဒိန်တွင် မူလက မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလအတွင်းက ကျင်းပသော ပြိုင်ပွဲတစ်ပွဲသာ ကျင်းပရန် ဖော်ပြထားသော်လည်း ယခုအခါ ပွဲစဉ် များကို မြန်မာနိုင်ငံ၌ ဆက်လက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
''ပြိုင်ပွဲကာလ ပြက္ခဒိန်က တစ်နှစ်စာလုံး ထုတ်ထားတယ်ဆိုပေမယ့် အသေသွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် တချို့ပွဲတွေကို ရွှေ့ဆိုင်းတာ၊ ပြောင်းလဲကျင်းပတာတွေ ရှိပါတယ်'' ဟု ဦးဇေသီဟက ပြောသည်။ ထို့ပြင် ယခုပြောင်းလဲ ကျင်းပမည့် ပွဲစဉ်များ၌ အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်သည့် ပွဲစဉ်လည်း ပါဝင်ရန်ရှိကြောင်း သိရ သည်။
Photo - Aung La FB
No comments:
Post a Comment