မင်းလှမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ နှစ်ဦး ဖမ်းဆီးရမိ
နေပြည်တော် မတ် ၁၉
မင်းလှမြို့နယ် ဆုံကုန်းကျေးရွာ တောင် ဘက် နှစ်ဖာလုံခန့်အကွာ တောထဲ၌ မတ် ၁၈ ရက် နံနက် ၁၁ နာရီက မသင်္ကာဖွယ် လူနှစ်ဦးတွေ့ရှိကြောင်း သတင်းအရ ရှမ်း တပ် ရဲကင်းစခန်းမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက် တော်မြို့နယ် အောက်ပိုက်သေကျေးရွာ နေ မာဟတရို(၂၅နှစ်)နှင့် နေပူခံကျေးရွာ နေ မနိုရီဂျင်နို(ခ)နီနီသန်း(၂ဝနှစ်)တို့ နှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ¤င်းတို့နှစ်ဦးအား အောက်ပိုက်သေကျေးရွာနေ ရှောဘီ (စိစစ်ဆဲ)က ရန်ကုန်သို့ အလုပ်သွားရောက် လုပ်ကိုင်လိုပါက ငွေကျပ် ၁၆ သိန်းပေး ရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော တစ်လ ခန့်က ရှောဘီက မာဟတရိုပါ နှစ်ဦးတို့ အား အောက်ပိုက်သေကျေးရွာမှ စက်လှေ ဖြင့် ခေါ်ဆောင်ခဲ့ရာ ရိုးမတောတစ်နေရာ သို့ရောက်ရှိခဲ့ပြီး အမျိုးသားသုံးဦးထံ အပ်နှံကာ ရှောဘီမှာပြန်သွားကြောင်း၊ ¤င်းအမျိုးသားသုံးဦးက တောလမ်း အတိုင်း ရက် ၂ဝ ခန့် လမ်းလျှောက် ခေါ်ဆောင်လာခဲ့ရာ လူစုကွဲ လမ်းမှားပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် တရားမဝင်ရောက်ရှိလာသူ မာဟတရို ပါ နှစ်ဦးတို့အား အရေးယူထား ကြောင်း သိရသည်။
ကိုရဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment