Latest News

Tuesday, March 20, 2018

ဘယ်သူနဲ့မဆို အလုပ်လုပ်လို့ ရပါတယ်ဆိုတဲ့ သရုပ်ဆောင်ဇဏ်ခီ

ဘယ်သူနဲ့မဆို အလုပ်လုပ်လို့ ရပါတယ်ဆိုတဲ့ သရုပ်ဆောင်ဇဏ်ခီ

မန္တလေး ၊   မတ်    ၁၈    -    တကယ်စိတ်ဝင်စားတဲ့  ကာ ရိုက်တာကိုမှ   ဖန်တီးချင်တယ်ဆိုတဲ့   သရုပ် ဆောင်ဇဏ်ခီက   ဇာတ်ညွှန်းကို   သေချာ ရွေးချယ်တယ်လို့   ဆိုပါတယ်။

လက်ရှိမှာ    ပရိသတ်ချစ်ခင်အားပေးမှု ကို   ရရှိနေပြီဖြစ်တဲ့   သရုပ်ဆောင်ဇဏ်ခီက    “ကျွန်တော့်ကို   ဇာတ်ကားရိုက်ဖို့   ကမ်းလှမ်း တာတွေတော့   အများကြီးရှိပါတယ်၊  ဒါပေ မဲ့   အဓိက  ကျွန်တော်လုပ်ချင်တဲ့ပုံစံက  ဇာတ်ညွှန်းလေး သေချာဖတ်ချင်တယ်၊  ဇာတ်ညွှန်းမှာ  သိပ်သည်းကျစ်လျစ်မှု  ရှိစေချင်တယ်၊  ဇာတ်ညွှန်းသေချာပြီဆိုတော့မှ    ဇာတ်ကားရိုက်ဖို့   စဉ်းစားချင်တယ်၊  အဲဒါမှလဲ  အဓိပာယ်ရှိမှာလေ၊  ဒါကြောင့်မို့ ကျွန် တော်ဇာတ်ညွှန်းတွေလိုက်ရွေးနေတာ”လို့   ပြောပါတယ်။

ဇဏ်ခီက  တိုက်ပိုင်မင်းသားရယ်လို့ မဟုတ်ဘဲ   ဘယ်သူနဲ့မဆို   အလုပ်လုပ်လို့ရ တယ်လို့လည်း   ဆိုပါတယ်။  လက်ရှိမှာ တော့   photo shot   တွေနဲ့ ကြော်ငြာတချို့ ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့   ဇဏ်ခီက  ဇာတ်ညွှန်းတွေလည်း ရေးပေးဖြစ်နေတယ်လို့   သိရတယ်။

ဇာတ်ကောင်ကို   ကိုယ်တိုင်စိတ်ဝင်စားလား   ဆန်းစစ်ချင်တယ်ဆိုတဲ့   သူက  “ကျွန်တော်ဘယ်လိုကာရိုက်တာမျိုးရိုက် ချင်တယ်ဆိုတာ   လောလောဆယ်တော့   တွေးထားတာမျိုး   မရှိဘူး၊  ဇာတ်ညွှန်းကို  ဖတ်တဲ့အချိန်မှာ  အဲဒီဇာတ်ကောင်ကို ကိုယ်ကိုယ်တိုင်က   တကယ်စိတ်ဝင်စား လားဆိုတဲ့ ဟာကို
ကိုယ့်ဟာကိုယ်   ဆန်းစစ်ချင်တယ်၊  တကယ်စိတ်ဝင် စားရင်တော့ လုပ်ချင် စိတ်   ရှိပါတယ်”  လို့ လည်း ပြောပါတယ်။

လာမယ့်သင်္ကြန် ကာလကိုတော့ ဇဏ်ခီက မုဒြာရဲ့ခေါ်သံ ဇာတ်ကားအတွက်  ပရိုမိုးရှင်းတွေနဲ့ပဲ  အချိန်ကုန် မယ်လို့ သိရပါတယ်။    

ခတ္တာဖြူ (Kumudra)

No comments:

Post a Comment