မြိတ်မြို့၌ပထမအကြိမ် မြိတ်ပုလဲမြေ L.J.LED ကမ္ဘာမီးအလှပြပွဲတော် ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ရေပုန်းရပ် ကမ်းနားလမ်း၊ သဲကွင်း၌ ပထမအကြိမ်မြိတ်ပုလဲမြေ L.J. LED ကမ္ဘာမီးအလှပြပွဲတော်ကို မတ်လ(၁၇)ရက်နေ့ည ၆ နာရီအချိန့်က ဖွင့်လှစ်ခဲ့ရာဒေသခံပြည်သူ များဖြင့်စည်းကားလျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြိတ်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်အေးနှင့် L.J ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့က မီးအလှပြပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက မြိတ်ပုလဲမြေ LED မီးအလှပြပွဲ တော်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတင်ထွန်း၊ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ L.J ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့က မြိတ်ပုလဲမြေ LED ရောင်စုံမီးအလှပွဲတော်တွင်ရောင်စုံ မီးအလှများဖြင့် ပြင်ဆင်ပုံဖော်ထားရှိမှုများ ကြည့်ရှုကြသည်။
အဆိုပါမီးအလှပြပွဲကို မတ်လ(၁၇)ရက်မှ (၂၈)ရက်အထိ ကျင်းပမည်ဖြစ်ပြီး မီးအလှပြပွဲတွင် LED မီးလုံးပေါင်း သန်း(၂၀၀)ကျော်ဖြင့် မြန်မာနိုင်ငံတော် မြေပုံ၊ ဖူဂျီမီးတောင်ပုံ၊ ပဲရစ်မျှော်စင်ပုံ၊ နှင်းဆီပန်းခင်း၊ လပြည့်ဝန်းပုံ၊ အသဲပုံလျှောက်လမ်း၊ မြန်မာ့တူရိယာစောင်း၊ ပတ္တလားပုံများ၊ ဆွမ်းအုပ်ပုံများ၊ ဂီတာ၊ မျက်မှန်၊ စန္ဒယား၊ လိပ်ပြာ၊ သင်္ဘော၊ မုတ်ကောင်နှင့်ပုလဲ၊ ရေသတ္တ၀ါပုံများကို ရောင်စုံမီးအလှများဖြင့် ပြင်ဆင်ပုံဖော်ထားကြောင်းသိရသည်။
မီးအလှပြပွဲကို လူကြီးတစ်ဦးလျှင် ငွေကျပ်(၃၀၀၀)၊ ကလေးတစ်ဦးလျှင် ငွေကျပ်(၁၅၀၀) နှုန်းဖြင့်လည်းကောင်း ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက်(၅)နှစ်အောက်ကလေးငယ်များ၊ အသက်ကြီးရွယ်အိုနှင့် မသန်စွမ်းပုဂ္ဂိုလ်များအနေဖြင့် အခမဲ့ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment