Latest News

Sunday, March 18, 2018

ကျောက်တန်းရေလယ်ဘုရားသို့ YangonWater Bus နှစ်ထပ် ရေယာဉ်ဖြင့် ဘုရားဖူး ရောက်ရှိ

ကျောက်တန်းရေလယ်ဘုရားသို့ YangonWater Bus နှစ်ထပ် ရေယာဉ်ဖြင့် ဘုရားဖူး ရောက်ရှိ

ကျောက်တန်း      မတ်  ၁၈

        ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ရှိရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့နိုင်ငံခြားသားများနှင့်ပြည်တွင်း ဘု ရားဖူးများအနေဖြင့် ရန်ကုန် သန်လျင် ကျောက်တန်းကုန်းလမ်းခရီးဖြင့်သာ နေ့စဉ်လာရောက်ကြသည်။
ယနေ့ မွန်းလွဲ  ၂  နာရီတွင် တင့်တင့်မြန်မာခရီးသွားလုပ်ငန်းမှ ရေယာဉ်မှူး ဦးသိန်းနိုင် နှင့်ဝန်ထမ်း ( ၂၃ )ဦးတို့က Yangon Water Busနှစ်ထပ်ရေယာဉ်ဖြင့် ဘုရားဖူးခရီးသည် ( ၁၄၃ )တင်ဆောင်ပြီး ရေကြောင်းခရီးဖြင့် ရေလယ်ဘုရားသို့ရောက်ရှိလာကြသည် ။

         နှစ်ထပ်ရေယာဉ်မှာမြို့ဘက်ကမ်းအနီးတွင်ကျောက်ချရပ်နားလျက် ဘုရားဖူးခရီးသည်များအား ကုတို့စက်ရေယာဉ်ကြီးများဖြင့် ဘုရားသို့ ပို့ဆောင် ပေးပြီး ဘုရားမှမြို့ဘက်ကမ်း ။ ထိုမှနှစ်ထပ်သင်္ဘောသို့ပြန်လည် ပို့ဆောင်ပေးသည်ဘုရားဖူးပြီးကျောက်တန်းဘက်ကမ်းတွင်နှစ်နာရီလည်ပတ်ခွင့်ရ၍ ကမ်းနားဘုရား ခေါ်ရှေးဟောင်း ကျိုက်ပြာသာဒ်တနော် စေတီတော် သို့ တက်ရောက်ဖူးမျှော်သူများနှင့် ဈေးတန်းမှဒေသထွက် ငါးပုတ်ခြောက် ပုဇွန်ခြောက်ဝယ်သွားကြသည်ကိုလည်းတွေ့ရသည် ။

ရေလယ်ဘုရားကိုသင်္ဘောပေါ်မှဖူးပြီးကလေးများနှင့်အတူအေးချမ်းစွာအနားယူတပျော်တပါးစားသောက်နေကြသည့်မိသားစုများကိုတွေ့၍ လေ့လာရာ မြောက်ဥက္ကလာနေသူ ဦးဌေးညွန့်က မိသားစု ( ၁၆ ) ဦးလိုက်ပါလာကြောင်း ။ ကုန်းလမ်းမှ မကြာမကြာဘုရားဖူးရောက်ကြောင်းရေလမ်းခရီးဖြင့်ပထမအကြိမ်လာရောက်ရ၍ဝမ်းသာပျော်ရွှင်ကြောင်း ဗိုလ်တထောင်ဆိပ်ကမ်းမှမြင်ကွင်းများနှင့် သီလဝါစက်မှုဇုန် မြင်ကွင်း  ဓနုတ်ဘုရားဖူး ။ ပင်လယ်လေညှင်းခံပြီး ခရီးစဉ်မှာဧည့်ခံသည့် ထမင်းအအေးနဲ့ရေသန့်ပေးလို့လည်းအဆင်ပြေကြောင်းပြောပြသည် ။

 Yangon Water Bus ရေယာဉ်မှတာဝန်ရှိသူများကလည်း ရေလမ်းခရီးပထမဆုံးခရီးစဉ်ဖြစ်၍ နှစ်ထပ်သင်္ဘောဖြင့် ရေလမ်းကြောင်းကိုကြဲိုတင်လေ့လာခဲ့ကြောင်း ယခုလည်းမှော်ဝန်း
ချောင်းဝ မှ ရေလယ်ဘုရားသို့ ကျောက်တန်းမြို့မှ ရေလမ်းကျွမ်းကျင်သူက ရေကြောင်းလမ်းပြပေးခဲ့ကြောင်းခရီးသည်များလုံခြုံရေးအတွက်လိုအပ်သည့်အစီအစဉ်များလည်းဆောင်ရွက်ထားကြောင်း။ ကျောက်ဆောင်များနှင့်လွတ်ကင်းရန်ရေယာဉ်စတင်ထွက်ချိန်ကို ရေတက် ရေဝက်ချိန်နှင့်တွက်ချက်၍ ထွက်မည်ဖြစ်ကြောင်းပြောသွားသည်

အဆိုပါ ကျောက်တန်းရေလဟ်ဘုရားဖူးနှစ်ထပ်ရေယာဉ်သည် ခရီးသည်များနှင့်အတုညနေ  ၄ နာရီခွဲတွင်မြန်လည်ထွက်ခွါသွားပြီး မနက်ဖြန် တနင်္ဂနွေနေ့တွင်လည်း ယခုခရီးစဉ်အတိုင်းရောက်ရှိမည် ဖြစ်ကြောင်းသိရသည် ။
စိုးဝင်း(ကျောက်တန်း)  

No comments:

Post a Comment