ဓနုဖြူမြို့ ရွှေဆိုင်မှ ရွှေဆွဲကြိုး ၁၅ ကုံးနှိုက်ယူခံရ
ဓနုဖြူ မတ် ၁၈
ဓနုဖြူမြို့၊ (၇) ရပ်ကွက် မြို့မဈေးရှေ့ ထိပ်တန်းရွှေဆိုင်တွင် မတ် ၁၃၊ နံနက် ၇း၅၀ နာရီခန့်က ရွှေဆွဲကြိုး ၁၅ ကုံးခန့်နှိုက်ယူခံရမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရွှေဆိုင်အား နံနက် (၆း၃၀)နာရီတွင်စတင်ရောင်းချရာမှ နံနက် (၇း၅၀)အချိန်ခန့်တွင် ရွှေဆိုင်ထဲသို့ အမည်မသိ အသက် ၄၀နှစ် ခန့် အမျိုးသား တစ်ဦးနှင့် အမည်အသိ အသက် ၄၇ နှစ်ခန့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိလာပြီး ရွှေဝယ်ရန်ပြောဆိုကာ ရွှေထည်အမျိုးမျိုးအားပြခိုင်း၍ ကြည်ရှုကာ တစ်ကျပ်သားခန့်ရှိရွှေဆွဲကြိုးတစ်ကုံးအား ခဏဖယ်ထားပေးရန်နှင့် ခနနေလာယူမည်ဟုပြောကာ ပြန်လည်ထွက်သွားခဲ့သည်။ ၄င်းတို့ထွက်သွားပြီးနောက် မှန်ဘောင်ထဲတွင်ထည့်ထားသော စိန်စပယ်ဖူး ရွှေဆွဲကြိုး အလေးချိန် ၆ ပဲ၊ ၂ ကုံး၊ မီကိုကြိုး ရွှေဆွဲကြိုး အလေးချိန် ၆ ပဲ၊ ၂ ကုံး၊ သံကြိုး အီကြာ အလေးချိန် ၄ ပဲ၊ ၂ ကုံး၊ မာစတာကြိုး အလေးချိန် ၈ ပဲ၊ ၁ ကုံး၊ MC အလိမ်ကြိုး အလေးချိန် ၈ ပဲ၊ ၂ ကုံး၊ သိန်းငှက်ကြိုး အလေးချိန် ၉ ပဲ၊ ၁ ကုံးနှင့် အခြားရွှေဆွဲကြိုး အလေးချိန် ၈ ပဲ၊ ၃ ကုံး (၇)ကျပ်သားကျော် ရွေဆွဲကြိုး ၁၅ ကုံး၊ စုစုပေါင်းတန်ဖိုး ကျပ် ၅၉၆၀၀၀၀ိ/- သိန်းကျော်မှာ ပျောက်ဆုံးသွားကြောင်းသိရသဖြင့် CCTV မှတ်တမ်းအားပြန်လည်ကြည့်ရှုရာ အဆိုပါ နှစ်ဦးနှိုက်ယူသွားကြောင်း သိရသဖြင့် ဓနုဖြုမြို့မစခန်းသို့တိုင်ကြားခဲ့သည်။
ဓနုဖြူမြို့မရဲစခန်းမှလည်း ဆွဲကြိုးအမည်စာရင်းများနှင့် CCTV မှတ်တမ်းမှ ပုံများသိမ်းဆည်းရှာဖွေလျက်ရှိကြောင်းသိရပြီး တခြားဆိုင်များသို့ လာရောက် ရောင်းချပေါင်နှံပါက ဒုရဲမှူးအေးမင်း (မြို့မစခန်းမှူး) ၀၉၄၉၆၄၀၃၃၈၊ ဒုရဲအုပ် ရန်နိုင်ထွန်း (နယ်ထိန်းခေါင်းဆောင်) ၀၉၇၈၂၄၂၄၄၃၀ တို့အားဆက်သွယ်သတင်းပေးနိုင်ကြောင်းသိရသည်။
အောင်သူဟိဏ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment