Latest News

Thursday, March 1, 2018

JICA မှ မြစ်ရေသန့်ပေးဝေနိုင်မှုကြောင့် ဖျာပုံမြို့တွင် ရေကန်များ ရေခန်းခြောက်မှုမရှိ

JICA မှ မြစ်ရေသန့်ပေးဝေနိုင်မှုကြောင့် ဖျာပုံမြို့တွင် ရေကန်များ
ရေခန်းခြောက်မှုမရှိ

ဖျာပုံ  မတ် ၁

ဖျာပုံမြို့ပေါ်ရှိ သောက်သုံးရေကန် ၆ဝ ကျော်တွင် ယခင် နှစ်များက တပေါင်းလရောက်သည်နှင့် ရေများ ခန်း ခြောက်ခဲ့သော်လည်း ယခုနှစ်တွင် JICA ၏ စီမံကိန်း ဖြင့် ၂ဝ၁၇ မေလမှစတင်၍  မြစ်ရေသန့်ပေးဝေနိုင်မှု ကြောင့် သောက်သုံးရေကန်များ ရေခန်းခြောက်ခြင်း မရှိသည်ကို တွေ့ရသည်။

ဖျာပုံမြို့ ဗိုလ်ချုပ်လမ်းနေ ပြည်သူတစ်ဦးက ''အရင် က ဖျာပုံမြို့ပေါ်မှာရှိတဲ့ သောက်သုံးရေကန်များဟာ တပေါင်းလရောက်တာနဲ့    ရေများ  ခန်းခြောက်ကုန်လို့ သောက်ရေရော သုံးရေပါ ခက်ခဲခဲ့ပါတယ်။  ရေထမ်း ရောင်းသူ ရေလှည်းတွန်းရောင်းသူတွေကလည်း သူခေါ် ကိုယ်ခေါ်ဆိုတော့  ခေါ်လို့မလွယ်ပါဘူး၊  ဒီနှစ်တော့(JICA)မြစ်ရေသန့်က သောက်ရေရောသုံးရေပါ အဆင် ပြေတဲ့အပြင် ဈေးနှုန်းကလည်းသက်သာတော့ ရေသုံး စွဲတာ အတော်အဆင်ပြေနေပါတယ်''ဟု ပြောသည်။

ဖျာပုံမြို့(၇)ရပ်ကွက်(၈)လမ်းရှိ သောက်ရေကန်ကြီး ကို အမှီပြုပြီး နှစ်များစွာ ရေထမ်းရောင်းခဲ့သူ ကိုတိုးက ''မြစ်ရေသန့်မပေးခင်က ရေယူတဲ့အိမ် ၃ဝ ကျော်ရှိလို့ တစ်ရက်ဝင်ငွေ ကျပ် ၆ဝဝဝ ကျော်ရှိပါတယ်၊ အခုတော့ ရေယူတဲ့အိမ် ၁ဝ အိမ်ပဲရှိတော့လို့ ဝင်ငွေကျပ်၂ဝဝဝ ကျော်ပဲ ရှိပါတော့တယ်။ ကိုယ့်ဝင်ငွေနည်းသွားပေမယ့် ပြည်သူတွေ ရေကောင်းရေသန့်ရလို့ ဝမ်းသာပါတယ်''ဟု ပြောသည်။

ဖျာပုံမြို့သည် ယခင်က မိုးကာလမှအပ ကျန်အချိန် များတွင် သောက်သုံးရေအခက်အခဲ ကြုံတွေ့ခဲ့ရသည် မှာ နှစ်ပေါင်းများစွာ  ကြာခဲ့ပြီဖြစ်ကာ ယခုနှစ်တွင်မှ JICA မြစ်ရေသန့်  ဖြန့်ဝေပေးနိုင်ခြင်းကြောင့် ရေ အတွက်   နှစ်စဉ်ကြုံတွေ့နေရသော  အခက်အခဲများ အဆင်ပြေသွားခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်း(ဖျာပုံ)မြန်​မာ့အလင်း

No comments:

Post a Comment