Latest News

Thursday, March 1, 2018

အမေရေယဉ် နန်းရင်းနတ်ပွဲ ခေါ် အနောက်အမေကြီးပွဲ စတင်ပြီ

အမေရေယဉ် နန်းရင်းနတ်ပွဲ ခေါ် အနောက်အမေကြီးပွဲ စတင်ပြီ

ပုလဲ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး   ယင်းမာပင်ခရိုင်  ပုလဲ မြို့နယ်မောင်းတုံကျေးရွာရှိ အမေရေ ယဉ် နန်းရင်းရွှေနန်းတော်၌ ဖေဖော်ဝါရီ ၂၇ ရက် (တပေါင်းလဆန်း  ၁၃ ရက်) မွန်းလွဲ ၂ နာရီခွဲမှစတင်၍ အညာဒေသ၏ ထင်ရှားစည်ကားသော   ပွဲတော်တစ်ခု ဖြစ် သည့်      အမေရေယဉ်နန်းရင်းနတ်ပွဲ ခေါ်   အနောက်အမေကြီးပွဲကို   စတင် ကျင်းပပြီဖြစ်ရာ   တပေါင်းလပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အရပ်ရပ်မှ နတ်ကတော်များ၊ ယုံကြည်ကိုးကွယ် သူ များအနေဖြင့်  အမေရေယဉ်နန်းရင်း ရွှေ နန်းတော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ယုံကြည်ကိုးကွယ်သူများ၏   အယူ အဆအရ အနောက်အမေကြီး၏နယ်မြေ သည်  ပုံတောင်ပုံညာ  အရှေ့ဘက်နှင့်  ချင်းတွင်းမြစ်အနောက်   ဘက်ကမ်း ယမားနယ်ဒေသဖြစ်သည်။ အနောက် အမေကြီးပွဲကို     တပေါင်းလဆန်း ၁၃ ရက်မှ   တပေါင်းလပြည့်ကျော်  ၃ ရက် အထိ  အတွင်းနန်းဆောင်   မောင်းတုံ နန်းရင်းတွင်   ပွဲကျင်းပပြီး   တပေါင်း လပြည့်ကျော် ၄ ရက်တွင်  ချိုးရေတော် သုံးကာ လပြည့်ကျော်   ၅ ရက်မှ ၈ ရက် အထိ   ယင်းမာပင်မြို့နယ်     ဇီးတော ကျေးရွာဦး ကုန်းမြင့်ရှိ အပြင်နန်းဆောင် (တောနန်း) သို့ြ<ွကတော်မူကြောင်း သိရသည်။

ပုလဲမြို့နယ်     မောင်းတုံကျေးရွာရှိ အမေရေယဉ်   နန်းရင်းရွှေနန်းတော် ကြီးကြပ်မှုကော်မတီ နာယက ဦးဘိုစန်း က  ''ဒီအမေကြီးပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ  ကျော်လောက်က   စတင်ကျင်းပခဲ့ တာ ဖြစ်ပါတယ်၊  ကျွန်တော့်အဘိုးရဲ့ အဖေဖြစ်သူ  ဦးကျော်တင်ကို   အမေ ကြီးက အိပ်မက်ပေးတာကြောင့် အရင် တုန်းက  ယင်းမာပင်နယ်  ပေါင်ချောင် ထန်းတောနားမှာ     အမေကြီးရုပ်တု၊ အသက်ဘူးတို့ကို    တူးဖော်ရရှိခဲ့ရာက တစ်ပင်နန်းလေးထားရှိပေးပြီး  နယ်သူ နယ်သားတွေ နှစ်စဉ်မပျက် ဦးခိုက်ပူဇော် ခဲ့တာကစပြီး    ယနေ့အထိ    စည်စည် ကားကားနဲ့  ကျင်းပလျက်ရှိပါတယ်'' ဟု ပြောသည်။

အမေရေယဉ် နန်းရင်းနတ်ပွဲသည်  အညာ ဒေသတွင် ထင်ရှားစည်ကားသော ရိုးရာယုံကြည်မှုဆိုင်ရာ   ပွဲတော်တစ်ခု ဖြစ်ကာ ပွဲတော်ကာလအတွင်း နေ့စဉ် လူပေါင်းသောင်းနှင့်ချီ၍ ရောက်လာကြ မြဲ ဖြစ်သည်။  ပွဲတော်လာသော  လှည်း များ၊ ကားများ၊  ဆိုင်ကယ်များမှာ  အရေ အတွက် ထောင်ချီရှိကာ တပေါင်းလပြည့် ကျော် ၅ ရက်နှင့် ၆ ရက်တွင် ပုလဲမြို့နယ်၊ မြိုင်မြို့နယ်၊ ပခန်းနယ်၊ ယောနယ်တို့မှ    လာရောက်ကြသူ   များပြားပြီး ၇ ရက်နှင့် ၈ ရက်တွင် ယင်းမာပင်၊ ကနီ၊ မုံရွာနယ် နှင့် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးမှ ယုံကြည်သက်ဝင်ကြသည့်  ပြည်သူများ  လာရောက်ကြကြောင်း သိရသည်။        
မင်းခန့်စိုး(ဇေယျာမြေ)မြန်​မာ့အလင်း

No comments:

Post a Comment