Latest News

Thursday, March 1, 2018

ဥပဒေအထက်က အာဏာသိမ်းပွဲကြီး



လွန်ခဲ့တဲ့ ၅၆ နှစ်တုန်းက မတ်လ(၂)ရက်နေ့မှာ
ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ တပ်မတော်ခေါင်းဆောင်
တွေက အာဏာသိမ်းခဲ့ပါတယ်။ ယိုယွင်းနေတဲ့
တိုင်းပြည်အခြေအနေကိုထိန်းသိမ်းဖို့၊ ချောက်
ထဲကျလုဆဲဆဲတိုင်းပြည်ကိုကယ်တင်ဖို့ မလွှဲ
သာမရှောင်သာ အာဏာသိမ်းခဲ့ရပါတယ်လို့
ရေးကြ၊ ပြောကြတာတွေကိုလည်း ဖတ်မိ၊ မှတ်
မိပါရဲ့။ သမိုင်းပညာရှင်တွေအနေနဲ့ ၁၉၆၂ ခု
နှစ်ဦးပိုင်း တိုင်းပြည်ရဲ့အခြေအနေနဲ့ဆက်စပ်
ကာ မတ်လ(၂)ရက် အာဏာသိမ်းမှုကို ပညာ
ရှင်ပီပီသသ ပြန်ဆန်းစစ်၊ သုံးသပ်၊ ကောက်
ချက်ဆွဲဖို့ လစ်ဟာနေဆဲဖြစ်ပါတယ်။

သိနားလည်သလောက်တော့ ၁၉၆၂ ခုနှစ် အာ
ဏာသိမ်းပြီးတဲ့နောက်မှာမှ တိုင်းပြည်အခြေအ
နေဟာ ယိုယွင်းသထက်၊ ယိုယွင်းလာခဲ့တာပါ။
တိုင်းပြည်ဟာလည်း ချောက်ထဲကို ရောက်သ
ထက်ရောက်ခဲ့တာပါ။ အဲဒါက ကျနော့်ရဲ့အမြင်၊
သုံးသပ်ချက်ပါ။ အဲဒီအမြင်၊ သုံးသပ်ချက် မှန်၊
မမှန်ဆိုတာကို ပညာရှင်တွေက သုတေသနလုပ်
ဆန်းစစ်ကြရမှာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်တုန်းက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့
အစိုးရ၊ လွှတ်တော်တွေဟာ ၁၉၆၀ ပြည့်နှစ်ပါတီ
စုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက
နေမဲပေးရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထား
တာပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက
အာဏာတည်နေတဲ့အချိန်လဲဖြစ်ပါတယ်။ ၁၉၅၉
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်
ရှောက်ရေးအက်ဥပဒေ အာဏာတည်နေခဲ့တဲ့
ကာလလည်းဖြစ်ပါတယ်။

မတ်လ(၂)ရက် အာဏာသိမ်းမှုဟာ အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င်
တိုင်းပြည်ခေါင်းဆောင်တွေ လွတ်လပ်ရေးမရခင်
ကတည်းက ညှိနှိုင်းဆွေးနွေး၊ ချမှတ်ခဲ့တဲ့ မူဝါဒတွေ
အပေါ်အခြေပြု ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို စာရွက်သက်သက်ဖြစ်အောင်
လုပ်ခဲ့တဲ့၊ အခြေခံဥပဒေကိုကျော်လွန်ဆောင်ရွက်
ခဲ့တဲ့ မြန်မာ့နိုင်ငံသမိုင်းရဲ့အမည်းစက်ကြီးလို့ကျ
နော်က ရှုမြင်ပါတယ်။ ကျနော့်အမြင် မှန်၊ မမှန်ဆို
တာကို သမိုင်းပညာရှင်တွေက သုတေသနပြု
သုံးသပ်ကြရမှာဖြစ်ပါတယ်။

တကယ်တော့ မတ်လ(၂)ရက်နေ့ဟာ မြန်မာ့
နိုင်ငံရေးသမိုင်းမှာ ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ်
တွေ လမ်းစပျောက်ခဲ့ရတဲ့နှစ်၊ အသွင်သဏ္ဍာန်
အမျိုးမျိုးနဲ့အာဏာရှင်စနစ် အားကောင်းလာစေ
ဖို့ မျိုးစေ့ချပေးခဲ့တဲ့နေ့လို့ ရိုးရိုးရှင်းရှင်း တံဆိပ်
ကပ်ရမှာဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေက
ရော ဘယ်လိုကောက်ချက်ဆွဲမလဲ၊ ဘယ်လို
တံဆိပ်ကပ်မလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။

ကျနော်ကတော့ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့
ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အာဏာသိမ်းပွဲ
ဟာ ဥပဒေအထက်က အာဏာသိမ်းပွဲကြီးလို့ပဲ
စိတ်ထဲမှာ ထင်မြင်မိပါတယ်။ အဲဒီအာဏာသိမ်း
ပွဲကြီးဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
နဲ့ ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်
စောင့်ရှောက်ရေးအက်ဥပဒေတွေကို ကျော်လွန်
ဆောင်ရွက်ခဲ့တဲ့ ဥပဒေအထက်က၊ တည်ဆဲဥ
ပဒေတွေကို မလိုက်နာ၊ ချိုးဖောက်ခဲ့တဲ့ အာဏာ
သိမ်းပွဲကြီးအဖြစ် ရှုမြင်ပါကြောင်း သုံးသပ်လိုပါ
တယ်။ တတ်သိပညာရှင်တွေရဲ့အသံကိုလည်း
နားထောင်ချင်မိပါတယ်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

Photo credit to Kyaw Myat Khaing

No comments:

Post a Comment