Latest News

Friday, March 2, 2018

CCTVသုံးသည့် ပလပ်ခုံမှ မီးလောင်မှုဖြစ်၊ ကျပ်သိန်း(၃၀)ကျော်ခန့်ဆုံးရှုံး

CCTVသုံးသည့် ပလပ်ခုံမှ မီးလောင်မှုဖြစ်၊ ကျပ်သိန်း(၃၀)ကျော်ခန့်ဆုံးရှုံး

မြစ်ကြီးနား၊ မတ် ၂

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ကားအလှဆင်နှင့်ရေဆေးဆီလိုက်ဆိုင်ရှိ CCTVသုံးသည့် ပလပ်ခုံအပူလွန်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း(၃၀)ကျော်ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မတ် (၂) ရက်၊ နံနက် (၃)နာရီအချိန်က ယုဇနရပ်ကွက်ရှိ ဆိုင်ရှင် ဒေါ်မိမိခိုင် (M-13ကားအလှဆင်နှင့်ရေဆေးဆီလိုက် )  အဆောက်အအုံ အတွင်းရှိ CCTV သုံးသည့် ပလပ်ခုံအပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်း ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ကားအပိုပစည်းကူရှင် များသို့ ကူးစက်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး (၅၀×၁၅)ပေ၊ သွပ်မိုး၊ အုပ်ကာ၊ အုပ်ခင်း၊  အုပ်ညပ် (၁)ထပ် အဆောက်အအုံတစ်နှင့် ကားအပိုပစ္စည်းစုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် (၃,၆၀၀,၀၀၀ိ/)ခန့်ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေ(၄၅)ဦး၊  အရန်(၁၀)ဦး စုစုပေါင်း(၅၅)ဦး  မီးငြိမ်းသတ်ယာဉ် (၇) စီး၊ မီးသတ်ရေသယ်ယာဉ် (၁)ဦး စုစုပေါင်း (၈)စီးဖြင့် ထွက်ခွာခဲ့ရာ(၃)နာရီ (၅၅)မိနစ်အချိန်တွင် စတင်မီးထန် ခဲ့ရာ (၄)နာရီ (၁၀) မိနစ်ခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် ဆိုင်ရှင်ဒေါ်မိမိခိုင် (၄၆)နှစ် ကို မြစ်ကြီးနားမြို့၊ အမှတ်(၂)နယ်မြေရံစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။မြန်​မာ့အလင်း

No comments:

Post a Comment