Latest News

Friday, March 2, 2018

ဆိုင်ကယ်ခိုးယူထွက်ပြေးသူအား ၄၅မိနစ်အတွင်း ဖမ်းဆီးရမိ

ဆိုင်ကယ်ခိုးယူထွက်ပြေးသူအား ၄၅မိနစ်အတွင်း ဖမ်းဆီးရမိ

မိုးကောင်း    မတ် ၂

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မတ်၂ရက် နံနက်၁၁နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာလာရောက်မေးမြန်းသူ၏ မော်တော်ဆိုင်ကယ် ခိုးယူထွက်ပြေးသွားသူအား နယ်ထိန်းတပ်ဖွဲ့ဝင် များက ၄၅မိနစ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် အလယ်ရေရှင်ကျေးရွာနေ ဒေါ်သိန်းမေ (၂၇)သည် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာမေးမြန်းရန် လာရောက်စဉ် စီးနင်းလာသည့် KENBO-125 မော်တော်ဆိုင်ကယ်အား ဆေးရုံရှေ့ဆင်ဝင်အောက်တွင် ရပ်နားထားခဲ့ရာမှ ပျောက်ဆုံး သွားခြင်းကြောင့် မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်ထိန်းတပ်ဖွဲ့ ဝင်များမှ လိုက်လံရှာဖွေရာ ဆိုင်ကယ်ခိုးယူသူ မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကံလှရပ်ကွက်နေ ရွှင်လတ်ဦး(၂၈)နှစ်ထံမှ ပြန်လည်သိမ်းဆည်း ကာ ပိုင်ရှင်ထံသို့ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှင်လတ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment