Latest News

Friday, March 2, 2018

ဆိုင်ကယ်တိမ်းရှောင်ရာမှ ဆီးဘောက်ဆာယာဉ်တိမ်းမှောက်မှုဖြစ်

ဆိုင်ကယ်တိမ်းရှောင်ရာမှ ဆီးဘောက်ဆာယာဉ်တိမ်းမှောက်မှုဖြစ်

ညောင်လေးပင်  မတ်  ၂

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအနီးတွင် မတ် ၂ ရက် နံနက် ၇ နာရီခွဲခန့်က ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ တိမ်းမှောက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကြီးသို့ အောက်တိန်းဆီ တင်ဆောင်လာသည့် ယာဉ်မောင်း ဇော်ဦး (၂၈ )နှစ် မောင်းနှင်ပြီး ယာဉ်အကူ ဝေဖြိုးအောင် လိုက်ပါလာသော ဆီဘောက်ဆာယာဉ်အမှတ် YGN/---------(၈)ဘီး FUSO  အဖြူရောင် ဆီဘောက်ဆာယာဉ်သည် ရန်ကုန် မန္တလေးလမ်း မိုင်တိုင်အမှတ် ၁၀၅/၇နှင့် ၁၀၆ ကြားအရောက် တော်ဝိကျေးရွာအနီးတွင် မျက်နှာချင်းဆိုင်မှလာသော ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ယာဘက် လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။

ဆီဘောက်ဆာယာဉ်တိမ်းမှောက်ရာသို့ အန္တရာယ်ကင်းရှင်းစေရေး အတွက် ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် မီးသတ်စခန်းမှူး လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇေယျာမင်း ဦးဆောင်၍ စောင့်ကြပ်ကူညီလျက်ရှိပြီး ပိန်းဇလုပ်နယ်မြေရဲစခန်းက ယာဉ်မောင်း ဇော်ဦးအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ခင်အောင်လှိုင်(ညောင်လေးပင်)

No comments:

Post a Comment