ရတနာပုံတက္ကသိုလ်တွင် Buddha’s Teachingသင်တန်းဖွင့်
မန္တလေး မတ် ၁
ရတနာပုံတက္ကသိုလ် ဗုဒ္ဓဘာသာအသင်း က ကြီးမှူးကျင်းပသည့် Buddha’s Teaching သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ရတနာပုံတက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပသည်။
ဟောပြော
အခမ်းအနားကို ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ (အောက်စ်ဖို့ဒ် ဆရာတော်)နှင့် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ နံနက်ပိုင်းတွင် ပါမောက္ခဒေါက်တာ အရှင် ဓမ္မသာမိ (အောက်စ်ဖို့ဒ်ဆရာ တော်) က 'ဓမ္မစကြာထဲက စိတ်ခံစားမှု ကိုင်တွယ်နည်း'(Emotion Mana-gement in the Dhammacakra)ခေါင်းစဉ်ဖြင့် ဟောပြောပြီး သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။
ပြန်လည်ဆွေးနွေး
မွန်းလွဲ ၁ နာရီတွင် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ က 'နောက်လိုက်ကောင်း စွမ်းရည်သတ္တိ များ' ခေါင်းစဉ်ဖြင့် ဟောပြောပြီး နာယူ ကြည်ညိုကြသော ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်း များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ သည်။
ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ (အောက်စ်ဖို့ဒ်ဆရာတော်) က ''လူငယ် များက ဗဟုသုတရှာဖွေနေတဲ့အချိန်၊ စူးစမ်းလေ့လာနေတဲ့အချိန်၊ သူတို့ကိုယ် သူတို့ တည်ဆောက်နေတဲ့အချိန်မှာ ဗုဒ္ဓ တရားတော်တွေက လိုအပ်နေတယ်၊ အနာဂတ်မှာ အများအကျိုးဆောင်ရွက် တဲ့နေရာမှာ ဗုဒ္ဓတရားတွေ၊ အဆုံးအမ တွေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ယခုလို လာရောက်ဟောပြောပေးတာပါ'' ဟု ပြောသည်။
တက်ရောက်
အဆိုပါသင်တန်းကို ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ (အောက်စ် ဖို့ဒ်ဆရာတော်)၊ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒနှင့် ငါးကျမ်း ပြန် ဆရာတော် ဒေါက်တာဓမ္မပီယ (Ph.D.USA) အစရှိသည့် ဆရာတော် ကြီးများက ဇန်နဝါရီလ ၂၆၊ ၂၇ ရက်တို့တွင် သင်ကြားပို့ချခဲ့ပြီး ဆရာ ဆရာမ၊ သင်တန်းသား သင်တန်းသူ ၁၅ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။ တင်မောင် (မန်းကိုယ်ပွား)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment