Latest News

Thursday, March 1, 2018

ဗန်းမောက်မြို့နယ်တွင်ယာဉ်တစ်စီးတိမ်းမှောက်ရာအမျိုးသား တစ်ဦးသေဆုံး

ဗန်းမောက်မြို့နယ်တွင်ယာဉ်တစ်စီးတိမ်းမှောက်ရာအမျိုးသား
တစ်ဦးသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ကံရွာနှင့်အလယ်ရွာကြားတွင်ယာဉ်တစ်စီးတိမ်းမှောက်ရာတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်  ၁  ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင်ကံရွာအနီး ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်းသတင်းအရဗန်းမောက်မြို့မရဲစခန်းမှရဲအုပ် အေးမြင့် ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာယာဉ်မောင်းမြင့်ဋ္ဌေးဆိုသူမောင်းနှင်ပြီးမျိုးလွင်နှင့်ချစ်ဦးတို့လိုက်ပါလာသောMDY3P/-----တုံဖုန်းအမျိုးအစားယာဉ်မှာစပါးအိတ်အလုံး(၁၅၀)တင်ဆောင်၍မံစီကျေးရွာဘက်မှဗန်းမောက်မြို့သို့မောင်းနှင်လာစဉ်မိုင်တိုင်အမှတ် 85/KMအရောက် တွင်၎င်းယာဉ်သည်အရှိန်လွန်ကာတိမ်းမှောက်သွားသဖြင့်ယာဉ်နောက်တွင် စပါးအိတ်များနှင့်အတူလိုက်ပါလာသော အင်းတော်မြို့နယ်၊နံ့သာ ကျေးရွာနေ ချစ်ဦးဆိုသူမှာရရှိသောဒါဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီယာဉ်မောင်းထွက်ပြေးနေသဖြင့်ရဲအုပ်အေးမြင့်နှင့်အဖွဲ့မှ လိုက်လံစုံစမ်းရာအဆိုပါယာဉ်မောင်းမှာအင်းတော်မြို့နယ်၊ နံ့သာကျေးရွာနေမြင့်ဋ္ဌေးဆိုသူဖြစ်ကြောင်းစုံစမ်းသိရှိရသဖြင့်ယာဉ်အားပေါ့ဆစွာမောင်းနှင်သူမြင့်ဋ္ဌေးအားဗန်းမောက်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်းရဲအုပ် အေးမြင့် မှပြောပြသိရှိရသည်။လူအောင်(ကသာ)

No comments:

Post a Comment