ထမ်းဆမ်းလိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား
ဟိုပုံး မတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ် ထမ်းဆမ်းလိုဏ်ဂူတော်၌ တပေါင်းပွဲတော်နှင့် တောင်သူလယ် သမားနေ့အပါအဝင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ရှည် လေးရက်ရသော ကြောင့် အပန်းဖြေခရီးထွက်သူများ၊ ဒေသ္တရဗဟုသုတရှာမှီးရန် ခရီး ထွက်သူများ၊ မိဘထံနှင့် မိသားစု နေရပ်ပြန်သူများ၊ ရပ်ဝေးရပ်နီးမှ ဘုရားဖူးသူများ အများအပြား လာရောက်လည်ပတ်လျက်ရှိကြောင်း တွေ့ရသည်။
ဓမ္မမိတ်ဆွေများကလည်း လိုဏ်ဂူ တော် အတွင်းအပြင်လေ့လာ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဟိုပုံးကိုရင်လေး ရှင်ပေါရိဿကိုလည်း ကြည်ညိုသဒ္ဓါပွားများကာ ဝတ္ထုငွေ များဖြင့် ကပ်လှူပူဇော်ကြသည်ကို တွေ့ရှိရသည်။
ဒေသခံ တိုင်းရင်းသားတစ်ဦးက ''ကျွန်တော်တို့ အခုလို တပေါင်းလပြည့် နေ့မှာ ထမ်းဆမ်းလိုဏ်ဂူတော်ကို လာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် များစွာ ဝမ်းမြောက်ပီတိဖြစ်မိပါတယ်''၊ ရန်ကုန်မြို့မှ ဘုရားဖူးတစ်ဦးကလည်း ''ရှမ်းပြည်နယ်ကိုရောက်တာ ပထမ ဦးဆုံးပါပဲ။ ရောက်တုန်းရောက်ခိုက် ရှိတဲ့ တန်ခိုးကြီးဘုရားတွေကို ဖူးမြော် ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါ တယ်''၊ မ္တလေးမှ ကျောင်းသူလေး တစ်ဦးကလည်း ''သမီးက ကျောင်းပိတ် လို့ ရှမ်းပြည်နယ်ကိုလည်း မရောက်ဖူးလို့ လိုက်လာပြီး ဘုရားဖူးတာဖြစ်ပါတယ်။ အခုလို ဘုရားဖူးရင်း ခရီးတွေထွက်ရတာ ပျော်ပါတယ်''ဟု ရင်ဖွင့်စကားပြော ကြားသွားကြောင်း သိရသည်။
ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူ တော်၌ ဘုရားဖူးဧည့်သည်များသည် ယခင်နေ့ကထက် ပိုမိုစည်ကားလျက် ရှိပြီး ရုံးပိတ်ရက်ကာလ လေးရက်ဖြစ် သောကြောင့် ရပ်ဝေးမှ အစိုးရဝန်ထမ်း ဧည့်သည်များ၊ ဒေသခံတိုင်းရင်းသား များ ပိုမိုလာရောက်လျက်ရှိကြောင်း သိရှိရသည်။ နန်းဦးခမ်း(ဟိုပုံး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment