Latest News

Monday, March 26, 2018

မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ်ကျောက်​ မျက်​ရတနာပြပွဲကျင်းပ

မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ်ကျောက်​ မျက်​ရတနာပြပွဲကျင်းပ

မြစ်ကြီးနား၊ မတ် ၂၆

ကချင်ပြည်နယ်၏ ပထမဆုံးအကြိမ် C/D အဆင့်ကျောက်စိမ်းအရိုင်းတုံးနှင့် အချောထည်ပြပွဲကိုမြစ်ကြီးနားမြို့ စက်မှုရပ်ကွက်မှာရှိ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာရုံး၌မတ်လ (၂၆) ရက်နေ့က ဖွင့်လှစ်၍ မတ်(၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ပေါင်း (၃၀၀၀)ခန့် ပြသသွားမည်ဖြစ်ပြီး ပြပွဲသို့ တက်ရောက်မယ့် သူများအနေဖြင့် ဝင်ခွင့်ကဒ်များကို လုပ်ဆောင်ဖို့ လိုအပ်မည်ဖြစ် ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ သိရသည်။

အဆိုပါ ပထမအကြိမ် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ရခြင်းသည် ပြည်နယ်အတွင်းရှိ ပြည်သူလူထုများ မိမိနေရာ၌ အလုပ်အကိုင်ရရှိရေး၊ ကျောက်မျက်ရတနာများ ပြည်ပသို့ တရားမဝင် ရောင်းဝယ်မှု ပပျောက်စေရေး၊ ကချင်ပြည်နယ်သူ ပြည်နယ်သားများ ကြွယ်ဝချမ်းသာဖွံ့ဖြိုးးရေး၊ ပြည်နယ်နှင့် နိုင်ငံတော်အခွန်ရရှိရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မြစ်ကြီနား) ဥက္ကဌ ဦးဇေလွမ်းက ပြောသည်။

ယခုပြပွဲမှာ ကျပ်ငွေဖြင့်သာ ရောင်းချသွားမည်ဖြစ်တဲ့အတွက်  ပြည်ပကုန်သည်များအနေနဲ့ C/D အဆင့် ဖြတ်သားများကို ဝယ်ယူခွင့်ရမည်မဟုတ်ဘဲ အချောထည်များကိုသာ ဝယ်ယူနိုင်မည်ဖြစ် ကြောင်းသိရသည်။

ကျောက်အတွဲများ ဝယ်ယူနိုင်ရန် အာမခံစပေါ်ငွေကို မြစ်ကြီးနားမြို့ရှိ AGDဘဏ်ခွဲ နှင့် Irrawaddy ဘဏ်ခွဲတို့ မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းအမှတ်များသို့ ပေးသွင်းရမည်ဖြစ်သည်။

ဦးမင်းမင်းဦး

No comments:

Post a Comment